Friday 2 January 2009

လူရွင်တော် ဦးပါပါလေး မွေးသဖခင်ကြီးကွယ်လွန် ခြင်း

မန္တလေးအခြေစိုက်နှုတ်ခမ်းမွှေးညီနောင်ဟူနာမည်တွင်သည့်နိုင်ငံရေးအကုဉ်းသားဟောင်းလူရွှင်တော်ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင်ဖြစ်သူလူရွှင်တော်ကြီး ဦးညိုဘန်း မှာ၁၃၇၀-ခု၊ပြာသိုလဆန်း(၄)ရက်၊ (၃၀-၁၂-၂၀၀၈) အင်္ဂါနေ့၊ နံနက်(၁း၀၀)နာရီအသက်၈၅နှစ်အရွယ်တွင်ကွယ်လွန်အနိစ္စရောက် ခဲ့သည်ဟု သတင်း ရရှိသည်။ စစ်အစိုးရအား အနုပညာဖြင့် ဝေဖန်ခဲ့ သည့် အတွက် လူရွှင်တော် ဦးပါပါလေးမှာ ၁၉၉၆ခုနှစ်တွင် ထောင်ဒဏ် အပြစ်ပေး ခံရပြီး မြန်မာနိုင်ငံ မြောက်ဖျားရှိ ကျိန်ခရမ်ခ ရဲဘက်စခန်း သို့ပို့ဆောင်ခြင်းခံရသည်။ လူရွှင်တော်ကြီး ဦးညိုဘန်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ် ကိုမန္တလေးမြို့၊ မဟာအောင်မြေအရှေ့၊ ၈၀ x ၈၁ ကြား၊ ၃၉ လမ်းနေအိမ်မှ တောင်မြင့် သုဿန်သို့(၃၁-၁၂-၂၀၀၈) ဗုဒ္ဓဟူးနေ့၊ နေ့လည် (၁း၀၀)နာရီတွင်ပို့ဆောင်မီးသဂြိုဟ် ခဲ့သည်ဟူသတင်းရရှိသည်။




Rest of your post

No comments :