Monday, 22 December 2008
သူခိုး ဖမ်းပေးသော ခြင်
-တီကေ-
ဖင်လန် ပုလိပ်များ က မော်တော်ကား သူခိုး တယောက် ကို ခြင် တကောင်၏ အကူအညီဖြင့် ဖမ်းဆီးနိုင်ခဲ့သည် ဟု လက်ခံထားကြသည်။ ထိုကား သည် ဇွန်လ အတွင်း၌ အခိုးခံရခဲ့ပြီး နောက် များမကြာမှီ ဘူတာရုံတခု အနီး မှ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပုလိပ် ပတ္တရောင်များ က ကား ကိုတွေ့ရှိ၍ စစ်ဆေးကြည့်ရှုသော အခါ သွေးဝနေသော ခြင်တကောင် ကို သတိပြုမိရာ မှ မော်တော်ကား သူခိုး ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်း ခြင် အား DNA ဓါတ်ခွဲခန်းသို့ ပို့၍ စုပ်ထားသော သွေးကို စစ်ဆေးသော အခါ ယခင် က ပုလိပ်မှတ်တမ်းဝင် ရာဇ၀တ် သားဟောင်း တဦး ၏ သွေး နှင့်ထပ်တူ ဖြစ်နေ၍ ထိုလူ အား ဖမ်းဆီးခဲ့ကြသည်။ စွပ်စွဲခံရသော ပုဂ္ဂိုလ် ကမူ ထိုကား အား သူ ကားကြုံသာ စီးမိခဲ့ကြောင်း၊ သူမခိုးပါကြောင်း ငြင်းဆိုခဲ့သည်။ ပုလိပ်အရာရှိ ပါလို မှ စွဲချ ရှေ့နေ များ သာလျှင် ဤ တွေ့ရှိရသော အထောက်အထား မည်မျှ ခိုင်မာ သည် ကိုလေ့လာ ၍ မသင်္ကာသူ ကားသူခိုး အား စွဲချက် ချနိုင်မည် ဖြစ်ကြောင်းပြောသွားပါသည်။
ဖင်လန် ပုလိပ်များ က အခင်းဖြစ်ပွားရာ နေရာ၌ ရှိသမျှ သဲလွန်စ တို့ကို အသေးစိတ်လေ့လာကြသော်လည်း ပိုးမွှားများ မှ ရရှိသော အထောက်အထား များ ဖြင့် ရာဇ၀တ်မှု များကို ဖြေရှင်းခြင်း နည်းမှာ အသုံးချမှု သိပ်မရှိလှသေးကြောင်း၊ ပါလို က လည်း “ကျွန်တော် တို့ ပုလိပ်ကျောင်းတက် တုံးက ခြင် တွေ ဘာတွေကို လေ့လာ ကြည့်ရမယ်လို့ မပါခဲ့ပါဘူး။ ပြီး ကားတစင်းထဲမှာ ခြင်တကောင် ရှာဖို့ ဆိုတာ မလွယ်လှဘူး။ ရှာနိုင်ခဲ့တာ ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ အမှုတွေ ကို ဘယ်လောက် အသေးစိတ် လေ့လာခဲ့ တာ ကို သိနိုင်ပါတယ်။”ဟု ဂုဏ်ယူစွာ ပြောကြားသွားပါသည်။
(အေဖက်ပီ)
ဟယ်ဆန်ကီ၊ ဖင်လန်
Rest of your post
at 11:54
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment