ဒီနေ့ကမ္ဘာကြီးဟာ အင်တာနက် သတင်းနည်းပညာ တဟုန်ထိုးတိုးတက်လာတယ်။ သတင်းအချက်အလက် မှန်ကန်စွာ ရရှိမှု က စစ်ပွဲတပွဲ အနိင်အရှုံးကို ဆုံးဖြတ်ပေးသလို၊ ရွေးကောက်ပွဲမှာ အနိင်အရှုံးကိုလည်း သေချာပေါက် တွက်ချက်ပေး လာနိင်တယ်။ အလားတူပဲ စီးပွားရေးလုပ်ငန်း တခုအောင်မြင်မယ် ရှုံးမယ်ဆိုတာလည်း သတင်း အချက်အလက်တွေပေါ် မူတည်လာတော့တယ်။ သတင်းအချက်က အလက်တွေ မသေချာပဲ ၊ မရှိပဲ နဲ့ စစ်တိုက် မယ်၊ ရွေးကောက်ပွဲဝင်မယ်၊ စီးပွားရေးလုပ်မယ် ဆိုရင်တော့ ခင်ဗျားဟာကွဲဖို့သေချာသွားနိင်တယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အိုဘားမား ဟာ အနိင်ရတဲ့အကြောင်းကတော့ သတင်းအချက်လက် နည်းပညာကို ထိထိရောက်ရောက် အသုံးပြုနိင်ခဲ့ လို့ဖြစ်တယ်။ သတင်းအချက်အလက်တွေကိုရှာဖွေနိင်တဲ့ နည်းပညာက ဘာလဲလို့ မေးရင် အဖြေကတော့ အင်တာနက်လို့ ပဲဖြေရပါမယ်။
သတင်းအချက်အလက်ရှာဖွေရေး အင်ဂျင်တခုဖြစ်တဲ့ ဂူဂဲလ်(Google ) ဒီနေ့ ခင်ဗျား သိခြင်နေတဲ့ အချက်အလက်တွေကို ရှာဖွေပေးတဲ့နေရာမှာ အသုံးပြုနိင်တယ်။၂၀၀၈ ခုနစ်မှာ လူတွေ ဟာ ဘာကို စိတ်အ၀င်စား ဆုံးလဲ၊ နိင်ငံရေးသမားတွေထဲမှာဘယ်သူကိုသင်စိတ်ဝင်အစားဆုံးလဲ၊ အစားသောက်တွေထဲ သူတို့စိတ်ဝင်စားအခံရဆုံး ကို အောက်မှာ နံပတ်စဉ်လိုက် ဖေါ်ပြရရင်
၁- ဖေ့စ်ဘုတ်ခ် ( Face Book)
၂- ဘီဘီစီ ( BBC World Service)
၃- အမေရိကန် ရွေးကောက်ပွဲ
၎- ဘီဂျင်း အိုလံပစ်
၅- '' Money Saving Expert'' and '' Hot UK Deal '' ( စီးပွားရေး ဂယက်ကြောင့် လူတွေကမိမိလုပ်ငုတ်လက်ရင်းလေးမပြုတ်ရအောင်ဘယ်လိုကြံဖန် အသက်ဆက် မလည်း ဆိုတာကို ပြင်ဆင်ကြတဲ့အနေနဲ့  ဘဏ္ဍာ ရေး ဆိုင်ရာ အကြံပေးတဲ့ အင်တာနက် စာမျက်ကို ဖတ်တာများခဲ့တယ်။ )
၆- ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းနဲ့  အမေရိကန်သမ္မတလောင်း ဘာရက်အိုဘားမား
၇- အများဆုံး နားထောင်ခံရတဲ့ သီချင်းကတော့ '' I who have nothing " youtube မှာရှိတယ် နားစင်ကြည့် သင့်ပါတယ်။
၈- ပိုလန်တွေ စိတ်အ၀င်စား ဆုံးဖြစ်ခဲ့တာကတော့ youtube မှာတင်ထားတဲ့ Jozin z Bazin ဆိုတဲ့သီချင်းဖြစ်ပါတယ်။

No comments :
Post a Comment