Saturday, 20 December 2008

ကြောင် တွေကို လက်စားချေသွားတဲ့ ကနေဒါ ကြွက်များ

ကြောင်တွေ မီးလောင်သေ ဆုံးမှုမှာကြွက်တွေကို သံသယဖြစ်နေ

-ကို-
ကြွက်တွေဟာ ၀ါယာကြိုးတွေကို ကိုက်ဝါး ခဲ့ကြတယ်လို့ ထင်ပါတယ်။ ကနေဒါနိုင်ငံ မြို့တော် တိုရွန်တို (Toronto) မှာ ဖြစ်ပွားခဲ့တဲ့ တိရစ္ဆာန်စောင့်ရှောက် ရေးဌာနရှိ ကြောင်ပေါင်း ၁၀၀ နီးပါးခန့် သေဆုံးတဲ့ မီးလောင်မှုဟာ ကြွက်တွေကြောင့် ဖြစ်ပါတယ်။(Oshawa)အိုရှဝမှာရှိတဲ့ တိရစ္ဆာန်စောင့်ရှောက် ရေးဌာန မှာရှိတဲ့ ခွေးသုံးကောင် သေဆုံး ရတာ ကလဲ ကြွက်တွေကြောင့်ပဲဖြစ်ပါတယ်။

မီးသတ်ဌာန ရဲ့ မှတ်တမ်းအရဆိုရင်တော့ ကြွက်တွေဟာ မျက်နှာကျက်မှာရှိတဲ့ လျှပ်စစ် ၀ါရာကြီးတွေကို ကိုက်ဝါးတဲ့ အတွက် ကြောင့် မီးစတင်လောက်ကျွမ်းရတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ကနေဒါ နိုင်ငံ တစ်ဝှမ်းမှာ ရှိတဲ့ တိရစ္ဆာန်ချစ်သူတွေ ကိုလဲ ဒီကိစ္စနဲ့ပက်သက်ပြီး ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကျဖို့ တိုက်တွန်းထားပါတယ်။

“ကံမကောင်းစွာပဲ ကြွက်တွေကြောင့် မီးလောင်ပြီး ကြောင်တွေသေဆုံးရတာ”လို့ တိုယွန်တို တိရစ္ဆာန် စောင့်ရှောက် ရေးဌာနရှိ ပြောရေးဆိုခွင့်ရှိသူ McConachie က ပြောကြားခဲ့ပါတယ်။ ကံမကောင်းစွာ ကြွက်တွေ ကိုယ်တိုင်လဲ မီးလောင်မှုထဲမှာ အမြောက်အများ သေဆုံးခဲ့ပါတယ်လို့ သူကထပ်လောင်း ပြောဆိုခဲ့ ပါသေး တယ်။(Ontario) ကမီးသတ်ဌာနကတော့ ဒေါ်လာ ၂၅၀ ၀၀၀ (ပေါင် ၁၃၇၀၀၀)ဆုံး ရှုံးခဲ့ရတဲ့ ဒီမီးလောင်မှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

McConachie ကတော့နောက်ဆုံးသတင်းကို ထုတ်ပြန်ဖို့ အတွက်တော့ ရက်အနည်းငယ်ကြာပါလိမ့်မယ်လို့ ဆိုပါတယ်။ အားလုံးထဲမှာ ခွေး ကိုးကောင်၊ကြောင်နှစ်ကောင် နဲ့ ကြွက် တစ်ကောင် ကိုသာ ဗုဒ္ဓဟူးနေ့ မနက်စောစော မီးလောင်မှု မှာ ကယ်ဆယ်နိုင်ခဲ့ ပါတယ်။

Durham ဒေသမှာတော့ ပျက်စီးဆုံးရှုံးသွားတဲ့ စောင့်ရှောက်ရေးဌာကို ပြန်လည်တည်ဆောက်ဖို့အတွက် အနီးပတ်ဝန်းကျင် အိမ်တွေက လူတွေဟာ လုပ်အားလာပေးနေကျပါတယ်။


ကြွက်၊ ကြောင် ၊ ခွေး တို့ကို အတူတကွတွေ့ရစဉ်


Rest of your post

No comments :