Tuesday, 13 January 2009

နအဖ ဒု- နိင်ငံခြားရေးဝန်ကြီး တရုပ်ပြည် မှာ သြ၀ါဒသွားရောက်ခံယူ

နအဖ ဒုတိယနိင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် တရုပ်နိင်ငံ ကိုရောက်နေပါတယ်။ သူကို တရုပ်အစိုးရ ဂွန်ချီ ဇောင် ( Guangxi Zhuang) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အစိုးရ က ဖိတ်တာလို့ သိရတယ်။ ဖိတ်တဲ့သူက အဆင့်မမြင့်လှပါဘူး ဒီအုပ်ချုပ်ရေးဒေသနိင်ငံခြားရေး ဒါရိုက်တာ မစ္စ ဖန်ယောင်လီ (Ms Fan Xiao Li,) က ဖိတ်တာပါ။ သူနဲ့ အတူစီမံကိန်း ၀န်ကြီးဌာနက ဒါရိုက်တာ ဦးတင်စိုးနဲ့  ဒုတိယဒါရိုက်တာ ဦးသန်းထွေးတို့ ပါသွားကြတယ်လို့ သိရတယ်။ တရုပ်ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ ဆိုတာက အမည်ခံပါ။ တကယ်က တိုင်းရင်းသားတွေမှာ ဘာမှလုပ်ပိုင်ခွင့်မရှိကြပါဘူး။

မဆလခေတ်ကပြည်နယ်ကောင်စီတွေအဆင့်မျှသာဖြစ်တယ်။
ဦးမောင်မြင့် ဒီခရီးစဉ်မှာ နအဖ က အပြစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသား တွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ တရုပ်တွေဆီက သြ၀ါဒသွားခံတာပဲဖြစ်ပါလိမ့်မယ်။

No comments :