Thursday, 4 December 2008

ဇင်ဘာဘွေ မှာ တင်းမာနေတဲ့ နိုင်ငံရေးအခြေအနေ













ဖောင်းပွနေသော ဇင်ဘာဘွေ ငွေစက္ကူ

With prices rising even more than once a day,
shopping is a mathematical proficiency test for Zimbabweans.




-မြတ်စိုး-

ဇင်ဘာဘွေနိုင်ငံ မြို့ တော် ဟယ်ရာရေ ရှိ ဘဏ်တွေ နဲ့ လူနေထူထပ်တဲ့ နေရာတွေမှာ ဇင်ဘာဘွေ
စစ်သားတွေ နှင့် သံချပ်ကာ ကားတွေ ဟာ ကင်းလှည့် နေကြပါတယ်။ ယခင်က တနေ့ ကို ဇင်ဘာဘွေဒေါ်လာ ၅ သိန်း (အမေရိကန်ဒေါ်လာ ၂၅ ဆင့်) သာ ထုတ်ယူနိုင်တယ်လို့ သတ်မှတ်ထားခဲ့တယ်။ ဒီ ဇင်ဘာဘွေ ဒေါ်လာ ၅ သိန်း ဟာ ပေါင်မုန့် တကွာတာသာဝယ်ယူနိုင်တယ်။ ဒါပေမဲ့ ပြီးခဲ့ တဲ့အပတ်က ဇင်ဘာဘွေ ဗဟိုဘဏ် က တပတ်လျှင် ဇင်ဘာဘွေ ဒေါ်လာ ၁၀၀ မီလီယံ (အမေရိကန်ဒေါ်လာ ၅၀ ) တိုးမြှင့်ပြီး သတ်မှတ်ထားခဲ့လို့ လူ အမြောက်အမြား မိမိတို့ငွေတွေကို ဘဏ်တွေကနေ အလုအယက် ပြန်လည် ထုတ်ယူ နေကြပါတယ်။ စစ်သားတွေဟာ ဘဏ်မှာ တန်းစီနေတဲ့ လူအုပ်ကြီးနားမှာ လှည့်လည်စောင့် ကြပ်နေကြပြီး၊ ငွေထုတ်ယူမှု သတ်မှတ်ထားမှုပေါ် ဆန္ဒပြဖို့ စီစဉ်နေကြတဲ့ အသင်းအဖွဲ့ တွေ ကို လိုက်လံဖမ်းဆီမှု တွေရှိနေကြတယ်။ ငွေကြေးဖောင်းပွမှု လက်ရှိ ၂၃၁ မီလီယံ ရာခိုင်နှုန်း ရှိတဲ့ ဇင်ဘာဘွေနိုင်ငံမှာ ကာလ၀မ်းရောဂါတွေ နေရာအနှံ့ အပြားရှိနေတာကြောင့် လူပေါင်း ၅၆၅ ယောက် ထက်မနည်း သေဆုံးခဲ့ ပြီး၊ ၁၁,၀၀၀ ယောက် ဖျားနှာမှုဝေဒနာတွေ အပြင်း အထန် ခံစားနေကြရတယ်။ တချို့ ဇင်ဘာဘွေ ပြည်သူတွေ ဟာ ကာလ ၀မ်းရောဂါ ကြောင့် တိုင်းပြည် ကိုစွန့်ခွာထွက်ပြေးနေကြတယ်။ ဇင်ဘာဘွေ မှာ ကာလ၀မ်းရောဂါ ကို နိုင်ငံတော်၏ အရေးပေါ်အခြေအနေ အဖြစ် အစိုးရက တရားဝင်ကြေညာခဲ့ပါတယ်။

လွန်ခဲ့ တဲ့ ၃ ရက် က နေရာ တော်တော်များများမှာလည်း၊ လခ ထုတ်၍မရတဲ့ စစ်သားများ ဟာ အရပ်သားတွေ၊ တရားမ၀င်နိုင်ငံခြားငွေလဲလှယ်နေသူတွေ နဲ့ထိပ်တိုက် ခိုက်ရန်ဖြစ်ပွားမှု တွေရှိခဲ့ ပြီး၊ ဈေးဆိုင်တွေ၊ဘဏ်တွေ ကိုလုယက်ဖျက်စီး မှုတွေရှိခဲ့ကြောင်းလည်း သိရပါတယ်။



ဈေးဆိုင်တွေ၊ဘဏ်တွေ ကို လုယက်တိုက်ခိုက် ခံနေရခြင်း

Source:
( CNN WorldNews )

Rest of your post

No comments :