Monday, 12 January 2009

အတုအယောင် ရွေးကောက်ပွဲအတွက် နအဖ ခြေလှမ်းများ

အတုယောင်ရွေးကောက်ပွဲအပေါ် နအဖ ခြေလှမ်းများကို သတိပြုနိင်ရန်ဖေါ်ပြလိုက်ပါတယ်။

မြန်မာ နိုင် ငံ ညောင် နှစ်ပင် မှာ စစ်မှုထမ်း ဟောင်း အဖွဲ့ နှင့် ကြံ့  ဖွံ့  တို့  ၂ ဖွဲ့  ခွဲ ပြီး နိုင် ငံ ရေး သင် တန်း တွေ ပို့  ချ နေ တယ်။ လက် ရှိ ကမ္ဘာ့ နိုင် ငံ ရေး ၊ ASIAN အခြေအနေ အမေရိကန် မြန် မာပြည် ကို လာသိမ်း ရင် ဘယ် လိုပြင် ဆင် ထား ရ မယ် ဆိုတာ တွေ ကို သင် တန်း တွေ ပေး နေ တယ်။

စစ် မှုထမ်း ဟောင်း က သင် တန်း အမှတ် စဉ် ၁၆ ထိ သင် တန်း ဆင်း ပြီး ညောင်နှစ် ပင် မှာနှစ် နေ ရာ ခွဲ ပြီး သင်တန်း များပို့ ချနေ တယ်။အဓိက ရည်ရွယ် ချက် က တော့

၁။၂၀၁၀ ရွေး ကောက် ပွဲ ပါတီ တွေဝင် ရောက် ယှဉ် ပြိုင် နိုင် ဖို့  သင်တန်း ပေးနေ တာ ဖြစ်တယ်။
၂။တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့ အစည်း တွေ နဲ့  ကြံ့ ဖွတ် နဲ့  နယ် မြေရွေး တဲ့  ကိစ္စ တွေ မှာ အပြိုင် အဆိုင် ရွေး မယ့် အခြေအနေ မျိုး ရှိတယ်။တိုင်းရင်း သားတွေ နဲ့  တင်း မာ မှုရှိတယ်။
ပါတီမှတ်ပုံ တင်ကြေး က တစ်သိန်း၊ ပါဝင်ယှဉ် ပြိုင် ရွေးကောက်ပွဲဝင်မည့် သူ က ငါးသိန်း ပေး ရမယ်။ ပါတီ တစ်ခု ထောင်ပြီး နယ် မြေ အနှံ့  ပြည်နယ် တိုင်းတွေ မှာ ရွေးကောက်ပွဲ ၀င် မယ်ဆို သိန်း ထောင်နဲ့ ချီ ကုန်နိုင် တယ်။ ဒီအတွက် ငွေ ဘယ်လို ရှာ မလဲ ဆိုတာ စဉ်း စား စရာ ဖြစ်တယ် ။ ကျောင်းသားအဖွဲ့  စည်းတွေ က ငွေရှာ ပြီး ၀င် မယ် ဆိုရင် တောင် ငွေ ဘယ် က ရ လဲ ဆိုတာ ကို စုံစမ်း ပြီး ဖမ်း ဖို့  အစီအစဉ် တွေ လုပ်ထား တယ် လို့ သိရတယ်။ နိုင်ငံ ခြား ကငွေ ၀င် တယ် ဆိုတာ မျိုး နဲ့  ဖမ်းဖို့  အစီအစဉ် တွေ လုပ် ထား ပြီး ပြည် ပ က ငွေ ပေး ပြီး ရွေး ကောက် ပွဲ ၀င် ခိုင်းမယ် ဆို တဲ့  အခြေအနေ ကို ကြို ပြီး တော့ ပိတ်ထား တယ် ။

No comments :