Monday, 19 January 2009

ကော်ဖီကိုအလွန်အကျူးသောက်သူများ သတိထားပါ

-ကို-

အင်္ဂလန်က သုတေသီ တွေက ကော်ဖီကိုအလွန်အကျူးသောက်သူများသည် ၀ိညာဉ်များကို မြင်ချင်း၊ အသံများ ကိုကြားရချင်း စသည့် စိတ်ဂရောင်ခြောက်ခြားမှုများ ဖြစ်နိုင်သည်ဟု အကြံပြု သတိပေးပြောကြားသွားပါတယ်။ တစ်နေ့ကို ပုံမှန်ကော်ဖီသောက်တာထက် ပိုပြီး ခုနှစ်ခွက်ထက်မနည်း သောက်တဲ့သူတွေဟာ ပုံမှန်မဟုတ်တဲ့ စိတ်ခံစားမှု အာရုံ သုံးဆလောက်ပိုမို ရရှိ နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ Durham တက္ကသိုလ် မှာတော့ ကျောင်းသား၂၀၀ ကျော်ရဲ့ ကော်ဖီနဲ့ ပက်သက်တဲ့သောက်သုံးမှုကို မေးခွန်းတွေမေးပြီး တစ်ဦးချင်းစီ သီးသန့် မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒါပေမဲ့လဲ ဒီရှာဖွေတွေ့ရှိမှု ကို အကျိုးအကြောင်း ဆက်စပ်ပြီး တော့ သက်သေ မပြနိုင်သေးပါဘူး။ ပုံမှန်မဟုတ်တဲ့ အသံကြားရမှု ဂရောင်ခြောက်ခြား ဖြစ်မှု တွေဟာ စိတ်ကျန်းမာရေး ချို့ရွင်းတဲ့ သူတွေမှာသာဖြစ်တတ်တယ်လို့တော့ အတိအကျ ပြောလို့မရသေးပါဘူး။ လူတွေရဲ့ ၃ရာခိုင်နှုန်းလောက်ပဲ ပုံမှန်အသံကိုကြားရတာပါ။ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ စိတ်ပညာပါရဂူ ကျောင်းသား Simon Jones ကတော့ ဒီလိုထင်ရောင်ထင်မှားကြားရမှုတွေနဲ့ ပက်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာတာ အခုမှ ပထမဆုံး ခြေလှမ်းပါလို့ ပြောခဲ့ပါတယ်။

စိတ်ဖိစီးမှု အရင်တုန်းက ရှာဖွေလေ့လာသူတွေက တော့ ဒီ စိတ်ဂရောင်ခြောက်ခြားဖြစ်မှုတွေဟာ ကလေးဘ၀ က စိတ်ဒါဏ်ရာရှိ မှုတွေနဲ့လဲ ဆက်စပ်နေလိမ့်မယ်လို့ဆိုပါတယ်။ လူတွေဟာ စိတ်ဖိစီးမှုများရင် ခန္ဒာကိုယ်က cortisol လို့ခေါ်တဲ့ ဟိုမုန်းဓါတ် တစ်မျိုးကို ထုတ်လွှတ်တယ်။အဲဒီဟိုမုန်း ဟာ ကဖိန်းဓါတ်ပါတဲ့ အရာကို စားသုံးပြီးရင် ပိုပြီး အရေးအတွက်များများ ထုတ်လွှတ်နိုင်တာကို တွေ့ရတယ်။ အဲဒီဟိုမုန်း ပိုပြီး ထုတ်လုပ်တဲ့ အတွက်ကြောင့် လူတွေဟာ စိတ်ဂရောင်ခြောက်ခြားဖြစ်ကျတာပါ။ အဲဒိအချက်ဟာ ကဖိန်းဓါတ်နဲ့ လူ့စိတ်တို မှုရဲ့ ဆက်စပ်မှုကို အထောက်အကူ ဖြစ်စေပါတယ်လို့ Mr James ကဆိုခဲ့ပါတယ်။ ကဖိန်းဓါတ်ကို ကော်ဖီတွင် သာမက လက်ဖက်ရည် ၊ချောကလက် ၊ စိတ်ကြွဆေးဝါးတွေနည့် ၊ စွမ်းအားတိုးစေတဲ့ ဖျော်ရည်တွေမှာလဲတွေ့ ရှိရပါတယ်။

သုတေသနပြုလုပ်နေတဲ့ အဖွဲ့ဟာ ကျောင်းသားတွေကို သူတို့ရဲ့ အလေ့အကျင့်ပုံစံတွေကို မေးမြန်း ပြီးနောက်မှာတော့ သူတို့ဟာ ကျောင်းသားတွေရဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ကရောင်ခြောက်ခြားမှု ရှိလားဆိုတဲ့ ဟာတွေကို လေ့လာ အကဲဖြတ်ကျပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း ပြသနာ အတွေ့အကြုံမှတ်တမ်းတွေကို ပြန်ကြည့်မယ်ဆိုရင် မရှိတဲ့အရာတွေကို မြင်တယ် ၊မရှိတဲ့ အသံ ကိုကြားတယ်၊ သူရဲခြောက်သလိုခံစားရတယ် စသည်ဖြင့် တွေ့ရတယ်။ ဒါပေမဲ့ Mr James ရဲ့ စိတ်ဖိစိမှုနဲ့ ပက်သက်တဲ့ တွေ့ရှိချက်ကတော့ ပိုပြီးတော့ အတိအကျကို ဆက်နွယ်မှု ရှိပါတယ်။ စိတ်ဖိစီး မှုများတဲ့သူတွေ ဟာ ကဖိန်းကိုပိုပြီး သောက်လေ့ရှိကျတယ်။ ပြီးတော့သူကထပ်ပြီး ကဖိန်းဓါတ်ဟာ စိတ်ကစင့်ကလျားဖြစ်မှုအတွက် အရေးပါတဲ့နည်းလမ်းအချက်ဖြစ်ပေမဲ့လဲ ဘ၀ရဲ့ တစ်ခြားအရေး ပါတဲ့ အချက်အလက် ထိုးနှက်မှုတွေ နဲ့ ယှဉ်လိုက်ရင်တော့ ဒါဟာသေးငယ်သွားပါတယ်။ ရှာဖွေလေ့လာသူ တွေကတော့ အခု အဆီချခြင်းတွေ ၊ အချို နည့်အခြားဝ စေတဲ့အရာတွေကို စားသုံးခြင်းတွေမှာလဲ စိတ်ကစဥ့်ကလား ဖြစ်မှု နဲ့ ဆက်စပ်နေနိုင်တယ်ဆိုပြီးစုံစမ်းစစ်ဆေးခြင်းတွေ ပြုလုပ်နေကျပါတယ်။

ဗြိတိန်ကော်ဖီအဖွဲ့ချုပ် က ဒေါက်တာ Euan Paul ကတော့ ဒီလေ့လာမှုတွေကို ကဖိန်း ဓါတ်အရမ်းမြင့်တဲ့သူတွေ မှာသာ လေ့လာနိုင်တာပါလို့ ဆိုခဲ့ပါတယ်။ သူကဆက်ပြီး အတိအကျမသိရသေးပေမဲ့လည်း တစ်ခြားအရာတွေ စားသုံးခြင်းမှာလည်း ဒီစိတ်ကစဥ့်ကလားဖြစ်မှုကို သက်ရောက်စေတဲ့အချက်တွေ ပါရှိနိုင်တယ်လို့ သူက ဆိုပါတယ်။ ပျမ်းမျှအားဖြင့် တစ်နေ့ ကဖိန်းဓါတ် ၄၀၀mg နှင့် ၅၀၀ mg အတွင်း မျတာစွာ နှင့် ကဖိန်းဓါတ်ပါတဲ့ အစာတွေကို စားသုံးခြင်းဟာ လူထု အတွက် ဘေးကင်းစေပြီး ကျန်းမာ ရေးအတွက်လဲ အကျိုးသက်ရောက်မှု တွေဖြစ်စေပါတယ်။ထပ်ပြီးတော့ ကဖိန်းဓါတ်များတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာလဲ မွေးဖွားတဲ့အခါမှာ အလေးချိန်ကျစေပါတယ်။

တစ်ချို့လေ့လာသူတွေကတော့ ကဖိန်းဓါတ်ဟာ အရေပြားကင်ဆာကိုကာကွယ်နိုင်တယ်လို့လဲ ဆိုပါတယ်။


Rest of your post

1 comment :

Anonymous said...

ဖြတ်လို့မရတော့ဘူး.. စွဲနေပြီ။....