Tuesday, 9 December 2008

ထိုင်းနိုင်ငံရှိ ရာဘာခြံမှ မြန်မာလုပ်သားများ နေရပ်သို့ ပြန်ကြပြီ


Mon 08 Dec 2008,
ဟွန်းဟကောင်း၊ ကျလွန်းထော

အောက်တိုဘာလဆန်းပိုင်းမှစပြီးရာဘာဈေးနှုန်းမှာထိုးကျသွားခဲ့ပြီးယခုတိုင်အဆက်မပြတ်ဆက်လက်ကျဆင်းနေသောကြောင့်
ထိုင်းနိုင်ငံမှရာဘာခြံအလုပ်သမားများသည်အချို့မှာမိမိတို့၏နေရပ်သို့ပြန်လည်ထွက်ခွာသွားကြပြီဟုထိုင်းနိုင်ငံတောင်ပိုင်း
ဖန်ငါခရိုင် ထိုင်း မင်းမြို့ နယ်တွင် ၁၂နှစ်ကျော်ရာဘာလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသောမင်းစိုက်မွန် က ပြောသည်။


"ကျွန်တော်တို့ခြစ်လို့ရတာကအခုရာဘာဈေးနဲ့ဆိုရင်တစ်ဝမ်းစာလောက်ဘဲရတော့မယ်၊ဘာဖြစ်လို့လဲဆိုတော့အခုဆိုရင်
ရာဘာဈေးက တစ်ပေါင်ကို ၂၂ဘတ်လောက်ပဲ ကျန်တော့ တယ်၊ မနေ့ကတောင် ၂၇ဘတ်ကနေဘတ်၃၀လောက်ထိ ကျန်သေးတယ်"ဟု ၎င်းကပြော သည်။ စူရတ်ဌာနီမှရာဘာခြစ်တဲ့မွန်လုပ်သားတစ်ဦးကလည်းရာဘာခြစ်သည့်လုပ်သားများ အယောက် (၄၀-၅၀)ခန့်သည်၎င်းတို့၏သက်ဆိုင်ရာဒေသအသီးသီးသို့ပြန်သွားကြသည်ဟုပြောသည်။ယခုရာဘာဈေးမှာတစ်ပေါင်လျင်၂၆ဘတ်သာရှိနေကြောင်း၊ လွန်ခဲ့သောသုံးလေးလတွင်ရာဘာဈေးကောင်းနေသည့်အတွက်မိဘထံသို့ငွေများပို့ပေးနိုင်ကြောင်းရာဘာဈေးကျဆင်းပြီးနောက်ပိုင်းတွင် ငွေများပို့မပေးနိုင်သည့်အပြင်လက်ရှိစားသောက်နိုင်ရန်အတွက်ပါအခက်အခဲများဖြစ်နေရကြောင်းနှင့်အချို့မှာလမ်းစရိတ်ရှာပြီး
မိမိဒေသသို့ပြန်ရန်ကြိုးစားနေကြကြောင်း ပြောသည်။


''ရာဘာဈေးကအရမ်းကျနေတယ်၊ကျွန်တော်တို့နေရာကလည်းမိုးတွေအရမ်းရွာနေတော့နားရက်ကပဲများနေတယ်၊
အခုဒီနေရာမှာ အလုပ်သမားတွေတောင် မရှိတော့ဘူးပြန်ကုန်ကြ ပြီ၊ ၊ နှစ်ယောက် သုံးရောက်ပဲကျန်တော့တယ်၊ ဒီခရစ်စမတ်ကျရင် တစ်ကီလိုကို(၁၀-၁၅) ဘတ်အထိ ရာဘာဈေးကထပ်ကျနိုင်တယ်တဲ့ သူဌေးက ပြောထားတယ်၊ ကျွန်တော်လဲလမ်း စရိတ်စုနေတယ်၊လမ်းစရိတ်ရရင်တော့ ရွာကိုဘဲ ပြန်တော့မယ်'' ဟု ၄င်းအလုပ်သမားကဆက်ပြောပြသည်။


မင်းစိုက်မွန်၏ ပြောပြချက်အရ "ရာဘာဈေးက ရုတ်တရက် ထိုးကျသွားတယ်ဆိုတော့ ဘယ် လိုမှကြိုတင်ပြင်ဆင်ဖို့ အချိန်မရလိုက်ဘူး၊ ကြိုသိထားရင် အကောင်းသား ကိုယ့်ဆီမှာရှိသမျှရာဘာပြားတွေကိုရောင်းထုတ်လိုက်ရအောင်၊ အခုက ဘယ်လိုမှအချိန်မရလိုက်ဘူး၊ ကျွန်တော်တို့ကလူလွတ်တွေဆိုတော့ တော်သေးတာပေါ့ တချို့အိမ်ထောင်သည်တွေဆိုရင် မိသားစုအလိုက်လာလုပ်တဲ့အခါကြတော့ အခုပြန်ဖို့က လမ်းစရိတ်ကို ရွာကအိမ်ကနေတောင် မှာယူ ရတယ်"ဟုဆိုသည်။


၎င်းကဆက်ပြောသည်မှာ "ကျွန်တော်လည်း ပိုက်ဆံနည်းနည်းလောက် စုမိရင် ရွာကိုပဲပြန် တော့မယ်၊ကိုယ့်အမိမြေရဲ့ မြေကိုလဲနင်းချင်လာပြီလေ၊ ရွာမပြန်ရတာလဲကြာပြီဆိုတော့၊ ရွာမှာလုပ်စားရင်လဲအခုရာဘာဈေးနဲ့ဆိုရင် ရွာမှာလဲ အဲဒီလောက်ငွေက ရှာလို့ ရနိုင်ပါတယ်၊ ရွာမှာဆိုရင်ကိုယ့်မိဘဆွေမျိုးတွေနဲ့လဲ အတူတူနေခွင့်ရတယ်၊ ဘုရားကျောင်း ကန်လဲ ကြိုက် တဲ့အချိန်သွားလို့ရတယ်" ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ရာဘာအစေးခြစ်လုပ်ငန်းသည် တွင်တွင်ကျယ်ကျယ် ရှိခဲ့သည့်အလျောက် အချို့သောသူများမှာ တဆင့်စကားတဆင့်ကြားပြီး အများနည်းတူ လာရောက်လုပ်ကိုင်လို သောကြောင့် အချို့မှာ အိမ်၊ ခြံပေါင်ပြီးလာရောက်လုပ်ကိုင် ကြသည်များလည်းရှိသည်။ မကြာ သေးမီကမှ ရောက်ရှိလာသောသူများအတွက် ဤကဲ့သို့ အဖြစ်မျိုးနှင့် ထိပ်တိုက်ဆုံတွေ့ လိုက် ရသောအခါ အိမ်မှပိုက်ဆံလှမ်းမှာပြီးချက်ချင်းလှည့်ပြန်ချင်သော်လည်း မိမိတို့လာစဉ်တုန်းက အိမ်မှယူဆောင်လာသောအကြွေးများပင် ကျေအောင်မဆပ်နိုင် သေးသောကြောင့် ပြန်ရန်လမ်းပျောက်နေကြသည်များလည်း ရှိသည်။ Source: http://www.monnews-imna.com/burmese


No comments :