အမေရိကန် သမ္မတသစ်၏ ထိပ်တန်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ
-မြတ်စိုး-
နောင်တက်လာမဲ့ အမေရိကန် သမ္မတသစ် အိုဗားမား ကတော့ သူ၏ အစိုးရ အဖွဲ့ရဲ့ အဓိကနေရာတွေ နှင့် နိုင်ငံ၏ အဆင့်မြင့် လုံခြုံရေး ကောင်စီကို ယှဉ်ပြိုင်ဘက် အတိုက်အခံ များနှင့် ဖွဲ့စည်း လိုက်ပါပြီ။
ယှဉ်ပြိုင်ဘက် အတိုက်အခံ နယူးယောက် ဆီနိတ် အမတ် ဟေလာရီကို နိုင်ငံခြားရေးဝန်ကြီး နဲ့ သမ္မတ ဂျော့ခ်ျဘုရှ် ၏ လက်ရှိ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်ပြီး တာဝန် ထမ်းဆောင်ဖို့ နံမည်တင်သွင်းခဲ့တယ်။ သူတို့ နှစ်ဦးစလုံးကလည်း လက်ခံခဲ့ တယ်။ ရီပါပလက်ကင်ပါတီ သမ္မတလောင်းအဖြစ်ဝင်ရွေးခဲ့တဲ့ ဆီနိတ်တာဂျွန်မက်ကိန်း နဲ့ နီးစပ်သူ အငြိမ်းစား မရိန်းတပ် ဗိုလ်ချုပ်ကြီး ဂျိမ်းဂျုံး ကိုတော့ သမ္မတအိမ်တော်၏ အမျိုးသား လုံခြုံရေးရေးရာ အဆင့်မြင့် အကြံပေး အရာရှိ၊ အရစ်ဆိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်နက်နပါလိုတားနိုး ကို ပြည်တွင်း လုံခြုံရေးရာဝန်ကြီး နှင့် တရားရေးရာ အဆင့်မြင့်အရာရှိဟောင်း အဲရစ်ဟိုဒါ ကို ပြည်ထဲရေးဝန်ကြီး၊ စူဆန်ရိုက်စ် ကိုတော့ အမေရိကန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ဖြစ် အသီးသီးခန့်အပ်ဖို့ ကြေညာခဲ့တယ်။
သူတို့ တွေဟာ အမေရိကန်နိုင်ငံ၏ လုံခြုံရေးရာနှင့် အပြည်ပြည်ဆိုင်ရာ အရေးတွေမှာ အဓိကရာထူး နေရာက နေ တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်များ ဖြစ်လာကြပါလိမ့်မယ်။ အတိုက်အခံ နှင့် လက်ရှိအစိုးရ အကြား ဘယ်လိုဘဲ အချင်းချင်း တိုက်ခိုက်မှု၊ဝေဖန်မှုတွေ နှင့် မတူကွဲပြားတဲ့ အယူအဆတွေ ရှိခဲ့ ကြပေမဲ့ တိုင်းပြည်အကျိုး တခုတည်းကိုကြည့် ပြီ၊ ဒီလို စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်နိုင် တာဟာ အမေရိကန် သမ္မတသစ် အိုဗားမား၏ အမြော်အမြင် ကြီးမား မှု နှင့် ခေါင်းဆောင်ကောင်းအရည်အချင်းပြည့်ဝမှု ကြောင့် လို့သာဆိုနိုင်ပါတော့တယ်။
နိုင်ငံရေးအကျပ်အတည်း တွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာပေါ်ရှိ အာဏာရှင် နိုင်ငံ တော်တော် များများမှာတော့ အတိုက်အခံတွေအချင်းချင်းကြား၊ အတိုက်အခံနှင့် အာဏာရှင်အစိုးရ တွေ အကြားမှာ တင်းမာတဲ့ ဆက်ဆံရေးတွေရှိပြီး၊ တယောက်နှင့် တယောက် မျက်နှာချင်းတောင် မဆိုင်ချင်ကြတော့ဘူး။ နိုင်ငံရေးအရ၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာမှုတွေ၊ ကို မတွေ့ရသလောက်ပါ။ ဘာကြောင့်လည်းဆိုတော့ အာဏာရှင်က တိုင်းပြည် အကျိုး ကိုမကြည့်သလို၊ တချို့ အာဏာရှူး အတိုက်အခံ တွေကလည်း ပြည်သူ့ အကျိုး ကို မကြည့် ကြတော့ဘူး။ ခေါင်းဆောင် ဆိုတာ အတိုက်အခိုက် ခံနိုင်ရမယ်လို့ တချို့ က ပြောဆိုကြတယ်။ ဒါပေမဲ့လည်း ခေါင်းဆောင် ဆိုတာ တာဝန်ယူမှု ရှိရမယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ မြန်မာပြည်မှာတော့ အာဏာရှင်တွေ နဲ့ ပြည်ပရှိ အာဏာရှူး အတိုက်အခံ တွေက အရည်ထူနေကြပြီ ထင်ပါရဲ့။ တော်တော် လေး ကို ခံနိုင်ရည်ရှိကြတယ်။။ အာဏာရှင် တွေ က အတိုက်အခိုက် ခံနိုင်တာထားပါတော့။ အတိုက်အခံ တွေ ကလည်း အဖြေမရှာဘဲ၊ လက်ခံ စဉ်းစားပေးမှုမရှိဘဲ ခေါင်းဆောင် ဆိုတာ အတိုက်အခိုက် ခံနိုင်ရမယ်ဆိုပြီး နေ နေကြတယ်။ "ကျနော် ဟာ မှားယွင်းခဲ့မှုတွေ အပေါ် တာဝန်ရှိတာကြောင့် ရာထူးမှ နုတ်ထွက်ခွင့် ပြုပါဆိုတဲ့ ခေါင်းဆောင်မျိုး " ကျနော့် သက်တမ်းတလျှောက် မြန်မာ့နိုင်ငံရေးမှာ မတွေ့ရသေးဘူး။ သေတဲ့အထိ ခေါင်းဆောင် လုပ်နေမဲ့ သူတွေကိုတော့ တွေ့ ရတယ်။ကျိန်းသေတာကတော့ ဒီလုပ်ရပ်တွေဟာ ဒီမိုကရေစီရေး တိုက်ပွဲ အတွက် အများ ကြီးနစ်နာတယ်။ ဒီလို ဖြစ်ပေါ်နေမှုတွေကို မီဒီယာတွေ မှာပြောဆိုမှုမရှိကြဘူး။
မီးလောင်ရာလေပင့်ဆိုသလို၊ သိက္ခာကင်းမဲ့ တဲ့ အသံလွှင့် သတင်းမီဒီယာတွေ ကလည်း လူ ၁၀ တောင်မရှိတဲ့ အုပ်စုတွေကို အစိုးရ အဖွဲ့ဆိုပြီး မျက်နှာပြောင်တိုက် ကြေညာနေကြတယ်။ သတင်း အချက်အလက် မှန်ကို မဖော်ပြရဲ ကြဘူး။ သတင်း မီဒီယာသမား တော်တော်များများ ဟာ NGO နိုင်ငံရေး နောက် လိုက်၊ ထမင်းစား၊ ဟင်းစားကောင်းအောင်၊ ခွေးဝမ်းသာအောင် လေလည် ပြနေကြတယ်။ ဒီလို သတင်းအမှန်မဖော်ပြရဲတဲ့ လုပ်ရပ်ဟာ တိုင်းပြည်ကိုနစ်နာစေသလို၊ ပြည်သူကိုလည်း နစ်နာစေပါသည်။
ဥပမာ အားဖြင့် ပါလက်စတိုင်း နိုင်ငံ၏အရေး ကိုကြည့်ပါ။ ရာဆာအာရာဖတ်ခေါင်းဆောင်တဲ့ ပီလဲအိုအုပ်စု ဟာ သူသေဆုံးသွားပြီးနောက် အင်အားချိနဲ့နေတယ်။ ဒါပေမဲ့ လည်း သတင်းမီဒီယာတွေ မှာ အမှန်အတိုင်း မဖော်ပြခဲ့ကြဘူး။ တကယ့် ရွှေးကောက်ပွဲမှာ ပြိုင်ဘက် ဟာမားအုပ်စု ကဘဲ မဲအပြတ်အသတ် အနိုင်ရခဲ့တယ်။ ပါလက်စတိုင်း ပြည်သူတွေက ပီလဲအိုကိုထောက်ခံမှုမရှိ သလောက်ဖြစ်ခဲ့ပေမဲ့၊ သတင်းမီဒီယာတွေ က သတင်းကျင့်ဝတ်နဲ့ အညီ မဖော်ပြရဲကြဘူး။
ထိုင်းသတင်းမီဒီယာ ကတော့ ထူးထူးခြားခြားပါဘဲ။ ထိုင်းနိုင်ငံရေးအကြောင်း နှင့် ပက်သက်ပြီး သတင်းအချက် အလက် အမှန်ကို ဝေေ၀ဆာဆာဖော်ပြခဲ့ကြတယ်။ (၃) ကြီမ် ဆက်တိုက် အနိုင်ရခဲ့ တဲ့ ထိုင်းအာဏာရ ပါတီ ပီပီပီ ဟာ အတိုက်အခံတွေ ကို အစိုးရ အဖွဲ့ အတွင်း ထည့်ပြီး ပူးပေါင်းဆာင်ရွက်ခြင်း မရှိခဲ့သလို၊ အတိုက်အခံ ပီအေဒီ ကလည်း ပြည်သူတွေနဲ့ အတိုက်အခံ ဖြစ်လာကြပြီဆိုတာဘဲ။ ဒါတွေဟာ သတင်းအချက်အလက် အမှန်တွေပါ။ မီဒီယာတွေ က ပြည်သူတွေကို မှန်မှန်ကန်ကန် တင်ပြခဲ့တယ်။
ပြည်သူ့ အခွန်ငွေ သန်းနဲ့ချီ သုံးစွဲနေတဲ့ ပြည်ပမြန်မာ အသံလွှင့်သတင်းမီဒီယာတွေ အနေနဲ့ ဒီဖြစ်ရပ်တွေအပေါ် သင်ခန်းစာယူ နိုင်တယ်။ နားကန်း၊မျက်စိကန်း သတင်းထောက် တွေ ဖြစ်မနေသင့်ဘူး။ ပြည်သူထောက်ခံမှု မရှိတဲ့ အုပ်စု၊ လူ ၁၀ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အုပ်စု ကို အစိုးရလို့ သတင်းမီဒီယာ တွေ က ဖော်ပြ ခေါ်ဝေါ်သုံးစွဲ နေယင် တော့ အဲဒီ သတင်း မီဒီယာတွေဟာ ဂုဏ်သိက္ခာကင်းမဲ့လာပြီး၊ ယုံကြည်လို့မရတော့တဲ့ သတင်းမီဒီယာ ဌာနဖြစ်သွားလိမ့်မယ်။ ဒီလို လိမ်ညာ ဖော်ပြနေမှုဟာ လက်ရှိ လူငယ်တွေ ရဲ့ တွေးခေါ်ထင်မြင် ယူဆမှု တွေ အပေါ် လွှမ်းမိုးမှုရှိ မှာမဟုတ်ဘူး။ ယုံကြည်မှုရမှာ မဟုတ်ဘူး။
တခါတရံ ၆တန်း-၈ တန်းလောက်သာ အတန်းပညာတက်သူကို၊ ၈၈ ကျောင်းသားခေါင်းဆောင်ဆိုပြီး သတင်း ကြေညာ နေတဲ့ မီဒီယာတွေတောင် ရှိနေတယ်။ မီဒီယာတွေဟာ နီးစပ်ရာ သူတွေကိုမေး၊ သတင်း နောက်ကိုသာလိုက်ပြီး၊ သတင်းအချက် အလက်မှန် တွေကို မဆန်းစစ်ကြတော့ဘူး။ တချို့ ဆို ပြည်ပ မီဒီယာတွေကြောင့် အဖမ်းခံ ခဲ့ရတယ်။ တချို့ အစိုးရ ၀န်ထမ်းတွေဟာ အလုပ်ပြုတ်ကြတယ်။ ပြည်ပ မီဒီယာ သမားတွေ ဟာ မီဒီယာ ကျင့်ဝတ်ကို နားလည်ဘို့တော့လိုအပ်ပါတယ်။ ဝေဖန်ထောက်ပြ သူတွေကိုလည်း ရန်သူလို ဆက်ဆံခြင်း မပြု သင့်ပါဘူး။
လွတ်လပ်တဲ့နေရာမှာ ရောက်ရှိနေကြတဲ့ သတင်းသမားတွေကိုယ်တိုင် သိက္ခာကင်းမဲ့ပြီး၊ မျက်ကန်းတွေ လို ဖြစ်နေကြရင်တော့ ဘယ်လိုဘဲ တိုက်တိုက် မြန်မာပြည်ဟာ လွတ်မြောက် နိုင်မှာလည်း မဟုတ်ပါဘူး။ ပြည်သူ ကလည်း သတင်းအချက်အလက်မှန် ကိုရရှိကြမှာ မဟုတ်ဘူး။ ဒီလို ဂုဏ်သိက္ခာကင်းမဲ့ တဲ့ သတင်း မီဒီယာ တွေကြောင့် အရည်အချင်းရှိတဲ့ လူငယ် ခေါင်းဆောင်သစ်တွေ လည်း ထွက်ပေါ်လာမှာ မဟုတ်ဘူး။ သတင်းအချက်အလက်မှန် ကို မီဒီယာတွေမှာ မဖော်ပြခြင်းဟာ၊ အချောင် သမားတွေကို အားပေးရာ ရောက်နေတယ်။
အနာက်နိုင်ငံတွေမှာလို အတိုက်အခံ နှင့် အာဏာရ ပါတီ အကြား အတူတကွ ပူးပေါင်းလုပ်ကိုင် နိုင်ဘို့ ကို ထားအုံးတော့၊ အတိုက်အခံ အချင်းချင်း အကြားတောင် တွေ့ဆုံဆွေးနွေးဖို့ က အလှမ်းဝေး ပါသေးတယ်။ မြန်မာပြည် ဒီမိုကရေစီရရှိရေး၊ မြန်မာပြည်လွတ်မြောက်ရေး အတွက် ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေး လို့ သာဆိုချင်ပါ တော့တယ်။
Rest of your post
9 comments :
"မန်မာပြည်မှာတော့ အာဏာရှင်တွေ နဲ့ ပြည်ပရှိ အာဏာရှူး အတိုက်အခံ"
lmao excellent words choosing and using...
ပညာအခြေခံမရှိပေမယ့် ပြည်သူ့ရှေ့က စွန့်လွှတ်တိုက်ပွဲဝင်နေရင်တော့ ခေါင်းဆောင်လို့ခေါ်ရလိမ့်မယ်။ ပညာတွေ အများကြီးတတ်ပြီး နိုင်ငံခြားက အော်နေသူထက်တော့ အများကြီးသာတဲ့ ပြည်သူ့ခေါင်းဆောင်ပါပဲ။
မီဒီယာတွေကြောင့်အဖမ်းခံရတယ် ထောင်ကျတယ် ဆိုတာလဲ ဟုတ်ချင်မှဟုတ်မယ်လေ။
သူတို့ကိုယ်တိုင်က မပြောချင်ပဲနဲ့တော့ သူတို့အသံကို သုံးခွင့် သတင်းလုပ်ခွင့်မရှိဘူး။
GW လို မနက်ဖမ်းတာနဲ့ နေ့လည် သတင်းထုတ်ပြန်ချက် ထုတ် တာမျိုးကိုရော ဘယ်လိုပြောမလဲ။ ၈၈ မတိုင်ခင် ၆၂ ကစလို့ ၇၄၊ ၇၅၊ စသဖြင့် ဒီနေ့ထိ အဖမ်းခံ အနစ်နာခံ ဘ၀ပျက်ခံနေရသူတွေ အားလုံးထက်များ သူတို့က ပိုနစ်နာနေသလား ။ အဲဒီလိုမျိုးတွေ ပြောလို့ရတယ်လို့ နမူနာပေးတာပါ။ ဆက်လက်ဆွေးနွေးချင်ရင် ကျမရဲ့မေးလ်ကို ကိုမိုးသီးဆီက တောင်းပြီး ဆက်သွယ်လို့ရပါတယ်။
ဘယ်သူရေးတယ်မသိပါ။
ခင်မင်းဇော်
ကောင်းတယ်ဗျို့....ဆော်သာ ဆော်... မီဒီယာသမားတွေက သူတို့ဘဲနိုင်ငံရေးသမား၊သူတို့ဘဲ ကျောင်းသားခေါင်းဆောင်တွေ၊သူတို့ဘဲဂျာနယ်လစ် သမားတွေဖြစ်နေတယ်။
မခင်မင်းဇော်
၁) တာမွေ ရဲစခန်းမှုးက ပြောသည် ထက် ရန်ကုန်မြို့ သက်ဆိုင်ရာ ရဲစခန်းဌာနတခု မှ သတင်းရရှိသည် လို့ ပြောခြင်းက သတင်းပေးသူ၏လုံခြုံရေးကို အကာအကွယ်ပေးရာရောက်တယ်။ တကယ်လို့ သူအဖမ်းခံရယင်၊ နောက် သတင်းပေးသူတွေဟာ ကြောက်ရွံ့ သွားနိုင်တယ်။ မေဆွိ မသေဘဲ။ သေပြီ ဆိုပြီး သတင်းရ ရင်ပြီးရော မကြေညာသင့်ဘူး။ ဥပမာ ထားပြီးတော့ ဂျာနယ်လစ်တွေ စောင့်တိမ်းရမည့် ကျင့်ဝတ်ကို ဆွေးနွေးတာပါ။
၂) Activist and Leader ကို ခွဲမြင်စေခြင်တယ်။ လူတိုင်းက Activists လုပ်နိုင်ပေမဲ့၊ ခေါင်းဆောင် ဆိုတာ လူတိုင်း မလုပ်နိုင်ဘူး။ အထူးသဖြင့် တိုင်းပြည်ခေါင်းဆောင် က ပိုခက်သေးတယ်။ ဆိုက်ကားသမား ရပ်ကွက် တရားသူကြီး လုပ်နေတဲ့ တိုင်းပြည်ဟာ ဘယ်တော့မှ တိုးတက်ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကျွန်တော် မြင်တယ်။ ပညာတက်နဲ့ ပညာမဲ့ ခွဲခြားပြီးရေးတာမဟုတ်ဘူး။
၃) စာထဲမှာဆိုလိုတာက ၆-၈တန်း ကျောင်းသား က ဘယ်တုန်းကမှ ၈၈ ကျောင်းသားခေါင်းဆောင် မဖြစ်ခဲ့ဘူး။ ၈၈ အရေးအခင်း နဲ့ ၈၈ ကျောင်းသား လှုပ်ရှားခဲ့မှုကို ခွဲမြင်စေခြင်တယ်။ အဓိက ပြောချင်တာက နွားကျောင်းသား ကို ၈၈ ကျောင်းသားခေါင်းဆောင် ဆိုပြီး လေလှိုင်းကနေ မဟုတ်တာ မပြောသင့်ဘူးကိုဆိုလိုတာ။ စော်ကားတာ မဟုတ်ဘူး။ မှန်မှန်ကန်ကန် ဖော်ပြပေးဖို့ ဆိုလိုတာပါ။
၎) မြန်မာ့နိုင်ငံရေးက INPUT ကို ကြည့်တာ။ ဘယ်သူ ကထောင်ဘယ်လောက်ကျခဲ့သလဲ၊ ဘယ်သူက တောထဲမှာလက်နက်ကိုင်တိုက်ခဲ့သလဲ၊
ဘယ်သူက ၀န်ကြီးချုပ်၊နိုင်ငံရေးသမားသားသမီး၊ ဘယ်သူကဘယ် နှစ်ခုနှစ်ကလုပ်ခဲ့တာ စသဖြင့်ပေါ့။ ကမ္ဘာ့နိုင်ငံရေးမှာက OUTPUT (သို့) Results ကိုကြည့်တာ။ အမြင် ကတော့ တယောက်နဲ့ တယောက် မတူနိုင်ဘူး။ နွားချေခွက် က ဖားသူငယ်လို၊ အိုင်၊ မြစ်၊ချောင်း မမြင်ရင်တော့ နွားချေခွက် ကကြီးနေတယ်လို့ ထင်နေမှာဘဲ။ ဒီအပေါ် ဒီလောက်ဘဲဆွေးနွေးချင်တယ်။
ွှတရုတ်ဖြစ်ဖြစ်၊ကုလားဖြစ်ဖြစ်၊မွန်၊ရှမ်း၊ကချင်။ချင်း၊ကယား ဘယ်သူ ဖြစ်ဖြစ် တိုင်းပြည်နဲ့ ပြည်သူ ကို တိုးတက်ကြီးပွားအောင်လုပ် ပေးနိုင်ယင် ဘယ်သူမဆို တိုင်ပြည် ခေါင်းဆောင် လုပ်နိုင်တယ်။ One Man One Vote ဘဲ။ ဘယ်လူမျိုး ဘယ်သူ မှ အထူးအခွင့်အရေး မပေးသင့်ဘူး။ ၆၂ ၇၄ ၈၈ ဆိုပြီတော့လည်း နိုင်ငံရေးမှာ အထူးအခွင့် အရေး ရမှာမဟုတ်ဘူး။ အရည် အချင်း ရှိတဲ့ သူ ခေါင်းဆောင် ဖြစ်ရင် အမြဲထောက်ခံတယ်။
၅) တနိုင်ငံလုံးက ပြည်သူတွေ ဒုက္ခရောက် နေကြတာ။ တနိုင်ငံလုံးက ပြည်သူတွေ နစ်နာနေတာ။ နယ်စပ် ကလူကမှ ပိုအနစ်နာခံနေတာမဟုတ်ဘူး။ ကျနော် တို့ နေခဲ့တဲ့ ABSDF 102 မှာ လူအမျာဆုံး တိုက်ပွဲမှာကျခဲ့တယ်။ တောင်တွေလဲ ကျခဲ့တယ်။ ဒီလို လုပ်ခဲ့လို့ ငါတို့ဟာ သူများထက် ပိုအနစ်နာခံခဲ့ပါတယ်လို့ ပြောရမှာရှက်တယ်။ အဲဒီတော့ ခင်ဗျား ပြောတဲ့လူထဲမှာ ကျနော်တို့ မပါဘူး။ ဘယ်သူ ဘဲဖြစ်ဖြစ် အရည်အချင်းရှိရင် ခေါင်းဆောင်ဖြစ်လာမှာဘဲ။ ဘယ်သူ ဘဲ ဖြစ်ဖြစ် တိုင်းပြည် အကျိုး၊ ပြည်သူ့ အကျိုးအတွက် လုပ်ပေးနိုင်ရင် အားပေးတယ်။ တောက်ခံတယ်။ ဒီနေရာမှာ အဆိပ် ပင် ရေ မလောင်းသင့်ဘူးလို့ ရေးတဲ့စာမှာ ဆိုလိုတာ။
ထက်ဆွေးနွေးချင်ရင် msoe9872@gmail.com gtalk သုံးပြီးဆွေးနွေးနိုင်တယ်။ အပြုသဘော အကြံပေး ဆွေးနွေးမှု ကို အမြဲ ကြိုဆိုတယ်။
မြတ်စိုး
၂၆၀-၆၁၅-၀၅၇၅
msoe9872@gmail.com
အော် ဒုက္ခ ဒုက္ခ ဒုက္ခ ဟုသာ မှတ်ချက်ပေးလိုပါသည်။
တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ အပြုသဘောဆောင်ဆွေးနွေးတာကောင်းပါတယ်။ အချက်အလက်ပေါ်မှာ အခြေခံပြီး ဝေဖန်ကြပါလို့တိုက်တွန်းလိုပါတယ်..
အပြုသဘောဆောင်ဝေဖန်မှုမျိုး အတိုက်အခံအချင်းချင်းကြားမှာ အမှန်တကယ်လိုအပ်နေပါတယ်။ ပုဂ္ဂိုလ်ရေးအရ စော်ကားတာမျိုးတော့ အားမပေးသင့်ပါဘူး။
မီဒီယာတွေကလည်းသူတို့ဟာကွက်တွေကို သူများပြောလာမှမြင်လာမှာပါ။ များသောအားဖြင့် ဒီနေ့  ပြည်ပ မီဒီယာ သမား တွေ ဟာ ဘက်လိုက်မှု မရှိရင်ပြီးရောဆိုတဲ့သဘောတခု ကလွဲရင် မီဒီယာရဲ့လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်းစည်းကမ်းတွေ ကို စနစ်တကျမလေ့လာမသင်ကြားဘူး တဲ့လူအတော်များနေတာကိုသတိပြုမိပါတယ်။ တခါလာလည်းမဲပြာပုဆိုးဆိုသလိုလူထပ်၊ဓါတ်ပြားထပ်နေတာမျိုးတွေများနေရင်တော့ပြည်သူ့ရဲ့သဘောထား အမှန်တွေကို မရနိုင်သလို သောတရှင်တွေရဲ့ထောက်ခံအားပေးမှုတွေ လည်းကျဆင်းလာမှာ အမှန်ပါ။
VOA, BBC, RFA, DVB ကို ကော်ပီရာထဲ့ထည့်ပြီး ကော်ပီဆွဲလိုက်ရင် တပုံထဲ ထွက်လာလိုက်မယ်။ အတက်မရှိတဲ့ ခွပ်ဒေါင်းပုံဘဲ။ ဘာဖြစ်လို့ တူနေလဲမေးစရာရှိလာမယ်။ ကျောင်သားတယောက်အဖမ်းခံရ ရင် လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ကြေညာတယ်။ ဒီ ကျောင်သားတယောက်ဘယ်လို စွန့်စွန့်စားစား အနှစ်နာခံပြီး၊ တိုက်ပွဲဝင်ခဲ့တာကို မဖော်ပြဘူး။ ခွေး ၂ ကောင် ကိုက်တယ်။ ဘာကြောင့် ကိုက်သလဲ၊စစ်ရေးကျွမ်းကျင် သူ တင်မောင်သန်း၊ ဌေးအောင်၊ ၀င်းမင်း၊ အောင်နိုင်ဦး ကို မေးတယ်။ နောက်ချီးပုံ ရွှေချပွဲ၊ လည်း တင်မောင်သန်း၊ ဌေးအောင်၊ ၀င်းမင်း၊ အောင်နိုင်ဦး။ နထိုးကြီးက လယ်သမားကြီး ပေါင် မှာ ပွေးပေါက်လဲ တင်မောင်သန်း၊ ဌေးအောင်၊ ၀င်းမင်း၊ အောင်နိုင်ဦး။ ကုလားတကောင် အိမ်လာလည်တယ်။ တင်မောင်သန်း၊ ဌေးအောင်၊ ၀င်းမင်း၊ အောင်နိုင်ဦး။ ကိုမေးကြတယ်။ ဘယ် မီဒီယာ မှ လူတယောက် ကို အကြာကြီး မမေးဘူး။ လူတယောက် ကို အကြာကြီးမေးရင် လွတ်လပ်တဲ့ မီဒီယာဖြစ်လာမှာမဟုတ်ဘူး။ Virus မီဒီယာဖြစ်လာမယ်။၅ နှစ်ကျော်ပြီ။ မြန်မာပြည် မှာ ပညာရှင်တွေမရှိတော့ သလိုဘဲ။ အစော်ကားခံနေကြရတယ်။ မီဒီယာဟာ လူတစု ရဲ့ မီဒီယာ ဖြစ်နေတယ်။ စစ်အုပ်စု သတင်းတွေမှာ သန်းရွှေ၊ကျော်ဆန်း၊မောင်အေး၊ရွှေမန်း အူတာကြားရတယ်။ ပြည်ပမှာ ဌေးအောင်၊ ၀င်းမင်း၊ အောင်နိုင်ဦး၊ တင်မောင်သန်း အမြင်ဘဲကြားရတယ်။ သူတို့ မှာအပြစ်မရှိဘူး။ စောက်သုံးမကျ၊ အလွယ်လိုက်တဲ့ မီဒီယာသမားတွေကြောင့်ဘဲ။ရှက်ဘို့ သိပ်ကောင်းနေပြီ။
တည့်တည့်ကြီးတီးတာတော့မကောင်းဘူး...မတီးပြန်လည်း
မမြည်ဘူး...ဘယ်သူတီးတီး မှန်တာတီးလို့သောက်
သုံးမကျရင်တော့ခံပေတော့ဆရာ..ပြည်တွင်းမှာလည်း
အာဏာရှင်..ပြည်ပမှာလည်းအာဏာရူး..ပြေးကြည့်တော့
လဲ သုံးယောက်နဲ့တပိုင်း..ဘယ်လိုများတိုင်းပြည်ကိုကယ်
တင်ကြမှာလဲ အရပ်ကတို့ရဲ့....
ဘာမှမလုပ်ပဲ ဘေးကနေ လုပ်နေသူတွေကို အပြစ်တင်နေတဲ့သူတွေထက် စာရင်တော့ တခုခု လုပ်နေတာက ပိုတန်ဖိုးရှိတာပေါ့ဗျာ။ ဝေဖန်နေတဲ့ လူတွေလဲ တတ်နိုင်သလောက်ဝင်လုပ်ကြဦးပေါ့။ အလုပ်လုပ်တဲ့လူတွေကတော့ အမှားရှိကြသပေါ့။ ပြောရရင် နယ်စပ်မှာ လပိုင်းလောက်လေးနေပြီး တို့က ဘယ်လို တိုက်နေတာ ပြောတဲ့လူတွေလဲ ပါတာပဲ။ တတိယနိုင်ငံကနေ လေသေနတ်ပစ်နေသလိုပဲလို့ မြင်ပါတယ်။ မီဒီယာတွေ မကောင်းဘူး ဆိုရင်လဲ ကောင်းတဲ့ မီဒီယာတခု ဖြစ်အောင် ထူထောင်ပြီး လုပ်ပြကြပေါ့လေ။ ဒါပဲ ရှိတာပဲ။
Post a Comment