
ရိုးမ - ၃
သန်းရွှေ မြေး လူရမ်းကား ဖိုးလှ (ခ ) မျောက်မူးလဲ ဟာ အတော်လေးကိုသောင်းကျန်းနေပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့ က သူရဲ့ ငယ်သူငယ်ချင်းမိဘတွေအိမ်( ကာမာရွတ် -၂- ရပ်ကွက်) ကို သွားပြီး ခဲများ ကျောက်တုံးများ ဖြင့် ပြစ်ပေါက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အိမ်တွင်းရှိ သူ့ သူငယ်ချင်းမိဘများ ကို ကန့် တော့ ပြီး တောင်းပန်ခိုင်းတဲ့ မိုက်ရိုင်းတဲ့ လုပ်ရပ်တွေကိုလုပ်ခဲ့တယ် လို့သိရပါတယ်။ ဖိုးလှ ဟာ သူ့ ကျောင်းနေဖက် သူငယ်ချင်းနဲ့  အင်တာနက်ကနေ စကားများရာ က ပြသာနာစဖြစ်ဖြင်းဖြစ်ပါတယ်။ အင်တာနက်မှာ သူ့အကြောင်းတွေကို သူ့ သူငယ်ချင်းက တင်တယ်လို့ သူကစွပ်စွဲပါတယ်။
လူရမ်းကား ဖိုးလှ နဲ့ အပေါင်းအပါတွေ အတိုက်ခံခဲရတဲ့ သူ့ သူငယ်ချင်း မိဘတွေ က ကြောက်လှန့် စိုးရိမ် ကြတဲ့အတွက် ညသန်းခေါင်ယံမှာ ကမာရွတ် ရဲ စခန်းကို သွားပြီး အမှု ဖွင့်ပါတယ်။ လူရမ်းကား ဖိုးလှနဲ့ အပေါင်း အသင်းတွေက ကမာရွတ်ရဲ စခန်းကိုလိုက်ပြီး ဆက်လက်သောင်းကြမ်းကျပြန်တယ်။ ရဲစခန်း အတွင်း ဖွင့် ပေးရန်ပြောတယ်။ တံခါးမဖွင့်ပေးပါက ကားနဲ့ တိုက်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် စခန်းမှုး ဦးလှရွေက တံခါးကိုဖွင့်ပေးလိုက်ရတယ်။ ကလေး မိဘတွေကို အမျိုးသမီး တွေချုပ်တဲ့အခန်းတွင်း သွင်းပြီး ဖွက်ပေးထား ရတယ်။ သူက စခန်းမှုးကိုလည်းခြိမ်းခြောက်သွားပါသေးတယ်။
လူရမ်းကား ဖိုးလှနဲ့ အပေါင်းသင်းတွေဟာ ဒီဇင်ဘာ ၂၀ ရက်နေ့ မှာလည်း အဆိုပါအိမ်ကို သွားရောက်ပြီး ခဲများနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြန်တယ်လို့ သိရတယ်။ သူကို သန်းရွှေက တပ်မတော် တပ်မတော်နေ့ မှာ တခန်းတနား ပွဲထုတ်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်အတွင်းက အရာရှိငယ်များ မကျေမနပ်ဖြစ်နေကြောင်းသိရပါတယ်။
Rest of your post
2 comments :
နီးရာ ဓါးကိုကြောက် ပါတပင်ရွှေထီး။
It sounds like second Kyaw Ne Win!! His future to the notorious Insein prison is very near.
Welcome my little brother Pho Hla. We can have a party together!!
Post a Comment