Saturday, 10 January 2009

ဂါဇာ အပေါ် ကမ္ဘာက တုန့်ပြန်မှု













လန်ဒန် ဂါဇာ စစ်ဆန့်ကျင်ရေး
ကန့်ကွက်ဆန္ဒပြ အဓိကရုဏ်း


-ကေသွယ် (လန်ဒန်)-

ဒီနေ့ ဂါဇာမှာ ဖြစ်ပွားနေတဲ့ အစ္စရေးတို့၏ ပစ်ခတ်တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို လန်ဒန်မြို့ လမ်းမကြီးတွေပေါ် မှာ ပြုလုပ်နေကြပြီး၊ ရဲနဲ့ ဆန္ဒပြသူတွေ အကြား အပြန်အလှန် အပြင်းအထန် တိုက်ခိုက်ခဲ့မှုတွေရှိခဲ့တယ်။ ဆန္ဒပြပွဲကို ဂါဇာစစ်ပွဲကို ဆန့်ကျင်သူ ပါလက်စတိုင်း သွေးစည်းညီညွတ်ရေးအဖွဲ့ နဲ့ စစ်ဆန့်ကျင်ရေး မဟာမိတ် အဖွဲ့က ဦးဆောင်ပြီး၊ ဆန္ဒပြသူ သိန်းနဲ့ ချီပြီး တက်ရောက်ခဲ့ကြတယ်။ ဂါဇာ မှာ ဖြစ်နေတဲ့ စစ်ဆန့်ကျင်ရေးလှုပ် ရှားမှု ဟာ ယခုတော့ သြစတေးလီးယား၊ ပဲရစ်၊ အီတလီ၊ ဂျာမဏီ၊ နော်ဝေး အပါအ၀င် ဥရောပနိုင်ငံတွေကိုပါ ပြန့်နှံ့သွားခဲ့ ပါပြီ။

ဂါဇာ မှာ လူအမြောက်အများသေအောင် ပြစ်ခတ် တိုက်ခိုက်နေတဲ့ အစ္စရေးတို့၏ လုပ်ရပ်ကို ဆန့်ကျင်တဲ့ ဒီဆန္ဒပြပွဲကို ဗြိတိန်ဝန်ကြီးချူပ်ဟောင်း တိုနီဘလဲယား၏ ခယ်မ ဖြစ်သူ လောရင်ဘုသ်( Lauren Booth)၊ လန်ဒန်မြို့တော်ဝင် ဟောင်း ကန်လစ်ဗင်စတန်၊ ကမ္ဘာကျော် ရုပ်ရှင်မင်းသား၊ မင်းသ္မီးများ၊ နှင့် အဆိုတော်များလည်း ပါဝင် ချီတက်ခဲ့ပြီး၊ မိန့်ခွန်းများ ပြောဆိုခဲ့ကြတယ်။ လောရင်ဘုသ် ကတော့ လူတွေ အမြောက်အများ သေစေနေတဲ့ အစ္စရေး၏ ဂါဇာစစ်ဆင်ရေး နဲ့ ပက်သက်ပြီး သူမ ခယ်အို တော်စပ်သူ ဗြိတိန်ဝန်ကြီးချူပ်ဟောင်း တိုနီဘလဲယား က သတင်းမီဒီယာမှာ ပြောဆိုခဲ့မှုအပေါ် ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချသွားခဲ့တယ်။




လန်ဒန် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု


Rest of your post

1 comment :

Anonymous said...

လူ များ ရင် ပြ ဿ နာ များ တယ်
လူ လျှော့ ရ မယ်