
ကမ္ဘာပတ်ဝန်းကျင်ထိမ်းသိန်းရေး အဖွဲ့ ချုပ်အဆိုအရ တရိစ္ဆာန်မျိုးကွဲ အသစ် ပေါင်း တထောင်ကျော် လောက် ကိုအရှေ့တောင်အာရှ မဟာ မဲခေါင်မြစ်ဝှမ်းဒေသ မှာ လွန်ခဲ့တဲ့၁၀နှစ် ခန့်ကထည်းက ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ တယ်လို့ ဆိုတယ်။ ဒီထဲမှာ မြွေ ပွေး မျိုးအသစ် ၂၂ မျိုး ကိုလည်းပါတယ်။

ထိုင်းနိင်ငံမှာရှိတဲ့ သိပ္ပပညာရှင်တွေကတော့ နဂါးကင်ချေများလို့ အမည်ပေးထားတဲ့ ကင်ချေများ အသစ်ကို ထပ်မံတွေ့ရှိတယ်။ သိပ္ပပညာရှင်တွေ ရဲ့အဆိုအရတော့ ဒီကင်းချေများရဲ့ တောက်ပတဲ့ အရောင်တွေက ရန်သူ ကိုအနားမကပ်နဲ့လို့ သတိပေးနေခြင်းဖြစ်တယ်လို့ ဆိုတယ်။ ဒီကင်းချေများက ပါတဲ့အစွယ်ကနေ အလွန်ပြင်း ထန်တဲ့အဆိပ်က ရန်သူကိုခုခံတဲ့နေရာမှာအသုံးပြုတယ်။

လာအို အစားသောက်ဈေးတခုမှလည်း ကျောက်ကြားကြွက် ကိုလည်း ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိ ခဲ့ပါ တယ်။ အရင်ကဒီလိုကြွက်မျိုး ကိုမတွေ့ဘူးကြဘူး။ ဒီအုပ်စုနွယ်ကြွက်မျိုး တခုဟာ လွန်ခဲ့တဲ့နှစ် ၁၁ သန်းက တည်း က မျိုးတုံးပျောက်ကွယ် ခဲ့ရပြီး ကြွက်မျိုးသား ရှားရှားပါးပါး ကျန်ရစ်နေပါတယ်။

အလွန်ကြီးမားပြီး အလွန်ရန်လိုတဲ့ ဟီတာရိပရိုဒါ ဒက်မာရာ ( Heteropoda Dagmarae) ပင်ကူကြီး ကို လာအို နိင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသမှာရှာဖွေတွေ့ရှိခဲ့တယ်။ ဒီပင်ကူကြီးက သစ်ပင်တွေ၊ ၀ါပင်းတွေ နဲ့ခြုံဖုတ် တွေမှာရှိတဲ့ နစ်မီတာကနေ လေးမီတာလောက်အကွာ မှာရှိတဲ့ သားကောင်းကို ကျွမ်းကျင်စွာ ဖမ်းယူ စားသောက် နိုင်တယ်။

သတ္တဗေဒအမည် ချာရိုမန်တစ် ဆမ်ကိုဆမ် လို့ အမည်ရှိတဲ့ သစ်ပင်ဖါး ကို ကမ္ဘောဒီယားနိင်ငံမှာ တွေ့ရှိ တယ်။ ဒီဖါးမှာ တကယ်ကို ထူးခြားတဲ့စရိုက်လက္ခဏာရှိနေတယ်။ တခြားအာရှက ဖါးတွေနဲ့ မတူဘူး။ သွေးရော အရိုးပါ မြစိမ်းရောင်ဖြစ် နေခြင်း ဖြစ်တယ်။

သိပ္ပံပညာရှင်တွေ နောက်ထပ်တွေ့ရှိတဲ့ သတ္တာဝါထဲမှာ ဂုဂို ဆိုင်ယင့်တာဗန်ချာ (the Gekko scientiadventura) လည်း ပါဝင်တယ်။ သိပ္ပံပညာရှင်တွေ မှတ်တမ်းမတင် နှိင်သေးတဲ့ သတ္တ၀ါတွေလည်း အများကြီး ရှိ သေးတယ် ဒီအကောင်တွေကို ကမ္ဘောဒီယား၊ လာအို၊မြန်မာ၊ ထိုင်း၊ဗီယက်နမ် ထိုင်းနဲ့  တရုပ်ပြည် ယူနန်ပြည်နယ် မှာ တွေ့ရှိ နိုင်သေးတယ်လို့ဆိုတယ်။
Rest of your post
1 comment :
Yahoo သတင်းဒီညနေတွေ့လိုက်လို့ ဖတ်မယ်လုပ်တော့ ကိုမိုးဆီမှာတင်ထားတာလေးတွ့ပြီး လာဖတ်ဖြစ်သွားပါတယ်ဗျာ။
Post a Comment