Tuesday 6 January 2009

ရုရှားက ဥရော ပ ကို သဘ၀ဓါတ်ငွေ့ တင်ပို့ မှု ရပ်ဆိုင်း


ရုရှားတို့ ဖြတ်တောက်မှုကြောင့် သက်ရောက်မှုရှိနေသော ဥရောပနိုင်ငံများ

ဥရောပနိင်ငံတွေကိုပို့ ပေးနေတဲ့ သဘ၀ဓါတ်ငွေ့ ကို ရုရှားတို့က ဖြတ်တောက်ခြင်း၊ လျော့ချခြင်း တွေ ပြုလုပ် လိုက်ပါတယ်။ ဒီလို လုပ်ရတာကတော့ ယူကရိန်း နဲ့ မော်စကိုတို့ ဓါတ်ငွေ့ တင်ပို့ မှုကိစ္စနဲ့ စပ်လျဉ်းပြီး အငြင်းပွားမှု ဖြစ်ပြီးနောက်ပိုင်းမှာ ရုရှားတို့ ကလုပ်ဆောင် လာခြင်း ဖြစ်ပါတယ်။ ဆာဗီးယားကို တင်ပို့ နေတဲ့ သဘ၀ဓါတ်ငွေ့ ကိုရုရှားတို့က လုံးဝ ဖြတ်တောက် လိုက်တဲ့အတွက် ဆာဗီးယားဒုက္ခရောက်နေတယ်။ အီတလီနဲ့ သြစတီးယား ကတော့သူတို့ မှာထားသမျှ ၁၀ရာခိုင်းနှုန်း ခန့်သာ ရရှိတယ်လို့ ဆိုတယ်။ ဥရောပမှာက အလွန်အေးတဲ့ ဆောင်းရာသီ ကြရောက်နေတဲ့အတွက် ရုရှားက ခုလို သဘ၀ဓါတ်ငွေ့ လောင်စာကို ဖြတ်တောက်လိုက်တာကို လုံးဝလက်ခံနိင်ဖွယ်မရှိဘူးလို့ ဥရောပယူနီယံက ပြောလိုက်ပါတယ်။ ရုရှားက ယူကရိန်းကို ဖြတ်တောက်လိုက်ရတဲ့ အကြောင်းကတော့ ယူကရိန်းက သဘ၀ဓါတ်ငွေ့သုံး စွဲခွင့် (GasBill)ကို ပေးဖို့ ပျက်ကွက်မှုကြောင့် လို့သိရတယ်။ ဒါအပြင်ယူကရိန်းက သဘ၀ဓါတ်ငွေ့တွေကို ခိုးယူ ခဲ့တယ်လို့ ရုရှားတွေက စွပ်စွဲပါတယ်။ ခိုးယူခဲ့တဲ့ပမာဏကတော့၆၅.၃သန်းကုဗမီတာရှိတယ်လို့ ဆိုတယ်။ ၂၀၀၉ခုနစ်မှာ ရုရှားက ယူကရိန်းကို ရောင်းတဲ့ဈေးကတော့ ကုဗမီတာ၁၀၀၀ကို ဒေါ်လာ၄၅၀ဒေါ်လာလို့ သိရပါတယ်။ နအဖကတော့ တရုပ်ကို ဘယ်ဈေးနဲ့ ရောင်းနေလဲ မသိပါဘူးခင်ဗျား။



No comments :