သဘောတူညီချက်အရ ရခိုင်ပြည်နယ်ရွေ သဘာဝဓါတ်ငွေ့ က ထွက်တဲ့ သဘာဝဓါတ်ငွေ့ တွေကို ပိုက်လိုင်းနဲ့  မြန်မာ ပြည်ကနေဖြတ်သယ်ဖို့ နစ် ၃၀ စာချုပ်ကို ချုပ်ဆိုလိုက် တယ်။ ဒါဟာ အလွန် ညာဏ်အမြော်အမြင်နည်းပါးပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားကိုလျစ်လျူရှု့ တဲ့ လုပ်ရပ်ဖြစ်တယ်။ ရွေသဘာဝဓါတ်ငွေ့လုပ်ကွက် အမှတ် ၁ တခုထည်းကနေ ထွက်မဲ့ သဘာဝဓါတ်ငွေ့ ဟာ ၆ ကုဗထရီလံ ပေ ရှိပါတယ်။ ဒီပမာဏ ဟာ တပြည်လုံးကို နစ်ပေါင်း ၆၀ နီးပါး လျှပ်စစ်မီးပေးနိင်တဲ့ ပမာဏ ဖြစ်ပါတယ်။ ရွေဖြူသဘာဝ ဓါတ်ငွေ့လုပ်ကွက်က ၁၀ ထရီလီယံ ကုဗပေအထိရှိနေပါတယ်။ ရေနံကတော့ စည်ပေါင်း ၃ဒသမ ၂ ဘီလံ ယံ ထုတ်လုပ်နိင်တဲ့ အနေထားမှာရှိနေပါတယ်။
စစ်အစိုးရက သဘ၀အရင်းအမြစ်တွေကိုရောင်းစားပြီး ကိုယ်ကျိုးကြည့် နေတဲ့လုပ်ရပ်တွေကြောင့် တတိုင်းပြည်လုံးဟာ ဆင်းရဲ မွဲ ပြာကြပြီး အမှောင်အတိကိုရောက်နေတာတော့ရင်နာစရာကောင်းလှပါတယ်။ မီးမလာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေဟ ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီ။ ဆေးရုံတွေမှာအခက်ခဲဖြစ်နေတယ်။ မီးမလာတဲ့အတွက် လူမှုရေးနဲ့ ပညာရေးလုပ်ငန်းတွေဟာ အသက်ကင်းမဲ့နေသလို ဖြစ်နေကြရပါပြီ။

ဗမာ ပြည်မှာ မီးမလာတာ မီးစက်တွေ ပျက်လို့ မဟုတ်ပါဘူး ဗိုလ်ချုပ်တွေ ခေါင်းထဲမှာ ပညာ ဆိုတဲ့အလင်း မရှိလို့ ပဲ ။
(မိုးသီးဇွန် )
Rest of your post
4 comments :
ဆောင်းပါးကကောင်းပါတယ်။ ၂၄-၁၂-၀၈ ညက ဘီဘီစီ မှာ ဒီအကြောင်းဆွေးနွေးကြတာနားထောင်းရတယ်။ သိပ်အားမရပါ။
တင့်ဆွေ
မှန်လိုက်လေ ကိုမိုးသီး...
all BBC interviews with most of the refugees have always been jokes...
ဦတင့်ဆွေ ခင်ဗျား
အားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။
Post a Comment