Thursday, 18 December 2008

ဘဂ္ဂဒက် မှ ဖိနပ်ပစ်သမား လွမ်းချင်း

သန်းကြွယ်သူဌေးဖြစ်လာမည့် ရှုးဖိနပ်ပိုင်ရှင်ကို အီရတ်တရားရုံးတော်၌ ရုံးထုတ်လာစဉ် တွေ့မြင်ရပုံ

-တီကေ-

သမ္မတ ဂျော့ဘုရှ်အား ဖိနပ်( ၂ ဖက်စလုံး) ဖြင့် ပေါက် ခဲ့သော အီရတ် သတင်းသမား အယ်လ်ဇိုင်ဒီ သည် အီရတ် ၀န်ကြီးချုပ် နူရီ အယ် မယ်လကီ ထံ အသနားခံစာ တင်သွင်း ခဲ့ပါသည်။ သူ၏ အပြုအမူ များသည် အလွန် ရုပ်ဆိုး လွန်းပါကြောင်း နှင့် ဖခင်တဦး စိတ်မျိုးထား၍ သူ၏ အပြစ်များ ကို ခွင့်လွတ် ပေးပါရန် အီရတ်ဝန်ကြီးချုပ် အား အသနားခံစာပို့ခဲ့ပါသည်။

အီရတ်ဝန်ကြီးချုပ်က မူ ထိုမျှ တောင်းပန်ခြင်းဖြင့်မလုံလောက်ဟု CNN သတင်းဌာန အားပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းကိစ္စ ကို လက်ရှိ၌ အီရတ်ဗဟိုတရားရုံး မှ တိုက်ရိုက် ကိုင်တွယ်နေပြီး အယ်လ်ဇိုင်ဒီအား စွဲဆိုမည့် ဖြစ်နိုင်ခြေ ပြစ်မှု မှာ နိုင်ငံခြား တိုင်းပြည် တပြည်၏ အဆင့်မြင့်ဆုံး ခေါင်းဆောင် တဦး အား စော်ကားခြင်း ဖြစ်ပါသည်။ ဖိနပ်ပစ်သမား ၏ အမှုအား ရှေ့အပတ်၌ စတင်၍ ကြားနာမည်ဟု သိရပါသည်။

ဖိနပ်ဖြင့် ပစ်ပေါက်အပြီး သူအား လုံခြုံရေး များက ၀ိုင်းဝန်း၍ ကြမ်းပြင်ပေါ် ၌ ဖိထားစဉ်ပင် “ ၂၀၀၃ တုံးက အီရတ်ကို ၀င်တိုက်တဲ့ ခွေး ကို နှုတ်ဆက်အနမ်းလေး ပေးလိုက်တာကွ” ဟု အယ်လ်ဇိုင်ဒီ က ဟစ်ကြွေး ခဲ့ပါသည်။ ၎င်းဖိနပ်ဖြင့် ပစ်ပေါက်ခြင်းအပြုအမူသည် အာရပ်တို့၏ ရိုးရာဓလေ့ စော်ကားမှုတမျိုးဖြစ်ပါသည်။

အငြိမ်းစား ကျောင်းဆရာ ဆော်ဒီလူမျိုး မိုဟာမတ် မက်ခါဗာ ကတော့ သမ္မတဂျော့ဘုရှ် ကို ပစ်ပေါက်ခဲ့တဲ့ရှုးဖိနပ်ကို လွတ်လပ်မှုရွှေတံဆိပ် လို့ တင်စားခေါ်ဆို ပြီး၊ အမေရိကန် ဒေါ်လာ ၁၀ သန်းပေးပြီ ၀ယ်မယ်လို့ ကမ်းလှမ်းခဲ့တယ်။ သူ့ မြေယာအပါအ၀င်၊ ပိုင်ဆိုင်မှု တွေ ကိုရောင်းချပြီး၊ ဒီရှုးဖိနပ်ကို ၀ယ်ယူကာ အများပြည်သူများအတွက် ပြတိုက်မှာ ခင်းကျင်း ပြသ ပေးသွားမယ်လို့ ဆိုပါတယ်။ အသက် ၆၀ ရှိ မိုဟာမတ် မက်ခါဗာ ဟာ အမေရိကန်နိုင်ငံကို ဆန့်ကျင်ပြုလုပ်လိုမှု မရှိသော်လည်း၊ မူဆလင်တွေအပေါ် အရှက်ရစေသော အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီကိုတော့ စိတ်ဆိုးဒေါသ ဖြစ်ကြောင်း ပြောဆို ခဲ့ပါသည်။

အာရပ်ကမ္ဘာမှာတော့ ရှုးဖိနပ်နဲ့ပစ်ပေါက်ခဲ့မှုကို ထောက်ခံမှုတွေရှိခဲ့သလို၊ ရိုင်းစိုင်းသောလုပ်ရပ် အဖြစ် ရှုံ့ချခဲ့မှုတွေလည်း ရှိခဲ့ကြောင်းသိရပါသည်။ ဘယ်လိုဘဲဖြစ်ဖြစ် လွမ်းချင်းတေးသီဆိုနေတဲ့ ဖိနပ်ပစ်သမားလေး ကတော့ ထောင်ကပြန်လွတ်လာရင် သန်းကြွယ်သူဌေးလေးဖြစ်လာမှာကတော့ ကျိမ်းသေနေပါပြီ။






Rest of your post

No comments :