Thursday 11 December 2008

ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီ နှင့် သန်းရွှေ မြေးသတင်း

( မင်းသား ဟယ်ရီ အာဖဂန် စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေစဉ် )

ဗြိတိသျှတော်ဝင် မင်းသား ဟယ်ရီ ကို လေယျဉ် မောင်း သင်တန်း ကို တက်ဖို့ နောက်လက စပြီး စေလွတ်တော့မှာဖြစ်ပါတယ်။ ဒီသတင်းကိုတက်ဖို့ သူဟာ လေပတ်ကြာမျှ သင်တန်းတိုတခုကို အောင်မြင်ပြီးဆုံး ခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၄ နစ်ရှိတဲ့ မင်းသား ဟယ်ရီဟာ Household Cavalry Regiment မှာ အရာရှိတဦးဖြစ်ပါတယ်။ ဒီနှစ်ဆန်းပိုင်းကတော့ သူဟာ အာဖဂန်နစ်စတန် စစ်မြေပြင်မှာ သွား ရောက် အမှုထမ်းခဲ့ပါတယ်။ သူရဲ့ အကို မင်းသား ၀ီလီယံ ကလည်း အာအေအက်ဖ် စစ်လေသူရဲ သင်တန်းမှာ ဆုရရှိထားပါတယ်။ သူရဲ့  အဖေ မင်းသားချားလ်၊ ဦးလေး ဒုခ် မြို့ စားတို့ ဟာလည်း ဟယ်လီကော်ပတာမောင်း သင်တန်းဆင်းတွေ ဖြစ်ပါတယ်။

မင်းသားဟယ်ရီ က တိုက်လေယဉ်သင်တန်းကိုတက်ရောက်ဖို့ အတွက် သင်တန်းက စစ်ဆေးတဲ့ ၁၃ နာရီ ကြာ ပျံသန်း စမ်းသပ်မှုတွေကို ခံယူရမှာ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို သူအောင်မြင်ရင်တော့ သူဟာ အပါချီ (Apache) လို တိုက်ပွဲဝင် ဟယ်လီကော်မတာ သင်တန်းကိုစတင်တက်ရောက်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Gazelle and Lynx တို့လို စစ်မြေပြင်ထောက်လှမ်းရေး ဟယ်ရီကော်ပတာသင်တန်း ကိုဖြစ်ဖြစ် တက်ရောက်ရမှာဖြစ်ပါတယ်။ အာဖဂန်စစ်မြေပြင်မှာ ကိုယ်တိုင်ကိုယ်ကျစစ်မှုထမ်းခဲ့ အတွက် ဟယ်ရီ ဟာ ဗြတိသျ မင်းမျိုးတွေထဲ က ပြီးခဲ့တဲ့ ၂၅ နစ်အတွင်း ပထမဆုံး မင်းသား အဖြစ် စစ်မြေပြင် အတွင်း ကိုယ်တိုင် ၀င်ရောက်ဆင်နွဲခဲ့တဲ့ သူအဖြစ်မှတ်တမ်းတင်ခြင်းကို ခံထားရသူဖြစ်ပါတယ်။ သူရဲ့အကို မင်းသား ၀ီလီယံကတော့ ကယ်ဆယ်ရေး ပိုက်လော့အဖြစ် အမှုထမ်းဆောင်တော့မယ်လို့ မကြာခင်က ကြေညာခဲ့ ပါတယ်။


ဗြိတိသျှဘုရင်မကြီး မြေးတွေက တော့ လူသားတယောက်အနေနဲ့ သော်လည်းကောင်း ယောက်ျား တယောက် အနေနဲ့  ကျားမှကျားဆိုတဲ့ အလုပ်ကိုတွေကို လုပ်ဆောင်နေချိန်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ကျရာတာဝန်ကို ထမ်းဆောင်နေချိန်မှာ၊ မြန်မာပြည်က သန်းရွှေ မြေးဖိုးလပြည့်ဆိုသူ ကတော့ ဘာလုပ်နေပါသလဲ ။
မြန်မာ တပ်မတော် ကသူနဲ့ ရွယ်တူ စစ်သားတွေ အရာရှိငယ်တွေ စစ်မြေပြင်မှာ စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေချိန်မှာ၊ ကြားရတဲ့ သတင်းတွေအရ သန်းရွှေ မြေးဖိုးလပြည်ဟာ အိပ်စား ကာမ ဤသုံးဝ တင်မကပဲ မူးယစ်ဆေးဝါးမှီ ၀ဲရင်း တိုင်းပြည် ဘဏ္ဍာတွေကို လေလို သုံးဖြန်းနေပါကြောင်း တင်ပြလိုက်ရပါတယ်။

(ဘုရင်ရူး သန်းရွှေမြေး ဖိုးလှပြည့် ဆိုသူ ကတော့ အပျော်အပါးများနှင့် ပျက်ဆီးနေ တယ်)





Rest of your post

4 comments :

Anonymous said...

စံနစ်တစ်ခုကို ပျက်စီးစေသောအကြောင်းတစ်ရားသည် ထိုစံနစ်အတွင်းမှပင် ပေါက်ဖွားလာမြဲဖြစ်သည်၊

Anonymous said...

မြန်မာနိုင်ငံက လူကြီးသားတွေ အများစုကတော့ ဒီလိုပါပဲ။အမျိုးထဲ ကစစ်မှုထမ်းချင် ရင်တော့စစ်ရုံး မှာထမ်းလို့ရပါတယ်။

Anonymous said...

ဒေါ်စုကြည်သားနှစ်ယောက်ရော ဘာတွေ လုပ်နေလဲ။

moethee.blogspot.com said...

ဒေါ်စုကြည်သားတစ်ယောက်က လက်သမား လုပ်စားနေတယ်လို့သူတို့နဲ့ နီးစပ်တဲ့နေရာကကြားပါ တယ်၊ တော်တော်ရုန်းကန်နေရကြောင်းသိရပါတယ်၊