Tuesday, 16 December 2008

ဟေလာရီ ကလင်တန် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဇင်ဘာဘွေ အာဏာရှင်ကြီး ရောဘတ်မူဂါဘီ

ကာလ၀မ်းရောဂါခံစားနေရသော ဇင်ဘာဘွေပြည်သူများ

-အောင်ကြီး-

ဇင်ဘာဘွေ၏ ရောဘတ်မူဂါဘီစစ်အစိုးရ သောက်သုံးရေဌာန မှ ၀န်ထမ်းများ၏ ပေါ့ဆမှုကြောင့် မသန့်ရှင်း သော ရေများ လူနေ ရပ်ကွက်များ သို့ ရောက်ရှိခဲ့ရပြီး ၀မ်းရောဂါနှင့်အခြားဆိုးရွား သောရောဂါ များဖြစ်ပွား လာကာလူအများ သေကြေ ခဲ့ရတာအခုဆို လူပေါင်း ၁၀၀၀ နီးပါးရှိ ပြီး၊ ၁၈,၀၀၀ ဟာ ကာလ ၀မ်းရောဂါ ကူးစက်နေပြီ ဖြစ်ကြောင်းကုလသမဂ္ဂက ထုတ်ပြန်ကျေညာ ခဲ့ပါသည်။ အာဏာရှင်ကြီး မူဂါဘီ စစ်အစိုးရ ၏ ကြီးကြပ်မှု အောက်၌ မိလ္လာစနစ်များ ကောင်းမွန်ခြင်းမရှိသဖြင့်၊ မိလ္လာတွင်းများ သည် ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့ကာ ကလေးသူငယ်များ သာမက လူကြီးများအတွက် ပင် အန္တရာယ် ဖြစ်နေပါသည်။

ရပ်ကွက်လူကြီးများ မှလည်း မူဂါဘီစစ်အစိုးရ တာဝန်ဟု ဆိုကာ ၀ိုင်းဝန်းထိန်းသိမ်းခြင်း မပြုလုပ်ကြပါ။ ဇင်ဘာဘွေနိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံတခုဖြစ်တာကြောင့်၊ ဇင်ဘာဘွေ ပြည်သူတွေဟာ အလုပ်အကိုင် ရှာဖွေဖို့နဲ့ ကျရောက်နေသော ကာလ၀မ်း ရောဂါကြောင့် တိုင်းပြည်ကနေ တောင်အာဖရိကနိုင်ငံ၊ ဘော့ဇ၀မ်းနား၊ မိုဇမ်ဘစ် နှင့် အိမ်နီးချင်းနိုင်ငံများသို့ အလုံးအရင်း စွန့်ခွာထွက်ပြေးနေကြကြောင်း သတင်းစာ တော်တော်များများမှာ ရေးသား ဖော်ပြနေကြပါတယ်။ ဇင်ဘာဘွေနိုင်ငံ၏အရေးဟာ အိမ်နီးချင်း နိုင်ငံများ အရေးကဲ့သို့ ဒေသတွင်းနိုင်ငံများကို ပြန့်နှံ့သွားနေပါပြီ။ မူဂါဘီစစ်အစိုးရကတော့ ဒါဟာ အနောက်နိုင်ငံ တွေရဲ့ စစ်ရေးအရ၀င်ရောက်စွက်ဖက်ဖို့ အတွက် ၀ါဒဖြန့်ချီမှု သက်သက်သာ ဖြစ်တယ်လို့စွပ်စွဲခဲ့ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကတော့ မူဂါဘီကို နုတ်ထွက်ပေးဖို့တောင်းဆိုနေကြတယ်။

ဒီကိစ္စနှင့်ပက်သက်ပြီးကမ္ဘာ့ကုလသမဂ္ဂလုံခြုံးရေးကောင်စီမှာ ဇင်ဘာဘွေမှာဖြစ်ပေါ်နေသော အခြေအနေ အတွက် အရေးပေါ် တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ရလာဒ်ကတော့ မြန်မာပြည် အရေးလိုဘဲ မထူးမခြားနားပါ။ မြန်မာပြည်မှာ လူပေါင်း ၁ သိန်းသေကြေခဲ့ပြီး၊ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တဲ့ နားဂစ်မုန်တိုင်း မှာတောင် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံးရေး ကောင်စီက ဘာမှထိထိရောက်ရောက် မလုပ်နိုင်ခဲ့တဲ့အတွက် ဇင်ဘာဘွေ အာဏာရှင်ကြီးမူဂါဘီကတော့ ကမ္ဘာ့ကုလသမဂ္ဂကို လုံးဝဂရုစိုက် မှာမဟုတ်ပါဘူး။ အာဏာရှင်တွေရဲ့ ပြည်သူအပေါ်လူမဆန်စွာထားရှိဆက်ဆံနေမှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဘာမှမပြုလုပ်ပေးနိုင်သ၍ အာဏာရှင်အောက်က ပြည်သူတွေ ကတော့ ဒုက္ခပင်ပန်း ဆင်းရဲစွာ အသက်ရှင် နေရအုန်းမှာဘဲ။

ဒီနေရာမှာအလျင်းသင့်လို့ဖော်ပြပေးချင်ပါတယ်။ တချိန်က ဟေလာရီ ရော့ဒမ်ကလင်တန် သမ္မတကတော် အဖြစ် ဇင်ဘာဘွေ ကို ချစ်ကြည်ရေးခရီးစဉ် ကိုသွားပြီးနောက် သူမ၏ခံစားချက်တခုကို ယခုကဲ့သို့ ပွင့်ပွင့်လင်းဝေဖန်သွားခဲ့သည်။

”ကျွန်မပုဂ္ဂိုလ်ရေးအနေဖြင့် သီးသန့် တွေ့ဆုံခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်များ အနက် နှစ်ယောက်ကို ကျွန်မအတော်လေး စိတ်ပျက်မိခဲ့ရပါသည်။ တစ်ဦးမှာ ရောဘတ်မှုဂါဘီဖြစ်ပြီး၊ သူသည် ဇင်ဘာဘွေနိုင်ငံ၏ ၀န်ကြီးချူပ်ဖြစ်ပါသည်။သူ့ဇနီးငယ်ငယ်လေး က ကျွန်မနှင့် ၀န်ကြီးချူပ် မှုဂါဘီစကားပြော နေသည့် အခါမှာ သူမက မဆီမဆိုင် အဆက်မပြတ် တခစ်ခစ် ရယ် နေတက် ပါသည်။ ကျွန်မတို့ ပြောနေစဉ်မှာ မဆီမဆိုင်တာ တွေကို ၀င်ဝင်ပြောတယ်။ဝန်ကြီးချူပ်မှုဂါဘီကတော့ အရှုးအမဲသားကြွေးထား သလို သူ့ကိုငွေကြေး ထောက်ပံ့ ဘို့ဘဲ တချိန်လုံးပြောနေတယ်။ ဘာမှ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ခွင့် မရခဲ့ပါဘူးလို့” ဟေလာရီ ရော့ဒမ်ကလင်တန် ကသူ၏ ကိုယ်ရေးအထ္ထုပ္ပတ္တိ အဖြစ်ရေးသားထားသော ( Living History) ရှင်သန်နေ သော သမိုင်းကြောင်း စာအုပ် မှာ ပြစ်ပြစ်နှစ်နှစ်ဝေဖန်ခဲ့ဘူးပါသည်။



Rest of your post

No comments :