Wednesday, 3 December 2008

မြန်မာနိုင်ငံ ရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အခြေအနေ


-မြတ်စိုး-

မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဟာ ဒီနှစ်မှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့်ရှိတယ်လို့ ပြည်တွင်း အပတ်စဉ်ထုတ် 7-Day News journal စာစောင် မှာဖော်ပြထားပါတယ်။ ဒီရင်းနှီမြုပ်နှံမှုဟာ စီမံကိန်းပေါင်း ၄၂၂ ခု အပေါ် မှာ နိုင်ငံပေါင်း ၂၉ နိုင်ငံ က ရင်းနှီးမြုပ်နှံခဲ့ ကြတာလို့ သိရတယ်။

ထိုင်းနိုင်ငံ၏ ရင်းနှီမြုပ်နှံမှုဟာ ၇ ဘီလီယံ နှင့် ပထမနေရာမှာရပ်တည်နေပြီး၊ ဗြိတိန်၊စင်္ကာပူ ၁ဘီလီယံ စီနဲ့ နောက်က လိုက်နေပါတယ် လို့ မြန်မာစစ်အုပ်စု၏ ကုန်သွယ်မှုလုပ်ငန်းနှင့် စက်မှုလုပ်ငန်း ဆိုင်ရာဝန်ကြီး ဌာနတွေ က ကြေညာသွားပါတယ်။ လျှပ်စစ်စွမ်းအင်ဆိုင်ရာစီမံကိန်းတွေမှာ ၆ ဘီလီယံ၊ ရေနံနှင့်သဘာဝလုပ်ငန်းဆိုင်ရာ စီမံကိန်းတွေမှာ ၂ ဘီလီယံကျော် ရှိခဲ့ပေမဲ့၊ အဓိကကျသော ကုန်ထုတ်လုပ်ရေး၊သထ္ထုတွင်း နှင့် အိမ်ယာမြေဖွံ့ဖြိုးရေးလုပ်ငန်း၊ ဟော်တယ် နှင့် နိုင်ငံခြားသား ခရီးသွား လာရေးလုပ်ငန်းတွေမှာ ဒေါ်လာ ၁ ဘီလီယံ၊ ငါးလုပ်ငန်း၊တရိစ္ဆာန်မွေးမြူရေးလုပ်ငန်း၊သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဟော်တယ် နှင့် နိုင်ငံခြားသား ခရီးသွားလာရေးလုပ်ငန်းတွေမှာ ဒေါ်လာ ၁ ဘီလီယံ၊ ငါးလုပ်ငန်း၊ တရိစ္ဆာန်မွေးမြူရေးလုပ်ငန်း၊ နှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ဒေါ်လာ ၃၀၀ မီလီယံ၊ စက်မှုဆိုင်ရာလုပ်ငန်း မှာ ဒေါ်လာ၁၀၀ မီလီယံ၊ ဆောက်လုပ်ရေး နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဒေါ်လာ ၃၀ မီလီယံ ရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ ပါတယ်။

ပြည်တွင်း မှ ကုမ္ပဏီ များဟာ ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာလုပ်ငန်း၊ အိမ်ယာမြေဖွံ့ဖြိုးရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ သထ္ထုတူး ဖော်ရေးလုပ်ငန်း၊ လျှပ်စစ်စွမ်းအင်ဆိုင်ရာလုပ်ငန်း၊ ဟော်တယ် နှင့် နိုင်ငံခြားသား ခရီးသွားလာရေး လုပ်ငန်း၊ ငါးလုပ်ငန်း၊ တရိစ္ဆာန်မွေးမြူရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ရှိခဲ့ ပြီး၊ ရင်းနှီးမြုပ်နှံမှု ၁၁ နေရာ မှာ မြန်မာငွေ ၁၃၆.၅ ဘီလီယံ(ဒေါ်လာ ၁၁၃.၇ မီလီယံ) ရှိခဲ့တယ်လို့လည်း ဖော်ပြ ထားပါတယ်။

ဒီရင်နှီးမြုပ်နှံ တွေမှာ အကြမ်းအားဖြင့် ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းတွေမှာ ဒေါ်လာ ၃၃ မီလီယံ၊ အိမ်ယာမြေဖွံ့ဖြိုးရေး လုပ်ငန်း မှာ ဒေါ်လာ ၂၅ မီလီယံ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ၁၆.၆ မီလီယံ၊ ရှိခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဘယ်လောက်ရှိတယ်ဆိုတာ စစ်အုပ်စုက လေ့လာစမ်းစစ် သုတေသနပြုထား တဲ့ ကိန်းဂဏန်းအချက်အလက်တွေပါ။ ဒါပေမဲ့ သန်းရွှေ သင်္ချိင်းကုန်း ကြပ်ပြေးနေပြည်တော် တည်ဆောက် ရေးအတွက် ဘယ်လောက်သုံးစွဲရင်းနှီးမြုပ်နှံတာကိုတော့ ထည့်သွင်းမထားဘူး။ ဆိုလိုတာက ရောင်းချထားတဲ့ တိုင်းပြည်ရဲ့ သံယာဇာတ အရင်းအမြစ်၊ တနည်းအားဖြင့် တိုင်းပြည်၏၀င်ငွေ၊ ကို ဘယ်လိုသုံးစွဲတယ် ဆိုတာ ဖော်ပြမထားပါဘူး။ တိုင်းပြည်၏ အခြေခံ အဆောက်အအုံး ဖွံ့ဖြိုးမှုဆိုင်ရာ နဲ့ဆိုင်တဲ့ ကျန်းမာရေး၊ပညာရေး၊ လူမှုထောက်ပံ့ရေး၊ ဘဏ္ဍာရေးစံနစ်၊ စွမ်းအင်လုပ်ငန်း၊ အဝေးပြေးလမ်းမသစ် အပါအ၀င် သယ်ယူပို့ဆောင်ရေး လုပ်ငန်း တွေမှာ တိုင်းပြည်၏၀င်ငွေ ကို ဘယ်လောက် သုံးစွဲတယ် ၊ ဘယ်လောက်ရင်နှီးမြုပ်နှံမှု ပြုထားတယ် ဆိုတာ ကိုတော့ ကိန်းဂဏန်း အချက် အလက် အတိအကျ မဖော်ပြကြပါဘူး။ နိုင်ငံခြား က စီးပွားရေးအရ အကျိုးအမြတ်မရှိဘဲ ရင်းနှီး မြုပ်နှံမှု လုပ်မှာမဟုတ်ပါဘူး။ ရင်းနှီးမြုပ်နှံမှု နောက်ကွယ်မှာ တိုင်းပြည်က ဘယ်လောက် ပြန်ပေးရမယ် ဆိုတာ ပါရှိတယ်။ သန်းရွှေ သင်္ချိင်းကုန်း ကြပ်ပြေးနေပြည်တော် တည်ဆောက်နေသလို နိုင်ငံခြားကုမ္ပဏီတွေ က အကျိုးမရှိဘဲ ရင်းနှီး မြုပ်နှံမှု အလဟသ သုံးစွဲမှာမဟုတ်ပါဘူး။ စစ်အုပ်စုက နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကို တိုင်းပြည်ရဲ့ ရင်းနှီးမြုပ်နှံမှု လိုလို ရောင်ကြည်တော်နဲ့ ရောလွှတ်ပြီး သတင်းစာတွေမှာ ၀ါဒဖြန့်ချီနေတာဟာ ပြည်သူကို လိမ်လည်နေခြင်းပါလို့ ။ ဘယ်လိုဘဲ ဖြစ်ဖြစ် လေ့လာနိုင်အောင်ဖော်ပြလိုက်ပါသည်။




Rest of your post

No comments :