Saturday, 31 January 2009

အာစရိယ ပြဿနာ


-ဗျောက်အိုး-

ဘန်ဂမ်တန်၊ နယူးယော့ခ်

လူမှုရေးသိပ္ပံ အထက်တန်းကျောင်းဆရာ တဦးဖြစ်သော ဂျွန်ပူဂလီစီ သည် သူ၏ ၁၆ နှစ်သမီး အရွယ် ကျောင်းသူတပည့်မလေး အား ဆယ်လဲဖုန်းတလုံး ၀ယ်ပေးခဲ့တယ်။ ဒါဘာထူးဆန်းသလဲ ဟုမှတ်ထင်စရာပင်။ ဆယ်လ်ဖုန်းဝယ်ပေးခြင်းမှာ မထူးဆန်း သော်လည်း ၎င်းဆဲလ်ဖုန်းမှ တဆင့် ကောင်မလေး ရရှိနေသော စာများမှာ ထူးဆန်းနေတယ်လေ။ “ကျေးဇူးပြု ပြီး တုံးလုံးပုံလေးပို့ပေးပါအုန်း” အစရှိသော တဏှာရာဂသွေးဆောင်ဖျားယောင်းမှု ပါသော စာသားများကို မခံရပ်နိုင်တော့သည့်အဆုံး လုံမပျို ပြန်တိုင်မတိုင်မသိရသော်လည်း အမေရိကန် ဗဟို အစိုးရ မှ သိရှိသွားကာ သကောင့်သား ၂၉ နှစ်သား ကျောင်းဆရာအား တရားစွဲတော့တယ်။ လောလောဆယ် အိပ်ပိတ်သတင်းတော့ ဘာမှမကြားရသေးပေမဲ့ ၁၈နှစ် မကျော်သေးတဲ့ ကောင်လေး၊ ကောင်မလေး တွေ ကို အလိုတူ ဘဲဖြစ်ဖြစ်၊ အလိုမတူ ဘဲဖြစ်ဖြစ် ဟ၀ှါ ပြုတယ်ဘဲဖြစ်ဖြစ်၊ ဟ၀ှါ အကြောင်း ပြောတယ်ဘဲဖြစ်ဖြစ် ဒီတိုင်းပြည် မှာ ဒင်းပြဿနာ တယ်မသေးလှဘူး။

ကျွန်တော်တို့ ပြည်ထဲမှာရှိနေတုံးကလည်း မေမြို့ဗိုလ်သင်တန်းကျောင်းမှာ ဂျီပုန်း စစ်ဗိုလ် ကျောင်းဆရာ တယောက်နဲ့ ဗိုလ်လောင်း ပေါက်စ လေးတွေ ရဲ့  အချစ်ဇာတ်လမ်းလေးတွေ သူငယ်ချင်းဗိုလ်လောင်းတွေ ပြန်ပြောလို့ကြားဘူးတယ်။ ကျောင်းအုပ်ကြီး ကလဲသိသိနဲ့ အဲဒီ ဗိုလ်ဆရာ ကို လွတ်ပေးထားဆိုဘဲ။ ရှေ့တန်းသွားရင် ဇာတ်တူသားချင်း စားတတ်အောင် ထရိန်နင်းများ ကြိုပေးထားလား မပြောတတ်။ သန်းရွှေတပ်မတော် ဇာတ်တူသား စားတတ်တာတော့ သင်စရာမလိုဘူး ထင်တာဘဲ။ ရုပ်ရှင်ဆန်ဆန်ပြောရရင်တော့ အချစ်လဲပါတယ်။ စစ်လဲ ပါတယ်ပေါ့။ အဲဒီ ဂျီပုန်းဆရာ ရှိသေးလားတော့မပြောတတ်ပါဘူး။ ဒါပေမဲ့  ကိုယ်ဖာသာကိုယ်မွှန်းထားတဲ့ အနာဂါတ်ရဲ့ အောင်စစ်သည် တွေ သတိထားလို့ရအောင် ပြောပြထားတာ။

ဆရာစကားလဲ အနန္တဂိုဏ်းဝင် ဆိုပြီး သိတ်လိုက်နားမထောင်ကြနဲ့အုန်း။ အဂုင်္လိမာလ လဲ ဆရာစကား နားထောင်လွန်းလို့ ဗုဒ္ဓလက်ထက် မှာ The Most Wanted List ထဲပါသွားတာမို့ ကိုယ်ရေးကိုယ်တာ ဘဲဖြစ်ဖြစ်၊ တိုင်းရေးပြည်ရေးဘဲ ဖြစ်ဖြစ် ကိုယ်ပိုင်ဥာဏ်လေးနဲ့လဲ စဉ်းစားကြပါအုန်းလို့ ညီငယ်တို့ ကို သတိပေးလိုက်ပါရစေ။



Rest of your post

2 comments :

Anonymous said...

ကျနော်ကြားဘူးတာက OTS တွေဘဲ အခြောက်များတယ်ထင်တာ..DSA လဲ အခြောက်ရှိသေးတယ်လား။

Anonymous said...

အခြောက်ကိစ္စ ကို တော်တော် စိတ်ဝင်စားတဲ့ပုံတွေပဲဗျ။
အခြောက်ပို့(စ်)ကြီးတင်ပြီး အခြောက်စကားတွေပြော မနေကြပါနဲ့။
စာရေးတာဝါသနာပါတယ် ဆိုရင်သူများတွေလိုရေးပေါ့။