Thursday 22 January 2009

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်း



Get this widget Track details eSnips Social DNA




-WFWW - လွတ်မြောက်ရေး အသံ
ကိုမိုးသီး ဇွန် ဆွေးနွေးချက်များ

မပြောရင် မသိနိုင်ဘူး။ ကြာတဲ့ အခါကျတော့လည်း သမိုင်းတွေက မရှိခဲ့သယောင် မဖြစ်ခဲ့သယောင် ဖြစ်လာတယ်။ NCGUB ဆိုတာ အလိုအလျောက် ပေါ်ပေါက်လာသလို ပြောဆိုငြင်းခုန်နေကြတယ်။ အခုအချိန်မှ NCG ကို တိုးချဲ့ ဖွဲ့သင့် မဖွဲ့သင့် စသဖြင့် ဆွေးနွေးငြင်းခုန်မှုတွေက အတိတ်သမိုင်းကို ထည့်မပြောတော့ဘဲ ရှိနေတာ ကြည့်မရနိုင်ဖြစ်လာတယ်။

တကယ်တော့ အမတ်တွေ တောထဲထွက်လာတော့ ကြိုတဲ့ခရီးမှာ သေဆုံးခဲ့တဲ့ ရဲဘော်တွေရှိတယ်။ မိုင်းထိ လက်ပြတ်ခဲ့တဲ့ ရဲဘော်တွေလည်း ရှိတယ်။ ရောက်လာတဲ့ အမတ်လူတစုက အစိုးရ ဖွဲ့လာတော့ ရုံးလုပ်ငန်းကအစ၊ လုံခြုံရေးအဆုံး ABSDF ရဲဘော်တွေက စွမ်းစွမ်းတမန်ပံ့ပိုးပေးခဲ့ကြတယ်။ ဒီမိုကရက်တစ် မြန်မာ့အသံကို စလုပ်ကြတော့လည်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ အသံဆိုပြီး ၀ိုင်းဝန်းမြှင့်တင် ပံ့ပိုးပေးခဲ့ကြပါတယ်။ ဒီသမိုင်းတွေကို ဒီနေ့ မပြောကြ၊ မကြားရတော့ဘူး။ တိုင်းရင်းသားတွေက သဘောထားကြီးပြီး ခွင့်ပြုခဲ့တဲ့ ကိစ္စတွေ မပြောကြတော့ဘူး။ DAB ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်က အစိုးရဖွဲ့ဖို့ဆိုပြီး ပြင်ဆင်ထားတဲ့ မူ၊ ပေါ်လစီ၊ တံဆိပ်တုံးက အစ အဆင်သင့်ရလိုက်တဲ့ ကိစ္စတွေ မပြောကြတော့ဘူး။ ဒီကိစ္စတွေကို ပြန်ပြောင်း စကားပြောဖြစ်တယ်။ နှောင်းလူတွေ မှတ်သားကြရအောင်ပါ။ ဒီဖိုင်ကို နားထောင်ကြည့်။


WFWW Strategic Team

Rest of your post

4 comments :

Unknown said...

as the motto of your blog
"မတရားတာတွေ့ ရင် ဒါမတရားဘူးလို့ ပြောပါ။"
to junta or demo-craps or whoever it is!!

great work ko moetheezun!

တာဝန် said...

yes,I agree with blue!!!!!!!!!

Anonymous said...

You should also mention about who want which position? (What KIO want? What NMSP want? due to that arguement, delay to form DAB's NCGUB, finally Sein win's group get all chance and moved to BKK, later, never come back to the Manerplaw.

gunner said...

thank ko moe thee.u r bravo,i like u n i support u.i never believe Sein Win goverment.u r alway tell the truth.it good leadership for u.u r my ideal person,how long they can be MP.it not expired date already 20yrs.