Monday 8 December 2008

အမေရိကန် အောက်လွှတ်အမတ် အဖြစ် ဗီယက်နမ်လူမျိုး ဂျိုးဇတ်ဂေါင်းကို ရွေးချယ်

အမေရိကန်နိုင်ငံ ၏ ပထမဦးဆုံးသော ဗီယက်နမ်လူမျိုး အောက်လွှတ်တ်ာအမတ် ဂျိုးဇတ်ဂေါင်း (Anh "Joseph" Cao )
"As you can see, really anything can happen."
First Vietnamese-American elected to House 'speechless'


-မြတ်စိုး-

ဂျိုးဇတ်ဂေါင်းဟာ အမေရိကန်နိုင်ငံ ၏ ပထမဦးဆုံးသော ဗီယက်နမ်လူမျိုး အောက်လွှတ်တ်ာအမတ် တယောက် ဖြစ်လာပါပြီ။ အမေရိကန် အောက်လွှတ်တော်မှာ တာဝန် ထမ်းဆောင်ရတော့မဲ့ ရီပါပလက်ကင် ပါတီ၏ အောက်လွှတ်တော် အမတ် အဖြစ်ရွေးချယ်ခံခဲ့ရမှုအပေါ် ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်လို့ ဂျိုးဇတ်ဂေါင်း က ပြောဆိုသွားသည်။ ဗီယက်နမ်လူမျိုး အမေရိကန်နိုင်ငံသား ဂျိုးဇတ်ဂေါင်းက သူ့ကို အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၏ အောက်လွှတ်တော်အမတ် တဦးအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ ခြင်းဟာ လူငယ်များ နိုင်ငံရေးကို ပိုမိုစိတ်ဝင်တစား ဖြစ်လာအောင်တွန်းအား ဖြစ်စေလာပါလိမ့်မယ်လို့ ပြောဆိုသွား ပါတယ်။ သူကို ရွေးချယ် တင်မြောက်ခဲ့ ခြင်းကြောင့် အမေရိကန်လူငယ်များ ဟာ လူထု အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ပါဝင်လာစေလိမ့်မယ်လို့ ပြောဆိုသွားပါသည်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံ ရှိ လူငယ်တွေ ဟာ ဘယ်ကဘဲလာလာ၊ဘာလူမျိုးဘဲဖြစ်ဖြစ် ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို မီးမှောင်းထိုးပြလိုက်တာပါဘဲလို့ ပြောဆိုသွားပါသည်။ နိုင်ငံခြားသားမုန်းတီးတဲ့ စစ်အုပ်စု အုပ်ချုပ်နေတဲ့ မြန်မာ နိုင်ငံမှာတော့ တိုင်းပြည် ခေါင်းဆောင်ဖြစ်လာနိုင်မဲ့ လူငယ်တွေကိုတောင် ထောင် အကျဉ်းချထားကြတယ်။

လူမဲဒီမိုကရက် တွေ ကြီးစိုးထားတဲ့ အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၊ နယူး အော်လင်းမြို့ မှာ ရီပါပလက်ကင် အောက်လွှတ်တော်အမတ် ဂျိုးဇတ်ဂေါင်းဟာ သက်တမ်း (၉)ကြိမ် အနိုင်ရယူခဲ့ တဲ့ လူမဲ ဒီမိုကရက်တစ်အမတ် ၀ီလီယံဂျက်ဖါဆင်ကို စနေ့က အနိုင်ရသွားခဲ့ပါတယ်။ အရွေးချယ်ခံခဲ့ရတဲ့ ဒီမိုကရက်တစ် သမ္မတ အိုဗားမား ထောက်ခံသူ၊ သက်တမ်းရင့်သော လူမဲအမတ် ၀ီလီယံဂျက်ဖါဆင် ဟာ လူမဲအများစု နေထိုင်သော အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၊ နယူးအော်လင်းမြို့ မှာ အနိုင်ရဖို့ အခွင့်အရေး အများဆုံးရရှိခဲ့ သော်လည်း၊ သူအပေါ် ဗဟိုအစိုးရက တရားစွဲဆိုထားသော အမှုပေါင်း ၁၆ ခု နှင့် အတူ ငွေးရေးကြေးရေး လာဘ်ပေးလာဘ်ယူမှု၊ တရားရုံးကို လိမ်လည်ထွက်ဆိုခဲ့မှု၊ တရားမ၀င် ငွေကြေး မှောင်ခိုမှု၊ လွှဲပြောင်းခဲ့မှု၊ အကျင့်ပျက်ခဲ့မှု အရှုပ်တော်ပုံကြောင့် ၊ ပြည်သူတွေရဲ့ ထောက်ခံမှု မရရှိခဲ့တော့ပါဘူး။

ဂျိုးစက်ဂေါင်းကတော့ လူမဲအများစုနေထိုင်သော နယူးအော်လင်းမြို့ မှာ လာရောက် မဲပေးသူအရည်အတွက် နည်းပါးခဲ့ခြင်းဟာ သူ အရွေးချယ်ခံရဖို့ အတွက် အခွင့်ကောင်းတရပ် ကိုဖြစ်စေခဲ့ တယ်လို့ ပြောဆိုသွားပါသည်။ ရွေးကောက်ပွဲဟာ မူလက နိုဝင်ဘာ ၄ ရက်မှာ ကျင်းပဖို့ရှိခဲ့ ပေမဲ့ လူဆီယားနားပြည်နယ်တောင်ပိုင်း မှာ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဂတ်စ်တာဗ် ကြောင့် ရွေးကောက်ပွဲကို ပြီခဲ့တဲ့ စနေနေ့ အထိ ရွေှ့ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်အစိုးရလက်အောက်ရောက်ရှိခဲ့ပြီးနောက် ၊
ဂျိုးဇတ်ဂေါင်း ဟာ မိသားစုနှင့်အတူ ဗီယက်နမ်နိုင်ငံက ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ အသက် ၈ နှစ် ကတည်းက ရောက်ရှိ လာခဲ့သည်။ သူဟာ အသက် ၉ နှစ်မှာ ပညာ ပြန်လည် ဆည်းပူးနေစဉ်၊ သူ့ဖခင်၏စာကိုလက်ခံရရှိခဲ့ပါတယ်။ သူဖခင်က “သူ့ကို အလုပ်ကို ကျိုးစားလုပ်ပါ။ ပညာ ကျိုးစားသင်ယူပါ။ တိုင်းပြည် ပြန်လာပြီး၊ ပြည်သူအတွက် အလုပ်အကျွေးပြု လုပ်ငန်းတွေမှာ အကူအညီပေးပါလို့” ပြောဆိုခဲ့ကြောင်း သူကပြန်ပြောင်း သတိတရ ပြောဆိုခဲ့ပါသည်။ ဂျိုးဇတ်ဂေါင်း ဟာ အမေရိကန်မှာ ရူပဗေဒ၊ ဥပဒေ ပညာဘွဲ့ တွေကို ရယူခဲ့ပြီး၊ လူမှုရေး လုပ်ငန်း၊ ကျန်မာရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း တွေမှာတက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူ တဦးဖြစ်ပါသည်။ သူဟာ ကျောင်းတွေမှာလည်း ဥပဒေပညာကို သင်ကြားပို့ချပေးခဲ့ကြောင်းလည်းကြားသိရပါတယ်။

အခုအခါမှာ အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ် အုပ်ချုပ်ရေးမှုးက အိန္ဒိယနွယ်ဖွား အမေရိကန် နိုင်ငံသား ဘော်ဘီဂျင်ဒဲလ် ဖြစ်တာကြောင့်၊ အာရှနွယ်ဖွားတွေ အမေရိကန်နိုင်ငံရေးမှာ ပိုမိုဝင်ရောက် လာနေကြ ပြီဆိုတာပြသနေပါတယ်။ အမေရိကန် နှင့် ကမ္ဘာ့နိုင်ငံတချို့မှာ လူမျိုးရေးမဟာတံတိုင်းကြီးကို ရိုက်ချိုး ဖျက်ဆီး လာနေသော်လည်း၊ မြန်မာနိုင်ငံမှာ ကတော့ ဆက်လက် ရှိနေဆဲပါ။ နောင်တိုင်းပြည်မှာ ဘယ်သူ အုပ်ချုပ်အုပ်ချုပ် လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်ခွဲခြားရေး တွေကို ရပ်တန်းကရပ်သင့်နေပါပြီ။ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင် ထက် တိုင်းပြည်အကျိုး၊ ပြည်သူအကျိုး ဘယ်လောက် လုပ်ပေးနိုင် မလဲ ဆိုတဲ့ အရည်အချင်းကို ဦးစားပေးသင့်ပါသည်။

အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ် အုပ်ချုပ်ရေးမှုး အိန္ဒိယနွယ်ဖွား ဘော်ဘီဂျင်ဒဲလ် နှင့်မိသားစု

လက်ရှိ မြန်မာ့နိုင်ငံရေးလောက မှာ INPUT( ဘယ်သူလဲဆိုတာ) ကို ကြည့်တက်ကြပါသည်။ တနည်းအားဖြင့် ဘယ်သူ က ထောင်ဘယ်လောက် ကျခဲ့သလဲ၊ ဘယ်သူက တောထဲမှာ လက်နက်ကိုင် တိုက်ခဲ့သလဲ၊ ဘယ်သူက ၀န်ကြီးချုပ်၊ ဗိုလ်ချုပ်၊ နိုင်ငံရေးသမားများ၏ သားသမီး၊ ဘယ်သူက ဘယ်နှစ် ခုနှစ်ကလုပ်ခဲ့တာ၊ ဘယ်သူက ဘာလူမျိုး၊ ဘာ ဘာသာ စသဖြင့်ပေါ့။ ကမ္ဘာ့နိုင်ငံရေးမှာက ဘာလုပ်ပေးနိုင်မလဲ၊ ဘာလုပ်ဆောင်ခဲ့မှု တွေရှိ ခဲ့သလဲ OUTPUT (သို့) RESULTS ကိုကြည့်ကြတယ် ဆိုတာ ဗီယက်နမ်လူမျိုး အမေရိကန်နိုင်ငံသား ဂျိုးဇတ်ဂေါင်း ကို အမေရိကန်နိုင်ငံ လူဆီယားနား ပြည်နယ်၏ လွှတ်တော်အမတ် တဦးအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ ခြင်းအချက်က က ထပ်မံ ထောက်ခံ ပြောဆို နေပါသည်။

ကျွန်နော့်အနေဖြင့် မြန်မာနိုင်ငံမှာ တရုတ်ဖြစ်ဖြစ်၊ ကုလားဖြစ်ဖြစ်၊ မွန်၊ရှမ်း၊ကရင်၊ ကချင်၊ချင်း၊ ကယား၊ရခိုင်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာ ဖြစ်ဖြစ် တိုင်းပြည်နဲ့ ပြည်သူ ကို တိုးတက်ကြီးပွားအောင်လုပ် ပေးနိုင်ယင် ဘယ်သူမဆို တိုင်ပြည်မှာ ခေါင်းဆောင် လုပ်နိုင်တယ်။ One Man One Vote ဖြစ်သင့်ပါသည်။ ဘယ်လူမျိုး ဘယ်သူ မှ အထူးအခွင့်အရေး ပိုမပေးသင့်ဘူး။ ၆၂ ၇၄ ၈၈ ဆိုပြီတော့လည်း နိုင်ငံရေးမှာ အထူးအခွင့် အရေး ရမှာမဟုတ်ဘူး။ ပြည်သူကို အကျိုးပြု
သော အရည်အချင်း ရှိတဲ့ခေါင်းဆောင် ဖြစ်ရင် လက်ခံသင့်တယ်လို့ တင်ပြရင်း။

မြန်မာလူငယ် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်နိုင်ပါစေ။


Rest of your post

1 comment :

Anonymous said...

I completely agree with you.

No one ethnic group should dominate the country and have all the advantages.

Put the country first regardless of race or gender.

We should choose our leaders based on whoever qualified and intelligent, not the armed thugs. Of course let people decide by the election, they know who is suitable to run the country.

First we need to get rid of those criminals. I believe we and you can do it.