ဒီနေ့ ကမ္ဘာအချမ်းသာဆုံးလို့ သတ်မှတ်ခံရသူကတော့ ၀ါရန့်  ဘူဖေး Warren Buffett) ဖြစ်ပါတယ်။ သူက ၆၂ ဘီလီယံ ချမ်းသာ တယ်။ တနစ်ကို ၁၀ ဘီလီယံလောက် တိုးပွားနေတယ်။ မက်ဆီ ကိုနိင်ငံသား တယ်လီဖုန်း လုပ်ငန်းရှင်ကြီး ဖြစ်တဲ့ ကာလို ဆလင်း ဟာလူ ( Carlos Slim Helu) က ဒုတိယအချမ်းသာဆုံးပုဂိုလ်ဖြစ်ပါတယ်။ သူက ၆၀ ဘီလီယံလောက်ချမ်းသာပါတယ်။ တတိယချမ်းသာတဲ့ ဘီလ်ဂိတ်ကတော့ ၅၈ ဘီလီယံချမ်းသာ ပြီး တနစ်ကို နစ်ဘီလီယံ တိုးနေပါတယ်။
ချမ်းသာ တာဟာ ကို ကုသိုလ်။ မချမ်းသာတာဟာ အကုသိုလ်။ အထူးသဖြင့် ပိုက်ဆံချမ်းသာအောင်လုပ်ကြ။ ဘ၀မှာ ပိုက်ဆံချမ်းသားဖို့ အရေးကြီးဆုံး။ မြန်မာတိုင်းဟာ ပိုက်ဆံချမ်းသာအောင်လုပ်ရမယ်။တရားသဖြင့်ချမ်းသာတာဟာ သမာအာဇီဝ။သူတို့လုပ်သလို
တရားသဖြင့် ချမ်းသာအောင်လုပ်ဖို့ တော့လိုတယ်။
ဒါပေမဲ့  ပိုက်ဆံချမ်းသာအောင်လုပ်ဖို့ ကသိပ်ခက်တယ်။ စီးပွားရေးမှာ ပထမရွှေသေတ္တာ(First Barrel of Gold) ရဖို့ ကသိပ်ခက်ခဲလှတယ်လိုဆိုတယ်။ ပထမရွှေ သေတ္တာဆိုတာက ပထမဆုံး ဖြစ်လာတဲ့အရင်းအနှီးကိုခေါ်တာ။ သူကိုရလာရင်တော့ချမ်းသာဖို့ မခဲယဉ်းတော့ဘူး လို့ ဆိုတယ်။ သူတို့ဟာ မချမ်းသာခင်မှာ စိန်ခေါ်မှုတွေကိုရင်ဆိုင်လာကြရသူတွေဖြစ်တယ်။ သူတို့ ချမ်းသာရင် ငါဒို့ မြန်မာလူမျိုးတွေဘာလို့ မချမ်းသာနိင်ရမှာလည်း ။ ၂၀၀၉ မှာ ကြိုးစားကြပါစို့ ။
2 comments :
Next person is your childhood teacher.
YES....
Post a Comment