Friday, 9 January 2009

အမေရိကန် အလုပ်လက်မဲ့ ကိန်းဂဏန်း အချက်အလက်


အမေရိကန် အလုပ်လက်မဲ့ အညွှန်းပြမြေပုံ

-မြတ်စိုး-

ဒီဇင်ဘာလမှာ အလုပ်လက်မဲ့ ၅၂၄, ၀၀၀ ရှိခဲ့တဲ့အတွက် အမေရိကန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်အတွင်း အလုပ်လက်မဲ့ဖြစ်ခဲ့ရသူ စုစုပေါင်း ၂.၆ သန်း နီပါး ရှိနေပြီလို့ အစိုးရ၏ အလုပ်သမားရေးရာဆိုင်ရာ ဌာန က ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ဒီလို တနှစ်အတွင်း အလုပ်လက်မဲ့ ဦးရေ များပြားခဲ့မှုဟာ ၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးခဲ့ပြီးတဲ့ နောက် အမြှင့်မားဆုံးအဆင့် ကို ရောက်ရှိနေတာပါ။ ဒီ အချက်အလက် တွေအရ အမေရိကန်၏ အလုပ်လက်မဲ့ ဦးရေ ဟာ ဒီဇင်ဘာလမှာ ၇.၂ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ နိုဝင်ဘာလမှာ ၆.၇ ရာခိုင်နှုန်းရှိ ခဲ့ တယ်။ အလုပ်လက်မဲ့ အများစုဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ကစတင် ဖြစ်ပေါ်ခဲ့တဲ့ ငွေကြေး နှင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း ပြဿနာ ကြောင့် ဖြစ်ခဲ့ရပြီး၊ စက်တင်ဘာ၊ အောက်တိုဘာ၊နိုဝင်ဘာ နဲ့ ဒီဇင်ဘာလ တွေမှာ စုစုပေါင်း ၁.၉ သန်း ရှိခဲ့ကြောင်း ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာပါရှိတယ်။ စက်ရုံအလုပ်ရုံ (Manufacturing ) နဲ့ ဆိုင်ရာမှာ အလုပ်ပေါင်း ၁၄၉,၀၀၀, အပန်းဖြေ တဲ့ လုပ်ငန်းဆိုင်ရာ( Leisure and Hospitality ) တွေမှာ အလုပ်ပေါင်း ၂၂,၀၀၀, ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းတွေ( Construction )မှာ အလုပ်ပေါင်း ၁၀၁,၀၀၀ ဆုံးရှုံးခဲ့ ကြောင်းတွေ့ရှိရတယ်။ ဒီဇင်ဘာ အားလပ်ရပ် အတွင်း ရောင်းအားကောင်းသော လတွေမှာတောင် ကုန်တိုက်ကြီးတွေမှာ အလုပ်ပေါင်း ၆၆,၀၀၀ လျှော့ချခဲ့တာတွေ့ရတယ်။ ကျွမ်းကျင်သူ တွေ နဲ့ ပညာရှင် ပိုင်းဆိုင်ရာ (Professional) လုပ်ငန်းတွေမှာ အလုပ်ပေါင်း ၁၁၃,၀၀၀ နဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေ (Financial Services Jobs) တွေမှာ အလုပ်ပေါင်း ၁၄,၀၀၀ ဆုံးရှုံး ခဲ့တယ်။ ဒါပေမဲ့လည်း အစိုးရဌာနတွေမှာ အလုပ်ပေါင်း ၇၀၀၀၊ ကျန်းမာရေးနဲ့ ပညာရေးလုပ်ငန်းတွေမှာ အလုပ်ပေါင်း ၄၅,၀၀၀ တိုးခဲ့တာတွေ့ခဲ့ရတယ်လို့ ဆိုတယ်။ ယာယီ အလုပ်အကိုင် ရှာဖွေပေးနေတဲ့ ဌာနတွေရဲ့ ကိန်းဂဏန်း အချက်အလက် အရ လည်း အလုပ်အကိုင် ဒီဇင်ဘာ လမှာ ၈၀,၆၀၀ နဲ့ နိုဝင်ဘာလမှာ ၉၄,၁၀၀ လျှော့ကျခဲ့ရတယ်လို့ဆိုတယ်။

ဒီလို အလုပ်အကိုင် လျှော့ချနေမှုဟာ ၂၀၀၉ ခုနှစ် ဇွန်လထိ ဆက်လက် ရှိနေအုန်းမယ်လို့ အမေရိကန်အစိုးရ အလုပ်သမား ရေးရာဆိုင်ရာဌာနက သတိပေးပြီး၊ အတည်ပြု ပြောကြား ခဲ့တယ်။


တနှစ်အတွင်း အလုပ်လက်မဲ့ မြှင့်တက်မှုနှုန်းထား ၁၄၆ ရာခိုင်နှုန်း ရောက်ရှိခဲ့သော
အင်းဒီယားနား ပြည်နယ်ရှိ အဲလ်ခထ်မြို့
မှာ အလုပ်လက်မဲ့ ၁၀.၇ ရာခိုင်နှုန်း ရှိနေ။
မော်တော်ကားလုပ်ငန်း အခြေခံသော
အဲလ်ခထ်မြို့ မှာ လူ ၉ ယောက်မှာ ၁ ယောက် အလုပ်မရှိဖြစ်နေ။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ က စတင်ဖြစ်ပွားခဲ့တဲ့ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု ( economic recession ) မှာ အလုပ်စုစုပေါင်း ၂.၅ သန်း ဆုံးရှုံးခဲ့တာကြောင့်၊ အနှစ် ၇၀ အတွင်း တတိယ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှုကြီးဖြစ်နေတယ်။ပထမ တခုကတော့ ၁၉၅၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု ( economic recession ) မှာ အလုပ်လက်မဲ့ ၇၁၅,၀၀၀ ရှိရာက အလုပ်အကိုင်ရှားပါးခဲ့မှုကြောင့် ၈ သန်းထိ ရောက်ရှိ ခဲ့ဘူးတယ်။ ၁၉၈၁-၈၁ ခုနှစ် စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှု ( economic recession ) မှာတော့ အလုပ် ၂.၇ သန်း ဆုံးရှုံး ခဲ့ဘူးတယ်။

မကြာခင်တက်လာတော့မဲ့ အရွေးချယ်ခံရ အမေရိကန် သမ္မတသစ် အိုဗားမားကတော့ ရာနဲ့ ချီတဲ့ ဒေါ်လာ ဘီလီယံ မြောက်များစွာကို ရင်းနှီးမြုပ်နှံသုံးစွဲပြီး၊အလုပ်အကိုင် ၃ သန်းကျော် ကို ၂ နှစ်အတွင်း ဖန်တီး ပေးမယ်လို့ ဂတိပြု ပြောကြားနေသော်လည်း၊ ဒီနှစ်မှာ ၂.၆ သန်း၊ အပါအ၀င် ၂၀၀၉ မှာ ဘွဲ့ရသူများ၊ ၁၈ နှစ်ပြည့်လို့ အလုပ် ရှာဖွေမဲ့သူများဟာ ၅သန်း နီးပါးဖြစ်လာနိုင်တာကြောင့်၊ ဒီပြဿနာတွေကို ထည့်သွင်း မစဉ်းစား ဘူး ဆိုလျှင် အလုပ် လက်မဲ့ပြဿနာဟာ သူပြော သလောက် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ စီးပွားရေး လေ့လာအကဲခတ် သုံးသပ် သူများ နဲ့ ကျွမ်းကျင် ပညာရှင်တွေကတော့ ခန့်မှန်း တွက်ဆ နေကြ ပါတယ်။

အမေရိကန်အစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာနက အမေရိကန်၏ အလုပ်လက်မဲ့ ကိန်းဂဏန်း အချက် အလက် ထုတ်ပြန်ကြေညာလိုက်ပြီး မကြာခင်မှာဘဲ နယူယောက် အစုရှယ်ရှာယာဈေးကွက် မှာ
Dow Jones အညွှန်းကိန်း ဟာ ၇၈.၂၉ (သို့) ၀.၉ ရာခိုင်နှုန်း၊ Standard & Poor's 500 အညွှန်းကိန်း ဟာ ၁၁.၇၇ (သို့) ၁.၂၉ ရာခိုင်နှုန်း၊ Nasdaq အညွှန်းကိန်း ဟာ ၂၈.၀၃ (သို့) ၁.၇၃ ရာခိုင်နှုန်း ကို ထိုးကျသွားခဲ့တယ်။ အနောက်နိုင်ငံရှိ အစုရှယ်ရှာယာ ဈေးကွက် တွေမှာလည်း အညွှန်းကိန်းတွေထိုးကျနေပြီး၊ ရေနံ ဟာ တစ် ပေပါ ကို ဒေါ်လာ ၄၀ ထိ ကျဆင်းသွားတယ်။ အာရှ ဈေးကွက်မှာလည်း အစုရှယ်ယာတွေ ဟာ မနက်ဖြန် ဈေးနှုန်းထိုးကျ လာဖွယ်ရှိကြောင်း ခန့်မှန်း ပြောဆိုနေကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စီးပွားရေး ဆုတ်ယုတ်နေမှုနဲ့ အလုပ်အကိုင်ရှားပါးလာနေမှုဟာ လူတွေရဲ့ ၀ယ်လိုသုံးစွဲမှုအား ကျဆင်းလာစေမှာ ဖြစ်ကြောင်း ၊ စီးပွားရေးပညာရှင် တွေက တွက်ဆခန့်မှန်း နေကြပါတယ်။

Rest of your post

No comments :