(Lacusovagus ( ရေကန်များ မှာကျက်စား ကောင် )
လို့  နာမည်ပေးထားတဲ့ ကမ္ဘာဦး သတ္တ၀ါ ကြီး တမျိုး )
ပျံသန်းနိင်သော တွားတွားသတ္တ ၀ါ အသစ်တမျိုး တွေ့ ရှိ
-ကို-လို့  နာမည်ပေးထားတဲ့ ကမ္ဘာဦး သတ္တ၀ါ ကြီး တမျိုး )
ပျံသန်းနိင်သော တွားတွားသတ္တ ၀ါ အသစ်တမျိုး တွေ့ ရှိ
သိပ္ပံညာရှင်တွေဟာ အိမ်သုံးကားအရွယ်အစားလောက်ရှိပြီး ပျံသန်းနိုင်သော တောင်ပံ လဲပါရှိတဲ့ တွားသွား သတ္တ၀ါ အမျိုးအစားတစ်မျိုးရဲ့ ကြောက်ဖြစ်ရုပ်ကြွင်းကို ရှာ ဖွေ တွေ့ရှိခဲ့ပါတယ်။ ပိုစ်မောင်သ် (Portsmouth ) တက္ကသိုလ် ကရှာဖွေတွေ့ရှိ သူတွေ ကတော့ ဒီအမျိုးအစားတွေထဲမှာအခုတွေ့ရှိတဲ့ အမျိုးအစား သစ်ဟာ အရွယ် အစား အကြီးဆုံးဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ကျပါတယ်။
ဒီအမျိုးအစားသတ္တ၀ါတွေဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၁၅ မီလယန်လောက် ဘရာဇီးနိုင်ငံတ၀ိုက်မှာ ပျံသန်း နေထိုင်ခဲ့ကျပါလိမ့်မယသ်လို့ ဆိုပါတယ်။ ဒီအကောင်ကြီးတွေ ဟာ တောင်ပံ့အကျယ် (၁၆.၄ပေ) ၅မီတာ လောက်ကျယ်ပြီး အမြင့် (၃၉ လက်မ )၁ မီတာ ကျော်ရှိနိုင်တယ်လို့ မာခ် ၀တ်တ် (Mark Witton )ကတွက်ချက် ခန့်မှန်းခဲ့ပါတယ်။
တရုတ်နိုင်ငံ အပြင်ဘက်မှာတွေ့ရှိခဲ့တဲ့ သွားမရှိတဲ့ တရိုဆောရပ်စ် (pterosaurs) အမျိုး အစားဝင် အုပ်စုလိုပဲဒီဘရာဇီးနိုင်ငံ မှာရှာဖွေတွေ့ ရှိခဲ့ တဲ့ ဦးခေါင်းခွံအစိတ်အပိုင်း ကျောက်ဖြစ်ရုပ်ကြွင်းဟာ ချောက်ရမ်ဂိုပက်ထရိတ် ( chaoyangopteridae) ရဲ့ ပထမဆုံး ဥပမာတစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဥပမာတွေ အရဆိုရင်တော့ တရုတ်မှာ တွေ့ရှိခဲ့တဲ့ ဒီအမျိုးအနွယ် ၀ယ်ကျောက် ဖြစ်ရုပ်ကြွင်းဟာ (၆၀စင်တီမီတာ ) ၂ ပေ သာ ရှည်ပြီး အခုတွေ့ရှိတဲ့ ဟာရဲ့ ဦးခေါင်းခွံ လောက်ပဲ ကြီးတာပါလို့ ၀တ်တန်(Witton )ကဆိုခဲ့ပါတယ်။ ဒီ ချောက်ရမ်ဂိုပက်ထရိတ် (chaoyangopterid) တွေဟာ ငါတို့မမြင်နိုင်တဲ့ ကာလကြီးတခုကို သိမ်းချုံ့ပြစ်လိုက်သလိုပဲလို့ဆိုပါတယ်။ ၀တ်တန် ကတော့ အခုတွေ့ရှိတဲ့ အမျိုးအစားသစ် သတ္တ၀ါကြီးကို လာကော့ဗေးဂစ် ( Lacusovagus ) လို့နာမည်ပေးခဲ့ပါတယ်။
အဓိပ္ပါယ်ကတော့ ရေကန်တွေထဲ မှာ လှုပ်ရှားသွားလာပြီး သူ့ရဲ့ ကိုယ်လုံးကို ရေထဲမှာ မြှုပ်ပုန်းကွယ်ထားတတ်တဲ့ သဘောရှိတယ်လို့ ဆိုလိုချင်တာပါ။ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တွေ့ရှိပြီး ဂျာမဏီနိုင်ငံရဲ့ ပြတိုက်တစ်ခုထဲမှာ နှစ် ပေါင်းများစွာ ပြတိုက်သွင်းထားတဲ့ ကျောက်ဖြစ် ရုပ်ကြွင်း ကတော့ နာမည်ကျော်ကြားတဲ့ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုဖြစ်ခဲ့ပါတယ်။
ဝတ်တန်ကတော့ များသောအားဖြင့်ကျော်ဖြစ်ရုပ်ကြွင်းတွေမှာ သွားတွေဟာပါးစပ်ရဲ့ဘေးဘက်မှာ ရှိကျပြီး ဒီဟာမှာတော့ အပေါ်ဘက်မှာ တွေ့ရပါတယ်။ဒီသွားတွေဟာ သူတို့ အတွက် အစာခြေဖျက်မှုအတွက်မှာ အခက်အခဲ ရှိတယ်ဆိုတာ ကိုပြတာပါလို့ ဆိုပါတယ်။
လာကော့စ်ဗေးဂစ် (Lacusovagus) မှာသိသာထင်ရှားတာကတော့ သူများနည့်မတူတဲ့ ကျယ်ပြန့်ကြီးမား တဲ့ဦးခေါင်းခွံ ရှိတယ်။ဒါဟာသူ့ရဲ့ အစာစားခြင်း အလေ့စရိုက်ကို သွယ်ဝိုက်သော အားဖြင့် ဖော်ပြတာပဲ။ သူဟာ ကြီးမားတဲ့ သားကောင်တွေကို အမဲလိုက်ရတာ ကြိုက်နှစ်သက်ဟန်တူပါတယ်လို့ ဆိုပါတယ်။ ကျန်တာတွေ နည့် ပက်သက်လို့ကတော့ ငါတို့ဟာ ဘာမှမဆက်စပ် နိုင်သေးပါဘူး။ ဒါပေမဲ့ ငါတို့ဟာအဖြေတစ် ခု မထုတ်ခင် ထပ်ပြီး ဥပမာတွေ လိုအပ် နေသေး ပါတယ်လို့ လဲသူကဆိုပါတယ်။
ဘရာဇီးမှာ တွေ့ရှိတဲ့ ဒီကျော်ဖြစ် ရုပ်ကြွင်းဟာ သူ့ရဲ့မျိုးနွယ်တူဖြစ် တဲ့ တရုတ်နိုင်ငံနားမှာ တွေ့ရှိတဲ့ကျောက်ဖြစ်ရုပ်ကြွင်း နဲ့  သိပ်ကို ဝေးလံလွန်းလှပါတယ်။ဒါပေမဲ့ကျနော် တို့ ဟာ ဒီသတ္တ၀ါတွေနဲ ပက်သက်ပြီးသိရှိရသမျှ သိပေးမှာပါလို့ သူတို့ကဆိုပါတယ်။
Pterosaurs = ဆယ့်ကိုးရာစုလောက်က တွေ့ရှိပြီး ယခု မျိုးတုန်းသွားပြီဖြစ်သော မြွေပျံ

No comments :
Post a Comment