Sunday 4 January 2009

ဝ လူမျိုးတွေက နအဖ ကို စတင် အာခံလိုက်ပြီ

ဝ ဒေသကို ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၂) လို့  နအဖ က သတ်မှတ်လာတာကို ၀ သဖ က ပြည်ထောင်စုမြန်မာနိင်ငံ ၀ ပြည် နယ်လို့  အမည်ပေးလိုက်ပါတယ်။ ဒါဟာ နအဖ ကို ၀သဖ အာခံလိုက်တာဖြစ်ပါတယ်။ု ပြည်ထောင်စုမြန်မာနိင်ငံ ၀ ပြည်နယ်လို့ 
အမည်ပြောင်းလဲ သတ်မှတ်လိုက်တာကို ကျနော်တို့  ကြိုဆိုပါတယ်။ လူတိုင်းဟာ ကိုယ်နာမည်ကိုယ်ပေးပိုင်ခွင့်ရှိတယ်။ လူမျိုးတိုင်းဟာ
ကိုယ်ပြည်နယ်နာမည်ကို ကိုယ်ရွေးခြယ်ခွင့်ရှိတယ်။ ဒါဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ပဲဖြစ်တယ်။ ကိုယ်ပိုင်းပြဌာန်းခွင့်ဆိုတာတော့ တောင်းယူ
လို့ မရဘူး။ တိုက်ပွဲငင်မှာ ရမယ်ဆိုတာတော့ ၀ လူမျိုးတွေကို အကြံပြုလိုတယ်။ နအဖကို ပြန်တိုက်ပါလို့ တိုက်တွန်းလိုတယ်။

6 comments :

Anonymous said...

စစ်အစိုးရကိုမကြိုက်တာကမကြိုက်တာသပ်သပ်ပါ။
ဝတွေဟာယူနန်မှာအများစုနေထိုင်ကြပြီး
ခပ်ရှင်းရှင်းပြောရရင်တရုတ်တွေပါဘဲ။
စစ်အစိုးရကိုမကြိုက်တာ နဲ့
တရုတ် လူမျိုးစုတစ်ခုက
အခွင့်ကောင်းယူပြီး ဗမာပြည်
ရဲ့အစိတ်အပိုင်းတစ်ခုကိုသူတို့လူမျိုးစု ပိုင်တဲ့တရားဝင်မြေဖြစ်အောင်
လုပ်ယူနေတာကိ
ုသဘောကြနေတာဟာရုပ်ဆိုးလွန်းပါတယ်။
Blogပိုင်ရှင်ကိုမိုးသီးမှာတာဝန်ရှိပါတယ်။
ဘယ်သူရေးရေး blog က
ကိုမိုးသီးနာမည်နဲ့ blog ပါ။

Anonymous said...

I STRONGLY AGREE WITH THURA.

Anonymous said...

Yes I support Ko Thura.
Ko Moe Thee you have to take responsible for your post.

moethee.blogspot.com said...

ကျွန်တော်သိသလောက်တော့ ဒီ ဝ ပြဿနာဟာပေါ့သေးသေးမဟုတ်ဘူး၊
အဓိက ဝ ခေါင်းဆောင်တွေဟာ တရုတ်ပြည် က ဘွဲ့ရလေ့ကျင့်ြ့ပီးလွှတ်လိုက်တဲ့လူတွေပါ၊
ခေါင်းဆောင်တွေကသာတရုတ်တွေဖြစ်ပေမဲ့၊ အောက်ခြေတပ်သားတွေကတော့ ဒေသခံ၊ ဝ တွေ၊ အခါ လူမျိုးတွေ၊ ရှမ်းတရုတ်တွေ ဖြစ်ကြပါတယ်၊
နအဖကဒီအကြောင်းတွေကောင်းကောင်းသိပေမဲ့၊ ကိုယ့်အာဏာတည်မြဲရေးကိုဦးစားပေးပြီး တရုတ်ကြီးကိုအားကိုးနေရလို့ ဝ တွေကို မကိုင်ရဲဖြစ်နေပါတယ်။
အခုဆို ဗမာပြည်ပိုင်နက်ထဲမှာ ကိုယ်ပိုင်လက်နက်စက်ရုံတည်တဲ့အထိအတင့်ရဲလာပါပြီ၊

မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်ပျဉ်းမနားနဲ့၊ ရန်ကုန်နေရာအနှံ့မှာ သူတို့ရဲ့စီးပွါးရေးဗန်းပြရုံးခန်းတွေရှိနေပါတယ်။ အခုလောက်ထိ ဗမာအချင်းချင်း၊ ရဟန်းတော်များပါမကျန် အနိုင်ကျင့်ရဲတဲ့ စစ်ခေါင်းဆောင်တွေဟာ ဝ ကို ဒီလောက်လွှတ်ပေးထားတာဟာ တိုင်းပြည်အပေါ်သစ္စာဖေါက်ရောင်းစားတာဖြစ်ပါတယ်၊
တချိန်မှာ သမိုင်းတရားခံ နအဖ ဖြစ်ပါလိမ့်မယ်၊

Unknown said...

ကိုသူရပြောတာမှန်တယ်။ထောက်ခံတယ်။အဓိကနဲ့ သာမညတော့ ခွဲတတ်ဖို့သင့်တယ်။