Thursday 11 December 2008

ဝန်းကျင် မိတ်ဆွေ အခေါင်း ( Eco-Friendly Coffin)


အခေါင်း လုပ်ပညာရှင် ဂျူဒီ မက်ဂရေသ် က သဘာဝ အရင်းမြစ်တွေကိုထိမ်းသိမ်းနိင်ဖို့ကိုရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ သဘာဝမိတ်ဆွေ အခေါင်း (Eco-Friendly Coffin ) ကို တီထွင်လိုက်ပါတယ်။ သူမတီထွင်ထားတဲ့ အခေါင်းသစ်ဟာ ပြာမှုန် ပြာမှုန် သို့  ( Ashes to Ashes ) ဆိုတဲ့ အဓိပ္ပါယ်သစ်ကို ဆောင်နေပါတယ်လို့သူမကဆိုပါတယ်။ အခေါင်းရဲ့ ၉၇ ရာခိုင်နှုန်းကို အသုံးပြုပြီးသား စက္ကူကပ်ပြားတွေနဲ့ လှပခိုင်ခံ့အောင်ပြုလုပ်ထားပါတယ်။ ဟောင်ကောင်းမှာတော့ ဒီအခေါင်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်ပါတယ်။

လူတွေက သေဆုံးသွားသူတွေအပေါ်မှာ လေးစားမှု ကြောင့် အသစ်တီထွင် ထားတဲ့အခေါင်းကို အသုံးပြုဖို့  တွန့် နေသေးတယ်လို့ဆိုတယ်။ အခေါင်းမှာ သစ်တွေကို အများကြီး အသုံးပြု ရတယ်။ ဈေးကြီးတယ်။ လုပ်ရတာလည်းကြာတယ်။ ၁၀ ရက်ခန့် အချိန်ယူရတယ်လို့ ဆိုတယ်။ အသစ်တီထွင်ထားတဲ့ အခေါင်းဟာ ဈေးချို ပြီး သဘ၀ပတ်ဝန်ကျင်ပြုံးတီးမှုတွေကို ထိမ်းသိမ်းရာရောက်တယ်လို့  ဟောင်ကောင်း နိဗာန်ကုန်သည် က ဆိုပါတယ်။ မိတ်ဆွေအနေနဲ့ ရော ဒီလိုတီထွင်မှုကို ဘယ်လို မြင်ပါသလဲ။ မြန်မာပြည်က သစ်တောတွေကိုကိုယ်ကျိုးအတွက်ဖြုန်းတီးနေတဲ့ တေဇနဲ့ ဦးသန်းရွှေတို့ အတွက်လည်း ဒီအခေါင်းတစုံ လက်ဆောင်ပေးရရင် ဘယ်လို သဘောထားပါသလဲ။

(မှတ်ချက် - Eco-Friendly ဆိုတဲ့ဝေါဟာရကို မြန်မာလို့  အတိကျဘာသာပြန်တာမရှိသေးပါဘူး။ ဒါကို ၀န်းကျင် မိတ်ဆွေ လို့  ဘာသာပြန်သုံးထားပါတယ်။ Eco ကို သဘာဝပတ်ဝန်းကျင်၊ ဂေဟ ဆိုတဲ့စကားလုံးများကိုလည်း ပြည်တွင်းမှာ သုံးစွဲတာကိုသတိပြုမိပါတယ်။ Eco-Friendly ကိုတော့ ပြန်ထားတာမတွေ့ မိသေးပါဘူး။ )



No comments :