Saturday, 31 January 2009

အနာဂတ် မြန်မာ့ အရေး ( အိပ်ဖွင့်ပေးစာ)


-ကိုကိုအောင်-
၀၁-၂၄-၂၀၀၉

လွန်ခဲ့သောရက်အနည်းငယ်က အမေရိကန်နိုင်ငံတွင် အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား အိုဘားမား သမတသစ်ဖြစ်လာခဲ့ပါပြီ။ အမေရိကန်နိုင်ငံသားများသာမက ကမ္ဘာကသူ ကမ္ဘာသား အများ စိတ်ဝင်တစားရှိ ခဲ့ကြပေသည်။ အမေရိကန်နိုင်ငံ သမတသစ် တယောက်ပြောင်းလျှင် ကမ္ဘာက စိတ်ဝင်စားမှုရှိကြသည်မှာ မဆန်းပါ။ သို့သော် ဆန်းနေသည်မှာ အတိတ်တချိန်က အသားအေ၇ာင်ခွဲခြားမှု၊ လူဖြူလူမဲခွဲခြားဆက်ဆံမှု ရှိခဲ့သောအမေရိကန်နိုင်ငံတွင် လူမဲသွေးရောသူအိုဘားမား သမတ ဖြစ်လာခဲ့သောကြောင့်ပင်။ သို့သော်ထိုကိစ္စများကယေဘုယျကိစ္စများသာဖြစ်သည်။ လူတွေအားလုံးစိတ်ဝင်စားနေသည်ကတော့-

၁. သမတအိုဘားမားအနေနှင့်အမေ၇ိကန်နိုင်ငံရဲ့ ငွေကြေးဈေးကွက်.စီးပွားရေးကျဆင်းနေမှူကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊
၂. အာဖဂန်နစ္စတန် နှင့် အီရတ်အရေးတို့ကိုဘယ်လိုဆက်ခ၇ီးသွားမလဲ၊
၃. အမေ၇ိကန်နိုင်ငံရဲ့ လုံခြုံရေးကိစ္စများကိုပို၍ လုံခြှုံမှူရှိလာအောင်ဘယ်လိုစီမံမလဲ၊
၎. နိုင်ငံတကာနဲ့ ဆက်ဆံရေး၊ နိုင်ငံခြားရေးမူဝါဒတွေကိုဘယ်လိုချမှတ်မလဲ၊
၅. အရှေ့ အလယ်ပိုင်းနိုင်ငံများပြသနာကိုဘယ်လိုဖြေရှင်းမလဲ၊
စသည်စသည်များတို့ ဖြစ်သည်။

မိမိသည် မြန်မာနိုင်ငံသား တယောက်ဖြစ်နေ၍ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေး အတွက် သမတအိုဘားမား ဘယ်လိုချဉ်းကပ်ဆောင်၇ွက်မလဲဆိုတာ ပို၍ စိတ်ဝင်စားမိသည်။ အိုဘားမားသမတအဖြစ် ကျမ်းကျိမ်အပြီး မိန်ခွန်းတွင်(ကမ္ဘာ့ နိုင်ငံအချို့တို့တွင် အာဏာကို မတရားရယူချုပ်ကိုင်ထားကြသောအာဏာရှင်များအကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ လွန်စွာအားရကျေနပ်မိပါသည်။ မြန်မာနိုင်ငံအရေး ဘယ်လိုလုပ်မလဲဆိုတာ ကတော့ စောင့်ကြည့် ရပေမည်။ သို့သော် မိမိခံယူနားလည်ထားသည်မှာ မိမိနိုင်ငံအရေးကိစ္စ မိမိတို့တွင်သာ တာဝန်အပြည့်ရှိသည်ဟု ယုံကြည်ထားပါသည်။ ပြည်ပနိုင်ငံများ၊ အဖွဲ.အစည်းများ အနေနှင့် ကူညီပံ့ပိုးမှူ အတိုင်းအတာတခု အထိသာ လုပ်နိုင်ပေမည်။ ထို့အတူ နိုင်ငံတနိုင်ငံရဲ့ စနစ်၊ အုပ်ချုပ်ေ၇းယန္တားယားတခု ပြောင်းလဲဖို့ရန် ပြည်တွင်းအင်အားသည်သာ အဓိကကျပေသည်။ ပြည်တွင်းအင်အားစုများနှင့် ပြည်ပ အင်အားစုများ ဟန်ချက်ညီညီ ပေါင်းစည်းလှူပ်ရှားနိုင်ဖို့ အရေးကြီးပေသည်။ ကြည့်ကြမည်ဆိုလျှင်န၀တ၊ နအဖသည် သူ့လုပ်ငန်းစဉ်ကို တဆင့်ပြီးတဆင့်ရှေ့တိုးလာခဲ့ပေသည်။ မိမိတို့ အတိုက်အခံများအနေနှင့် ဘာအတိုင်းအတာ အထိ လုပ်ဆောင်နိုင်ခဲ့ကြသလဲ သေချာစွာပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပေပြီ။ ယနေ့လက်ရှိအနှစ် ၂၀ ကျော်ကာလမှာ အတွေ့အကြုံ တွေလည်းရင့်ကျက်နေကြပါပြီ။

ရင်းနှီးပေးဆပ်ခဲ့ရမှူတွေလည်းမနည်းတော့ပြီ။ ထို့အတူ ကွဲကြပြဲကြတာတွေလည်း ရှိခဲ့ပေပြီ။ ပြင်သင့်တာတွေ ပြင်ကြရမည်။ ယနေ့ကာလတွင် တိုင်းရင်းသားအဖွဲ.အစည်းများ၊ ဒီမိုကရေစီအရေးလှူပ်ရှားနေသော အစုအဖွဲ့ များ၊ ကျောင်းသားအင်အားစုများ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ၊ အမှန်တကယ် စုစည်းညီညွတ် ကြဖို့ လိုအပ်ပေသည်။ သို့မှသာ အမှန်တကယ် တိုက်ပွဲဝင်အင်အားစုကြီး(သို့) တပ်ပေါင်းစုကြီးတခု ဖြစ်လာ နိုင်ပေမည်။ ထိုမှတဆင့် တက်၍ အစိုးရဖွဲ့ လိုလျှင်လည်း အထက်ပါအင်အားစုများ အပါအ၀င် ပြည်ပရောက်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်နှင့် ပေါင်းစည်း၍ ဖွဲ့သင့်ပေသည်။ ဖွဲ့စည်းသည့် အစိုးရတရပ်သည် ပြည်ပရှိ နိုင်ငံသားများ၊ တိုင်းရင်းသားများနှင့်တော့ ကင်းကွာ၍ မရပေ။ ထိစပ်ဆက်ဆံမှု အမှန်တကယ်ရှိနေရမည်ဖြစ်သည်။ ထောက်ခံမှုလည်း လိုအပ်ပေသည်။ မိမိတို့ အနေနှင့် အထက်တွင် ဆိုခဲ့သည့်အတိုင်း အမှန်တကယ်စုစည်းညီညွတ်မှူကို တည်ဆောက်နိုင်ခဲ့မည်ဆိုလျှင် မိမိတို့ နိုင်ငံ ဒီမိုကရေစီတိုက်ပွဲအတွက် အမှန်တကယ် ရှေ့ကို ခြေတလှမ်းတိုးနိုင်မည့် တိုက်ပွဲဝင်အင်အားစုသစ်ကြီး ဖြစ်ပေါ်လာပေမည်။

Rest of your post

No comments :