Friday, 9 January 2009

ကချင်အမျိုးသား အစည်းအရုံး က ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု သံဓိဌာန်ချ















ခေတ်မှီတဲ့ ကချင် အမျိုးသား နှင့် သမီးပျိုတွေကလည်း ၂၀၁၀ ရွေးကောက်ပွဲကို "နိုး ( NO) " ပါဘဲဗျို့

-ဆလိုင်းပီပီ-

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သွားမှာဖြစ်ကြောင်း ပြည်ပ အခြေစိုက် ကချင်အမျိုးသား အစည်းအရုံးက သူတို့၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသွား သည်။

ကေအန်အိုခေါ် ကချင်အမျိုးသား အစည်းအရုံး စစ်ဘက်ရေးရာ အကြီးအကဲ ဗိုလ်မှူးကြီး လမန်းဘရန်ဆန်းက သောကြာနေ့က ပြောကြားရာတွင် သူ၏အဖွဲ့အနေဖြင့် အခြားသော မြန်မာ့ ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားအဖွဲ့များနှင့် လက်တွဲကာ ရွေးကောက်ပွဲကို ကန့်ကွက်သွားမှာ ဖြစ်သည်ဟု ဆိုသည်။

"၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ အစီအစဉ်ကို ကျနော်တို့က တခြား ဒီမိုကရေစီအဖွဲ့တွေ၊ တိုင်းရင်းသားတွေနဲ့အတူ လက်တွဲပြီး နိုင်ငံရေးအရတင်မကဘူး စစ်ရေးနဲ့ပါ တိုက်ဖျက်သွားမှာ ဖြစ်တယ်" ဟု ဘရန်ဆန်းက မဇ္ဈိမ သို့ ပြောသည်။

ကေအန်အိုအနေဖြင့် စစ်အုပ်စု၏ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတကာ ဖက်ဒရယ်ဒီမိုကရေစီသို့ ရှေ့ရှုမည်ဟု မယုံကြည်ဘဲ စစ်အုပ်ချုပ်ရေး အသက်ရှည်ရေးသာ ဖြစ်သည်ဟု သူက ပြောသည်။

"ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူး" ဟု ဘရန်ဆန်းက ပြောသည်။

ပြည်ပအခြေစိုက် တိုင်းရင်းသားများကောင်စီ၏ အဖွဲ့ဝင်ဖြစ်သူ ကေအန်အိုကို ၁၉၉၉ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တပ်လည်း ထူထောင်ထားသည်။




Rest of your post

No comments :