Monday 5 January 2009

ဂါဇာ က စစ်ပွဲ


အစ္စရေးက ပါလက်စတိုင်း အရပ်သားတွေကို ပြစ်မှတ်ထား ပြီးမတိုက်ခိုက်ပါဘူး ဆိုပေမဲ့  အရပ်သားအတော်များများ ဟာ ဒုံကျဉ်များနဲ့ အတိုက်ခံနေရတဲ့အတွက် ဂါဇာ ကမ်းမြောင် ရှိပါလက်စတိုင်းလူမျိုးများမှာငရဲတမျှ ဖြစ်နေပါတယ်။ အစ္စရေးက ခုလို ကျူးကျော်ဝင်ရောက်တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ နိင်ငံတကာ က ဘာမှ ၀င်ရောက်မပြောနိင်တာကတော့ ကုလသမဂ္ဂ ရဲ့ အခန်းကဏ္ဍ ဟာ ဘာမှ အဆင့်အတန်းမရှိဘူးဆိုတာကိုပြသနေသလိုဖြစ်နေပါတယ်။ဒဏ်ရာရနေတဲ့လူနာတွေအတွက်လုံလောက်တဲ့သွေးနဲ့ ဆေးဝါးလည်းပြတ်တောက်နေတယ်လို့ သိရတယ်။ နော်ဝေးဆရာဝန် ( Mads Gilbert) အဆိုအရ အဆိုအရ ဒဏ်ရာရတဲ့ သူ ၂၀၀၀ကျော်မှာ - ၄၅ ရာခိုင်းမိန်းမနဲ့ကလေး သေဆုံးသူတွေရဲ့  ၂၅ ရာခိုင်နှုန်းဟာ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ဟားမစ်အဖွဲ့ ဝင် နစ်ဦးသာပါတယ်လို့ ဆိုတယ်။


1 comment :

Anonymous said...

ရောက်သမျှဒဏ်ရာရသူ သေသူတွေ ကို ပြည်သူတွေလို့ဘဲပြောမှာဘဲ ရှိရှိသမျှသတင်းဌာနတွေက according to Palestine Health workers ဆိုတာကိုပြောနေတယ် တကယ်က သေတာ ဟားမာခ် တွေပါ