Thursday, 15 January 2009

အောင်မြင်နေတဲ့ လက်ချောင်း များ



ကိန်းဘရစ်တက္ကသိုလ် က သုတေသန တွေ့ ရှိချက်အရ လူရဲ့ လက်ချောင်း အတိုအရှည်က လူတယောက်ရဲ ဘ၀အောင်မြင်မှုကိုညွန်းပြနေတယ်ဆိုတာကိုထုတ်ဖေါ်လိုက်ပါတယ်။အောင်မြင်တဲ့စီးပွားရေးသမားတွေကိုသုတေသန ပြုချက်အရ လက်သကြွယ်ဟာ လက်ညိုးထက် ရှည်နေတဲ့ သူတွေဟာစီးပွားရေးမှာအထူးအောင်မြင်ကြတယ်လို့ ဆိုတယ်။ ဒီလိုဖြစ်ရတာကတော့ မိခင်ဝမ်းထဲမှာ ယောက်ကျားရဲ့ ဟိုမုန်းဓါတ် သတ္တိ ပြမှုကြောင့်ဖြစ် တယ်လို့ ဆိုတယ်။ ဒီလို လူတွေက ဆုံးဖြတ်ချက်ကို ချမှတ်ရာမှ မြန်ဆန် မှန်ကန် ကြတဲ့အတွက် အခွင့်အလန်း တွေကို ရရှိစေကြတာဖြစ်တယ်လို့  အမျိုးသားသိပ္ပံ အကယ်ဒမီ အဖွဲ့ ကဆိုပါတယ်။






ဒီလူတွေကတွန်းတွန်းတိုက်တိုက်လုပ်လေ့ရှိသူတွေလည်းဖြစ်ပါတယ်။ဆုံးဖြတ်ချက်တွေရအောင်ကျွမ်းကျင်စွာ
လုပ်နိင်သူတွေလည်းဖြစ်ကြတယ်လို့ ဆိုတယ်။ သူတို့ ဟာယှဉ်ပြိုင်လုပ်ဆောင်ရတဲ့ အားကစားတွေမှာလည်း ထူးချွန်ကြသူတွေဖြစ်လာကြတယ်။ သုတေသနမှုး ဂျွန် ကော့တေစ် ( John Coates) ရဲ့ အဆိုအရ နံနက်ခင်းအချိန်မှာ စီးပွားရေးသမားတွေရဲ့  ယောက်ကျားဟိုမုန်းမြင့်တက်နေ ချိန် ထူးထူးခြားခြား အမြတ်ငွေတွေကို လုပ်ဆောင်နိင်ကြတာကိုလည်း တွေ့ ရှိခဲ့ပါတယ်။

ရန်လိုတဲ့ ဟိုမုန်း (Aggression hormone )

ဒီသုတေသနကို လန်ဒန်မှာရှိတဲ့ တနစ်ကို ၀င်ငွေ ပေါင် ၄ သန်းလောက်ဝင်နေတဲ့ယောက်ကျား ၄၄ ယောက်ကိုသုတေသနပြုလုပ်ခဲ့တယ်။ လက်သကြွယ်ရှည်နေသူတွေဟာ တိုနေတဲ့တခြားသူတွေထက် ၁၁ ဆခန့်  ငွေပို ရအောင်လုပ်နိင်ခဲ့တယ်လို့ ဆိုပါတယ်။ ဇီဝတုန့် ပြန်မှု ကြောင့်အောင်မြင်မှု က အလုပ်ငန်းခွင်မှာတနစ်လောက်
အတွေ့ အကြုံ ကြောင့်အောင်မြင်မှုနဲ့ တူနေပါတယ်။ သုတေသနပြု သိပံ္ပပညာရှင်တွေ ယုံကြည် တာကတော့လက်ညိုးထက် လက်သကြွယ်ရည်တဲ့ သူတွေအောင်မြင်မှုရတာဟာမိခင်ဝမ်းထဲမှာ ရှိ နေစဉ်က ရန်လိုဟိုမုန်း ( Aggression Hormone) (ယောက်ကျား) ဟိုမုန်း က မြန်ဆန်မှန်ကန်တိကျတဲ့ ဆုံးဖြတ်ချက်တွေ လုပ်လာနိင်ဖို့  တွန်းအားပေးခဲ့တာလို့ ဆိုပါတယ်။

ဘယ်လဂျီယံကသုတေသနပညာရှင်တွေကလည်းဒီအချက်ကိုသဘောတူခဲ့ကြတယ်။ဒါအပြင်လက်သကြွယ်
ကလက်ညိုးထက်
ပိုရှည်တဲ့သူတွေဟာပေါင်းသင်းရလည်းခက်တဲ့အပြင်အတိုက်အခိုက်ရုပ်ရှင်တွေကြည့်ပြီးတဲ့
အခါမှာတော့ ပိုက်ဆံကိုလည်း သိပ်မထုတ်ခြင်ကြဘူးဆိုတယ်။ ဆန်ကျင်ဖက်အားဖြင့် လက်သကြွယ်က လက်ညိုးထက် တိုသူတွေဟာငွေကိုတော့ရေလိုသုံးခြင်သူများဖြစ်နေပါတဲ့ဆိုတဲ့အကြောင်းတင်ပြလိုက်ပါတယ်။ဒီသုတေသနပြုချက်ဟာ အမျိုးသမီးတွေလည်း အကြုံဝင်နေပါတယ်လို့  သုတေနသခေါင်းဆောင် ကိုဘီ မီလာဒ် ( Kobe Millet )ကဆိုပါတယ်။

ကဲမိတ်ဆွေရဲ့ လက်ချောင်းတွေကရော ဘယ်လိုလည်း။ လက်သကြွယ်က ပိုရှည်နေရင်တော့ စီးပွားရေးလုပ်ပြီးတော်လှန်ရေးကိုကူညီပေတော့။တိုနေရင်လည်းတော့ရှိတာသာတော်လှန်ရေးကိုလျူလိုက်ပါတော့ဗျား။

-၀င်းဇော်-



1 comment :

YeKyawAungMDY said...

အတိုအရှည် ကြည့်ရမယ်ပေါ့...တကယ်လို့ လက်ခြောက်ချောင်းပါနေရင်...ဘယ်လက်ကိုကြည့်ရမလဲ....
အဲဒါရော...သုတေသနပြုထားတာရှိလားဗျ...