Sunday, 7 December 2008

ကမ္ဘာနဲ့အနီးဆုံးနေရာ မှာ ကြယ်သေတလုံး ကို တွေ့ရှိ

အလွန် သိပ်သည်းဆ ကြီးမားသော နယူထရွန် ကြယ်

-၀င်းမိုး-

ရက်ပိုင်းမကြာမှီက ကမ္ဘာ့နက္ခတ္တရူပဗေဒပညာရှင်များ က ကမ္ဘာနဲ့အနီးဆုံးနေရာ မှာ ကြယ်သေတလုံး ကို တွေ့ရှိတယ်လို့ ဆိုတယ်။ ဒီကြယ်ကို နယူထရွန် ကြယ် (Neutron Star) လို့ခေါ်ဆိုပါသည်။ ထူးခြားတာက သူဟာကမ္ဘာနဲ့အနီးဆုံး ကြယ်သေဖြစ် နေပါတယ်။ ထိုကြယ်က ကမ္ဘာနှင့်အလင်းနှစ် ၂၅၀ နဲ့  ၁၀၀၀ ကြား အကွာတွင်ရှိနေပါသည်။ အနီးဆုံး ကြယ်ရှင် က အလင်းမိနစ် ၈ မိနစ်သာဝေးပါသည်။ ကြယ်ရှင်မှာ မနက် မိုးလင်းတာနဲ့ ကျွန်ုပ်တို့ တွေ့မြင်နေရသော နေ ဖြစ်ပါသည်။ နက္ခတ္တရူပဗေဒ ပညာရှင်များ က ထိုနယူထရွန်ကြယ် သည် ထူးခြားသည်ဟုဆိုပါသည် ။ အဘယ်ကြောင့် ဆိုသော် သူသည် အထီးကျန် တလုံးတည်းတွေ့ရှိရသောကြောင့်ဖြစ်ပါသည် ။ ကြယ်အများစုမှာ အဖေါ်အပေါင်း ( Binary System) နှင့် (လင်နှင့် မယား အဖြစ်) တွေ့ရသောကြောင့် ဖြစ်သည်။

နယူထရွန် ကြယ်၏ ဒြပ်ထုမှာလည်း အလွန် သိပ်သည်းဆ များသည်ကိုတွေ့ရပါသည် ။ နယူထရွန်ကြယ်များ ပေါ်ပေါက်လာပုံ မှာ နေရဲ့ ဒြပ်ထု ၄ ဆမှ ၈ ဆရှိသော ကြယ်များ သေဆုံး ( ဘ၀တပါးပြောင်းလဲသော ) အခါ (သို့) နျုကလီးယား လောင်စာ ကုန်ဆုံး သွားသောအခါကြယ်ရဲ့ အပြင်အလွှာ မှ ဆူပါနိုပါး ပေါက်ကွဲမှုအသွင်ဖြင့် ပေါက်ကွဲ ပြီး ဗဟိုအတွင်းအနှစ်သားအဖြစ် သာ ကျန် ရှိခဲ့ သောကြောင့်ဖြစ်ပါသည်။

ထို အတွင်းအနှစ်သားမှာ အလွန် သိပ်သည်းဆ များသဖြင့် ပရိုတွန်နှင့် အီလက်ထရွန် သီခြား ရပ်တည် မနေနိင်တော့ပဲ ပေါင်းစည်း ပြီး နယူထရွန် အဖြစ်သာ ကျန်ရှိတော့သည်။ ၎င်းသိပ်သည်းဆကို ဥပမာ အနေဖြင့် ပြောရလျင် နယူထရွန် ကြယ်မှ မြေကြီးကို ဇွန်းတဇွန်း ဖြင့် ခပ်လိုက်ပါက ထိုလက်ဘက်ရည်ဇွန်းသာရှိသော မြေစိုင်ခဲငယ် ၏ အလေးချိန်သည် တန်ချိန်သန်းပေါင်း ၁ ထောင် လေးမည်ဖြစ်သည်။

အကယ်၍ နေ ထက် ၈ ဆ ကြီးသော ကြယ်တလုံး သေဆုံးသွားပါက မည်သို့ သော်နက္ခတ္တ အရာ ဖြစ်လာနိင်မည် ဟု အသင်ထင်ပါသလဲ?


နယူထရွန် ကြယ် ကို အနီးစပ်ဆုံးမြင်တွေ့ရစဉ် (လက်ယာပုံ)

Rest of your post

No comments :