Wednesday, 21 January 2009

မက်စ် ဇော် ဇော် သတင်း


ဟိုကုဟဲစု ( HOKUETSU INDUSTRIES CO.,LT ) ခေါ် ( Airman ) ကုမ္ပဏီ အဓိက လျှပ်စစ်မီးစက်တွေ ရောင်းတယ်။ ဒီကုမ္ပဏီရဲ့ အင်တာနက် ၀က်ဆိုက်က http://www.airman.co.j/e/body_2.html ဖြစ်ပါတယ်။ ဂျပန်နိင်ငံတိုကျိုမြို့ မှာ အခြေစိုက်ပါတယ်။ မက်စ်ဇော်ဇော် က ဒီကုမ္ပဏီင်္က ရဲ့အေးဂျင့်ဖြစ်တယ်။ တနစ်ကို ဒေါ်လာ ၂သန်း ခန့်ရောင်းနေရတယ်။ မက်ဇော်ဇော် က ၃၀ ရာခိုင်နှုန်း အမြတ် ရတယ်။ ဒီမီးစက်တွေက လူထုအတွက်မဟုတ်ပါဘူး။ သန်းရွှေ ဆောက်နေတဲ့ ကြပ်ပြေးနေပြည်တော်မှာမြေအောက်ခန်းတွေမှာ သုံးတာပါ။ အသံသိပ်မထွက်ဘူးလို့ဆိုတယ်။ ကြည်ပြေးမှာ မြေအောက်လှိုင်ခေါင်းတွေမှာ အဓိက သုံးတယ်လို့ သိရတယ်။

လူတယောက်ဟာ စီးပွားရေးလုပ်တာဟာ ကောင်းပါတယ်။ မကောင်းတာကတော့ လူတယောက် တည်းကို အခွင့်အရေးတွေပေး ပြီးကျန်တဲ့သူတွေကို ညီမျှတဲ့အခွင့်အလန်းတွေ မပေး ခြင်းဖြစ်ပါတယ်။ ဒါကိုဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတာ (Monopoly ) လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ က ဒီလိုမညီမျှတဲ့ တရားမျှတမှုမရှိတဲ့ စနစ်ကို တိုက်နေခြင်း ဖြစ်ပါတယ်။ဒီကုမ္ပဏီကိုဖိအားပေးနိင်တဲ့နည်းကတော့ သူ့အစုရှယ်ရာ တွေ ပြန်ထွက်သွားအောင် ကျနော်တို့ လုပ်ရပါမယ်။ ဒီကုမ္ပဏီ ကို လည်းစီးပွားရေး ပိတ်ဆို့နိင်မဲ့ နည်းလမ်း တွေကိုရှာဖွေရပါမယ်။ ဂျပန်နိင်ငံဥပဒေအရ လူအခွင့်ရေးချိုးဖေါက်နေတဲ့ နိင်ငံတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ကိုလုပ်ရင်ညစ်ပတ်တဲ့စီးပွားရေ- Dirty-Business လို့သတ်မှတ်ပါတယ်။ အစုရှယ်ရာဝင် တွေကိုကျနော်တို့ စာရေးရမယ်။အစိုးရကိုပြောရမယ်။ဂျပန်ရှေ့ နေများအဖွဲ့နဲ့ အလုပ်သမားသမဂ္ဂတွေကို ပြောပြီး ဒီကုမ္ပဏီကို စစ်အစိုးရနဲ့ ရင်းနှီးမြုပ်နှံမှုတွေ မလုပ်ဖို့ ဖိအားပေးကြပါ။

http://www.airman.co.jp/e/company/outline/outline_2.html

No comments :