Tuesday 6 January 2009

ဂါဇာ ၏ ငိုကြွေးသံ














ကံကြမ္မာဆိုးအောက် က အပြစ်မဲ့ ပါလက်စတိုင်း ကလေးငယ်များဘဝ

-မြတ်စိုး-

အစ္စရေး၏ လေတပ်၊ရေတပ် တို့ က ဂါဇာရှိ ဟားမတ်စ် (Hamas) အဖွဲ့ရဲ့ ပစ်မှတ် ၁၀၀၀ ကို ရက်သတ္တ ပတ် ၁ ပတ်ကြာ အပြင်းအထန်ဗုံးကြဲခဲ့ပြီးနောက်၊ ၂၅ မိုင်ရှည်လျားပြီး အကျယ် ၄ မိုင် မှ ရ.၅ မိုင် ခန့်ရှိ ဂါဇာ ကို ၃ ပိုင်း ပိုင်းပြီး မြေပြင် ကနေ အလုံးအရင်းဖြင့် စစ်ဆင် တိုက်ခိုက် တာ ၃ ရက်ရှိသွားပါပြီ။ ဒီတိုက်ခိုက်မှု အတော အတွင်း ပါလက်စတိုင်း အမျိုးသမီး နှင့် ကလေးငယ် ၁၀၀ ကျော်အပါအ၀င် လူပေါင်း ၅၅၅ ယောက် သေဆုံးခဲ့ ကြ တယ်။ လူပေါင်း ၃၀၀၀ နီးပါး အပြင်းအထန် ဒဏ်ရာတွေရခဲ့ပြီး၊ ဆေးရုံတွေမှာ ဒဏ်ရာရသူ တွေနဲ့ ပြည့်နေတယ်။ ဒဏ်ရာရနေသူ အများစုဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေဖြစ်ပြီး၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများစုဖြစ်တယ်။ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ နေ့ရောညပါ ဆေးဝါး ကုသပေးနေကြရတယ်။ ဒီနေ့တော့ CNN မှာ ကောင်းကင် တခုလုံး ဟာ ယမ်းငွေ့တွေ၊ မီးခိုးတွေနဲ့ ဖုံးလွှမ်းနေတယ်။ လမ်းမပေါ်မှာ လည်းသွေးညှီနံ့ တွေ ပျံ့နေတယ်။
လူဦးရေ ၁.၅ သန်း နီးပါး နေထိုင်နေကြတဲ့ ဂါဇာမှာ မိသားစုတိုင်းဟာ သား သ္မီသေ၊(သို့) မယားသေ(သို့) လင်သေ၊(သို့) မိသားစုဝင် တယောက်ယောက် သေ နေကြတဲ့ အနေအထားကို ရောက်ရှိနေကြတယ်။ အချိုး အားဖြင့် အဆိုးဆုံးက သေဆုံးခဲ့တဲ့ လူ လေးယောက်တိုင်းမှာ တယောက်က ကလေးငယ် တွေဖြစ်နေတယ်။ ပါလက်စတိုင်းလူမျိုးတွေ၊ မိသားစုတွေ ရဲ့ ဘ၀ကို ကိုယ်ချင်းစာကြည့် စေချင်ပါတယ်။


ယမ်းငွေ့နဲ့မီးခိုးလိပ်တွေအောက်က ဂါဇာ

မြေပြင်စစ်ဆင်ရေးအတွင်း အစ္စရေးအရာရှိတယောက် အပါအ၀င် စုစုပေါင်း စစ်သား ၃ဦး ဂါဇာမြောက်ပိုင်း စစ်ဆင်ရေးမှာ သေဆုံးခဲ့ပြီး ၃၀ လောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ အစ္စရေး နိုင်ငံ တောင်ပိုင်းမှာနေထိုင်သူတွေ စိတ်ချလုံခြုံတဲ့ အဆင့် ရောက်တဲ့အထိ ဒီထိုးစစ်ဆင်မှုကို ဆက်လက်ပြုလုပ် သွားမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အီဟွတ်ဒ် ဘာရတ်ခ် (Ehud Barak)က တနင်္လာနေ့မှာ ပြောခဲ့ ပါတယ်။ ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေးနယ်နိမိတ်ထဲကို ဒုံးကျည် အစင်းပေါင်း ၄၀၀ ကျော် နှင့် အစ္စရေး အတွင်း ၄၀ ကီလိုမီတာ ထဲကို ထိရောက်တဲ့ တာဝေး ပစ်ဒုံးကျည် ဒါဇင်ပေါင်း မြောက်များစွာ ပြန်လည်ပစ်ခတ် နေတဲ့ အတွက် အစ္စရေး ၄ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၃ ယောက်ဟာ အရပ်သား တွေလို့ ဆိုပါတယ်။ တချိန်ထဲမှာဘဲ ဂါဇာ မြောက်ပိုင်းကနေ ဟစ်ဇ်ဘိုလာနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တွေ က တိုက်ခိုက်လာ မှာကို အစ္စရေးတို့က စိုးရိမ်နေကြတယ်။

ဘာကြောင့် အစ္စရေး ၏ ကျူးကျော်တဲ့ စစ်ဆင်ရေးဖြစ်ခဲ့ရတာလဲ။ စောင့်ကြည့် လေ့လာ သုံးသပ်သူတွေ က တော့ ဂါဇာရှိ ဘာသာရေးအစွန်းရောက် စစ်သွေးကြွတွေက အစ္စရေး ပိုက်နက်အတွင်းကို ဒုံးကျည်တွေနဲ့ စတင် ပစ်ခတ်ခဲ့မှုကြောင့်ဆိုတယ်။ ဒါပေမဲ့ စစ်ဆင်ရတဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ အမေရိကန် နဲ့ အစ္စရေးတို့ ကတော့ ဘာသာရေး အစွန်းရောက်တွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့စီးပွားရေး ကပ် ကို အကြောင်းပြုပြီး၊ သူတို့ ကို နိုင်ငံရေး၊ စီးပွားရေး အကြပ်ရိုက်အောင် ဖန်တီးလိုတယ်။ အထူးသဖြင့် အီရန် နဲ့ ဆီးရီးယားတို့ က သူတို့ သြဇာခံတွေကို သွေးထိုးပြီး၊ အားစမ်း လိုတယ်။ အစ္စရေးကလည်း ဒီလို သွေးတိုးစမ်းမှု တွေကိုလက်မခံဘူးဆိုတာ ပြသလိုတယ်။
အစ္စရေးအစိုးရ ကပါလက်စတိုင်းကို ဂါဇာ ( Gaza Strip) နဲ့ ၀က်စ်ဘန့် ( West Bank) ဆိုပြီး နှစ်ချမ်းခွဲ ထိမ်းချုပ်ပြီး ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ လည်း Gaza ကို အုပ်ချုပ်နေတဲ့ ဟာမတ်စ် (Hamas) ကတော့ လက်နက်တွေ၊ ဒုံးကျည်တွေကို အီဂျစ်နယ်စပ်က တဆင့် လှို့ ၀ှက်စွာခိုးသွင်းယူခဲ့တယ်။ ဒါကို အစ္စရေးအစိုးရက အကြိမ်ကြိမ် အီဂျစ်အစိုးရ ကို ပြစ်တင် စွပ်စွဲခဲ့ တယ်။ ဒါပေမဲ့ ရပ်တန့် မသွားခဲ့ဘူး။

တခြားတဖက်မှာလည်း ပါလက်စတိုင်းပါလီမာန်ရွေးကောက်ပွဲမှာ ဂါဇာ မှာ လူကြိုက်များနေတဲ့ ဟားမတ်စ်အဖွဲ့ က ၁၃၂ နေရာမှာ ၇၆ နေရာရရှိပြီး၊ အနိုင်ရယူခဲ့တယ်။ အယင် ရာဆာ အာရာဖတ် ဦးဆောင် ခဲ့တဲ့ အာဏာရ ဗာတာ ( Fatah) အဖွဲ့ ကတော့ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုတွေကြောင့် ပါလက်စတိုင်းပြည်သူ တွေရဲ့ ထောက်ခံမှု သိပ်မရဘဲ၊ ၄၃ နေရာသာ ရရှိခဲ့တယ်။ ဂါဇာရှိ ပါလက်စတိုင်းပြည်သူတွေက
ဟားမတ်စ် (Hamas) အဖွဲ့ ကို အပြည့်အ၀ထောက်ခံ ခဲ့ကြတယ်။ ဒါပေမဲ့လည်း အမေရိကန် နဲ့ အစ္စရေးက ဟားမတ်စ် အဖွဲ့ ကို အကြမ်းဖက်အဖွဲ့ဆိုပြီး၊ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုခဲ့ဘူး။ ဒီလိုနဲ့ ဟားမတ်စ် (Hamas) အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို နယ်စပ် ထွက်ပေါက် လေးဘက် ကနေ ပိတ်ဆို့ထိမ်းချုပ်ပြီး၊ ဂါဇာကို ရေကြောင်း၊လေကြောင်း၊ ကုန်းကြောင်း မှတဆင့် ပိတ်ဆို့ထားခဲ့ တယ်။ ဂါဇာကို အထီးကျန်အောင် ပြုလုပ်ခဲ့တယ်။ ဒီလို ဂါဇာရှိ ပါလက်စတိုင်း ပြည်သူတွေကို အစ္စရေးက အထီးကျန်အောင် မတရားမှုတွေပြုလုပ်နေသ၍ ပါလက်စတိုင်းတို့ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်နေမှုကို ရပ်တန့်အောင်လုပ်နိုင်မှာမဟုတ်ဘူးလို့ ဟားမတ်စ် (Hamas) အဖွဲ့ ကထောက်ပြ ခဲ့တယ်။ ဒီအချက်တွေ ကြောင့်ပဲ မနှစ်က ဟားမတ်စ် (Hamas) အဖွဲ့ နဲ့ အစ္စရေး အကြား စစ်ဖြစ်ခဲ့ ကြပြန်တယ်။

အီဂျစ်က ဦးဆောင်ပြီး ကြားဝင်စေ့စပ်ပေးခဲ့လို့ လွန်ခဲ့တဲ့ (၆) လ ဇွန်လ ၁၉ ရက် က အာဏာရ
ဟားမတ်စ် (Hamas) အဖွဲ့ နှင့် အစ္စရေးအစိုးရ အကြား နှစ်ဖက် သဘောတူ အပစ်အခတ် ရပ်စဲခြင်း ပြုလုပ်ခဲ့တယ်။ ဒီသဘောတူညီချက်က ဒီဇင်ဘာလ ၁၉ ရက်နေ့ ကပဲ ပြည့်သွားခဲ့ပါပြီ။ ဒါပေမဲ့လည်း ဂါဇာမှာ- သူမှားတယ် ငါမှားတယ်။ သူအရင်ပြစ်လို့ ငါ ပြန်ပြစ်တယ်ဆိုပြီး အငြင်းပွားပြီး၊ အပြန်အလှန် အပြစ်တင်ကာ တိုက်ခိုက်ခဲ့မှုတွေ၊ စွပ်စွဲခဲ့မှုတွေရှိခဲ့တယ်။ သဘောတူ အပစ်အခတ် ရပ်စဲမှုအတွင်း နှစ်ဖက် စလုံးကတော့ အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြတယ်။ အစ္စရေးဘက် က ၁၄၆ ကြိမ် ၊ ဟာမတ်စ်(Hamas) အဖွဲ့ က ၄၈ ကြိမ် ချိုးဖောက်ခဲ့ တာတွေ့ရှိရကြောင်း၊ အစ္စရေး- ပါလက်စတိုင်းအရေး မှာ သဘောတူ အပစ်အခတ် ရပ်စဲမှုသဘောတူချက်တွေ ကို လေ့လာနေသူ ကျွမ်းကျင်သူပညာရှင်တဦးက ABC ရုပ်မြင်သံကြားမှာ မနေ့က ပြောဆိုခဲ့တယ်။ သူရဲ့ ပြောဆိုချက် တွေမှာတော့ ဒီနေ့စစ်ပွဲဟာ ပါလက်စတိုင်း ပြည်သူတွေက ရွေးချယ်ထားတဲ့ဟားမတ်စ် (Hamas) အဖွဲ့ ကို အထီးကျန် ပြုလုပ်ခဲ့လို့ ဖြစ်ခဲ့ရတာလို့ ဆိုတယ်။ (Hamas) အဖွဲ့ အုပ်ချုပ်နေတဲ့ ဂါဇာကို အထီးကျန် ပိတ်ဆို့ ထိမ်းချုပ်ခဲ့ မှု အပေါ် ဟားမတ်စ် (Hamas) အဖွဲ့ က အိမ်နီးချင်း အီဂျစ်နဲ့ နိုင်ငံတကာကို ရပ်တန့်ဖို့ တောင်းဆို ခဲ့သော်လည်း၊ အီဂျစ်နဲ့ နိုင်ငံတကာ က မတုန့်ပြန်ဘဲ နေခဲ့ကြတယ်။ ဟားမတ်စ်(Hamas) အဖွဲ့ ကတော့ ဒီစစ်ပွဲဟာ သူတို့တောင်းဆိုချက်တွေ ကို နိုင်ငံတကာ က အာရုံစိုက် လာလိမ့်မယ်လို့ ထင်နေကြတယ်။ အစ္စရေးကတော့ ဟာမတ်စ်(Hamas) အဖွဲ့ ကို အင်အားချိနဲ့ သွားအောင်ပြုလုပ် လိုတာလို့ ပြောဆိုခဲ့တယ်။

အစ္စရေး-ပါလက်စတိုင်း စစ်ပွဲကတော့ ပြီးဆုံးသွားမှာတော့ မဟုတ်သေးဘူး။ အခန်းဆက် ရှည်ကြီး တွေရှိ နေကြအုန်းမှာပါ။ သမိုင်းအစဉ်အလာ ကလည်း ရှိခဲ့ကြတယ်လေ။ ဘာကြောင့်လည်းဆိုတော့ ဟာမတ်စ် နဲ့ အစ္စရေး အကြား မှာ နှစ်ဖက်စလုံး က အမှားတွေ ပြုလုပ်နေကြလို့ဘဲ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အပြစ်မဲ့ ပါလက်စတိုင်း ပြည်သူတွေ နေ့စဉ်နဲ့အမျှ သေကြေနေကြတာ တွေ့ရတာ အင်မတန်မှ ၀မ်းနည်းဖို့ကောင်းတယ်။ အာရပ်ပြည်သူ တွေ နဲ့ အစိုးရတွေ က တော့ ဆန့်ကျင် ကန့်ကွက် ရှုံ့ချမှုတွေ ပြုလုပ်နေကြပေမဲ့၊ အာရှ နိုင်ငံတွေကတော့ ”ကိုယ့်အိမ်နံဘေး မှာ မဟုတ်လို့ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး” ရေငုံနုတ်ပိတ်နေကြတယ်။ အာရှမှာ အင်အားကြီးနိုင်ငံ တွေ ဖြစ်ကြတဲ့ တရုတ်၊အိန္ဒိယ တွေ ကို အစ္စရေးအစိုးမှ နည်းပညာ ထောက်ပံ့ပေး နေမှု ရှိနေတာက ကတကြောင်း၊ သူတို့ ကိုယ်တိုင်ရင်ဆိုင်နေကြရတဲ့ မွတ်ဆလင်ဘာသာရေးအစွန်းရောက် အကြမ်းဖက် တိုက်ခိုက်ခံ ခဲ့ရမှုတွေ ကတကြောင်း၊ တို့ကြောင့် အစ္စရေး-ပါလက်စတိုင်း အရေးမှာ ခပ်ဝေးဝေး ကပဲ ရှောင်နေခဲ့ကြတယ်။ တာလီဘန် အစိုးရ က အာဖဂန်မှာ သမိုင်းဝင် ဗုဒ္ဓရုပ်ပွားတော်ကို ဖြိုချစဉ်ကလည်း အာရှ နိုင်ငံတွေဟာ ဘာမှ ထိရောက်တဲ့ တုန့်ပြန်မှုမရှိခဲ့ကြဘူး။

ဘာသာရေးလွတ်လပ်ခွင့် အပါအ၀င် လူ့အခွင့်အရေး တဆာဆာ အော်နေကြတဲ့ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတွေ၊ ဗုဒ္ဓဘာသာ အဖွဲ့ တော်တော်များများ ကလည်း ဒီလို မတရားသတ်ဖြတ်နေမှုတွေ ကို တလုံးတပါဒမှ မပြောကြလို့ အမတန်မှ ရှက်ဖို့ ကောင်းလှတယ်။ အခုလည်း အစ္စရေး အစိုးရ၏ လူမဆန်တဲ့ လုပ်ရပ်တွေ ကို ဘယ်သူကမှ ပြင်းပြင်းထန်ထန်ရှုံ့ချမှု မရှိကြဘူး။ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ တောင် သူရေးသားခဲ့တဲ့ " Palestine: Peace not Apartheid" စာအုပ်မှာ
အစ္စရေးအစိုးရ၏ မတရား လုပ်ရပ်တွေ ကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ဘူးသေးတယ်။ အာရှ မှာ ခေါင်းဆောင်တွေဆိုပြီး၊ လက်မထောင် နေကြတဲ့ သူတွေ၊ တရားမျှတမှုမရှိ ဘဲ လုပ်ကိုင်နေတဲ့ အစ္စရေးအစိုးရကို ဘာဆန့်ကျင်ကန့်ကွက်မှုကိုမှ မပြရဲခဲ့ကြဘူး။ ၅ ယောက် နဲ့ ၅၀၀ အချိုးမညီ တဲ့လက်တုန့် ပြန်မူ ဟာ တရားမျှတမှုမရှိဘူး၊ အစ္စရေးအစိုးရရဲ့ ဗိုလ်ကျ အနိုင်ကျင့်မှုလို့ ကျနော်မြင်တယ်။ တရားမျှတမှု မရှိတာကို တရားမျှတ မှု မရှိဘူးဆိုတာ ပြောကြပါ။ လူ့အခွင့်အရေးလို့ ပြောဆိုတိုက်ပွဲဝင် နေကြရင် လူတွေ အစုလိုက်အပြုံလိုက်သေကြေနေတဲ့ ဒီစစ်ပွဲကို ဆန့်ကျင်ကြပါ။ အမြန်ဆုံး ရပ်တန့်အောင် တောင်းဆို ကြပါ။

ပါလက်စတိုင်းပြည်သူများအတွက် ဘေးရန်ကင်းဝေးဖို့ ၀ိုင်းဝန်း ဆုတောင်းပေးကြပါလို့ တိုက်တွန်းရင်း-


Rest of your post

20 comments :

Anonymous said...

thank bro. i like ur topic very much. U r telling the truth. thank.

Anonymous said...

ဒီစစ်ပွဲမှာ အပြစ်မဲ့ပြည်သူတွေ သေကြေကြတာဝမ်းနည်းစရာပါ။ အစ္စရေးဟာ အင်အားကို အလွန်အကျွံသုံးတယ်။ ရက်စက်တယ်လို့ပြောကြပါတယ်။ နိုင်ငံတကာမှာလဲအစ္စရေးလုပ်ရပ်ကို ကန့်ကွက် ရှုံ့ချ ဆန္ဒပြနေကြပါတယ်။ တခုထောက်ပြချင်တာက အင်အားကြီးတဲ့ အစ္စရေးကို ရန်သွားသွား စတဲ့ ဟားမာ့စ် ရဲ့လုပ်ရပ်၊ အစ္စရေးပြည်သူတွေကို ဒုံးကျည်တွေနဲ့ သွား သွားပစ်ခတ်ခဲ့တဲ့လုပ်ရပ်ကိုတော့ ဘယ်သူမှ မကန့်ကွက်ခဲ့ကြပါဘူး။ အဲဒီဒေသက ပြသနာက ကမ္ဘာ့အရှုပ်ထွေးဆုံးနဲ့အကြားဆုံးပြသနာကြီးပါ။ အစ္စရေးရဲ့ ယခုလိုလက်တုံ့ပြန်မှုကို မထောက်ခံပါ။ ဒါပေမယ့် ဟားမာ့စ်ကို ခုလိုသွေးကြွပြီးအစ္စရေးကို သွားသွား ရန်စအောင်ဖြစ်စေတဲ့ နောက်ကွယ်က ပြသနာတွေနဲ့ အတို့အထောင် နိုင်ငံများကိုသာ အရင်အပြစ်ပုံသင့်လှပါတယ်။

Anonymous said...

This is the truth, dont know who is wrote this post,
Very good point, and truely and fairly to look the PEOPLE,
Good to hear man......
Great

Anonymous said...

What the hack is U.N [ United Nothing ] doing?

Anonymous said...

လူမျိုးရေးအရတော့ပြောတာမဟုတ် ဒီ အာရပ်တွေ အင်အားကြီးလာလို့ မရဘူးဆိုတာ တကမ္ဘာလုံးသိတယ်။ အစ္စရေးကလဲ အာရပ်နိုင်ငံတွေကြားထဲမှာနေတာ ပြီးတော့ အာရပ်နိုင်ငံတွေက အစ္စရေးကို ရန်လိုနေကြတယ် ဒီတော့ သူ့အန္တရာယ် အတွက် လုပ်ရတာဖြစ်ဖို့များတယ်။ ဟာမတ်အစိုးရကို ဘယ်သူတွေအနောက်မှ ထောက်ပံအားပေးခဲ့လဲဆိုတာ အဓိကကျပါတယ်။
အပြစ်မဲ့တဲ့ပြည်သူတွေ သေရတာတော့ တကယ်စိတ်မကောင်းဖြစ်မိပါတယ်။
နောက်ဆုံး လူသိနဲတဲ့ အကြောင်းအရာတခုကျွန်တော်ပြောပြပါမယ်။ ကျွန်တော်တို့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခ သယ်စခန်းတစ်ခုမှာ အလ်ကိုင်းဒါ က လူတွေ အမေရိကန်ထဲဝင်ဖို့ အဲ့မှာဇတ်မြှုတ်နေတာရှိပါတယ်။ တချို့ဆို အဲ့ဒီက ကရင်မတွေနဲ့ယူပြီး ကလေး တွေတောင်ရနေတဲ့ သူလျိုတွေရှိတယ်။ ဒါကို အမေရိကန်ကို KNUကတော့ သတင်းပေးပြီးပြီ။ ဒါကြောင့်လဲ အခုကိစ္စမ အမေရိကန်အားပေးနေတာ အရင်က အကြမ်းဖက်ခံခဲ့ရတဲ့ကိစ္စရော အခုဖြစ်နေတဲ့ ကိစ္စတစ်ခုလဲ ပါနိုင်တယ် ဘာလို့လဲဆိုတော့ အမေရိကန်က ဟားမတ်အစိုးရကို အကြမ်းဖက် စိတ်သွေးကြွတွေလို့ သတ်မှတ်ထားလို့ဘဲ

Anonymous said...

စဉ်းစားကြည့်စရာလေးနဲနဲလောက်
ပြောချင်ပါတယ် .. အခုကမ္ဘာပေါ်မှာ
သောင်းကျန်းနေတဲ့ အကြမ်းဖက်သမား
တွေဟာ ဘာလူမျိုးတွေလဲ ... ဘယ်
ဘာသာ ကိုကိုးကွယ်ကြလဲ ... ဘာတွေ
လုပ်ခဲ့လဲ ... အခုကော ဘာတွေလုပ်နေလဲ
အရှေ့အလယ်ပိုင်းတစ်ခုတည်းမဟုတ်ဘူးနော်
စပိန်မှာ .. ပြင်သစ်မှာ ... အိန္ဒိယမှာ ..
အမေရိကန်မှာ ... သီရိလင်္ကာမှာ ...
အင်ဒိုနီးရှား ဘာလီကျွန်းမှာ .. အီရတ်မှာ
......မှာ .......မှာ .....မှာ
ကိုယ်စိုက်ပျိုးခဲ့တဲ့ အသီးကိုပဲ ကိုယ် ပြန်ပြီး
ရိတ်သိမ်းရတယ်ဆိုတာ သဘာဝပဲ ကမ္ဘာပေါ်မှာ
ဂျူးဘာသာရေးအစွန်းရောက်အဖွဲ့ .... ဗုဒ္ဓဘာသာ
အစွန်းရောက်အဖွဲ့ ... ခရစ်ယာန်ဘာသာရေးအစွန်း
ရောက်အဖွဲ့ ..ဟိန္ဒူဘာသာရေးအစွန်းရောက်အဖွဲ့
ဆိုပြီး များများစားစားမတွေ့ဘူး ဘူး ... မရှိ
သလောက်ပဲ ...ရှိလဲ ဗုံးမခွဲဘူး ...ပြန်ပေးဆွဲပြီး
ခေါင်းမဖြတ်ဘူး ... အပြစ်မဲ့ပြည်သူတွေ နေတဲ့
အဆောက်အဦးတွေကို လေယာဉ်ပျံတွေနဲ့ ဝင်မတိုက်ဘူး ... လေယာဉ်ပျံ တွေ ပြန်ပေးမဆွဲဘူး ........ဘူး
.........ဘူး ........ဘူး
အများကြီးပါပဲ .... စဉ်းစားကြည့်ဘို့ပါ

Unknown said...

hello ko moe thee,
i agree israel should not hurt innocent people,but how do you think hammes should not sheld their own people?who's first to fire rocket into israel?
hta2

Anonymous said...

I m very glad to read commets. We, Myanmars, know the truth. I know where the post is also leading to . Everyone knows what will happen if there is no guy who can beat those muslim extremists in the world. I don't like the war. But There should be the war on terror. The people who chose the terrorists as their government are also terrorists. So they deserve it. But I know no all of them are like that. But majority is like that. So they are just eating what they deserve now.

Anonymous said...

I m very glad to read commets. We, Myanmars, know the truth. I know where the post is leading to as well. Everyone knows what will happen if there is no guy who can beat those muslim extremists in the world. I don't like the war. But There should be the war on terrorists. The people who chose the terrorists as their government are also terrorists. So they deserve it. But I know no all of them are like that. But majority is like that. They are just eating what they deserve now.

Anonymous said...

hi, I have a question. If group of people, they didnt obey the religious laws, can we called them, they are religious persons ? Plz, think clearly, dont confuse. Coz the definition between two answers (yes or no) are reali so different. As for me, I strongly oppose both Hamas (including their supporting countries) and the Israeli gov. But reali sori for both Israeli's and Palestinian's innocent civilian who have been killed in this crisis.

zinboaung said...

heehee
only buddish extremist killed owned monks by bamboo stick
only buddish extremist destoyed owned buddah statues by legs
this is so call myanmar buddish terorist
worse than alkaeda and hamas

Anonymous said...

ကမ္ဘာပေါ်ယုတ်ညံ့ဆုံးဘာသာရေးက မွတ်ဆလင်တွေဘဲ သူတို့ခံရရင် ငိုယိုပြီးအော်မယ် သူတို့သာရင် သူများကို ခေါင်းဖြတ်တဲ့ကောင်တွေပါ..အစ္စရေးလုပ်တာမှန်တယ်

Anonymous said...

မြန်မာ စစ် မှန် ရင် မွစ်လင် မ ရှိ ဘူး ၊ မြန်မာ အားလုံး က မင်းတို့ ကို ကုလား လို့ ဘဲ ခေါ် တယ်

Anonymous said...

မွတ်စလင် ဘာသာဟာ တစ်ခုခုလွဲမှားနေပြီဆိုတာက တော့ သေချာတယ်။ တစ်မ္ဘာလုံးမှာ သူတို.ပဲ လိုက်မွှေနေတယ်။ ဘယ်ဘာသာနဲ.ပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံနဲ.ပဲ ဖြစ်ဖြစ်၊ သူတို.နဲ.ပဲဖြစ်တာများတယ်။
ကမ္ဘာ.ချဉ်ဖတ်တောင်ပြောရမလိုဖြစ်နေပြီ။ ကောင်းကောင်းနေတဲ့ မွတ်စလင်တွေရှိပေမယ့် သူများဘာသာတွေထက်စာ ရင်အကြမ်းဖက်မှုတော်တော်များတယ်။ နအဖက ဘာသာရေး အရေခြုံမိုလို. အကြမ်းဖက်တာ။ မွတ်စလင်တွေ ကျတော့ ဗလီဆရာတွေကကို စပြီးအကြမ်းဖက်တာ။ မဟုတ်ရင်လဲ မြှောက်ပေးတယ်။ ကြည့်လေ။ မြန်မာပြည်က ကုလားတွေတောင် ဘာမဆိုင် ညာမဆိုင် ဂျူးနဲ.အမေရိကန် မုန်းပြီး အာရပ်ကို အသေ အထင်ကြီးတယ်။ ဒါပေမယ့် အမေရိက သွားမလားလို. မေးရင်ပြောမနေနဲ. လေယာဉ်တောင် ဘီးဖက်လိုက်မယ့် ဟာတွေလေ။ တော်လှန်ရေးဆိုပြီး ဒီကောင်တွေနဲ.တော့ မပေါင်းမိစေကြနဲ.ဟေ့။ ဂျပန်ထက် မရေမတွက်နိုင်အောင်ဆိုးပြီး အမျိုးပါပျောက်သွားမယ်။ အခုထဲက ရှင်းရှင်းနဲ.ကင်းကင်းနေကြ။ မြန်မာအချင်ချင်း စည်းလုံးကြဟေ့။ နအဖ ကြောင့်လဲ မွတ်စလင်တွေ ပိုချမ်းသာပြီး ဆင်းရဲတဲ့ မြန်မာမလေးတွေကို များများယူပြီး ဘာသာရေးပိုဖြန်.နိုင်တယ်လေ။ သူတို.က အာရပ်တွေအထောက်အပံ့နဲ. အရင်းအနှီးလုပ်၊ နအဖကိုလာဘ်ထိုး၊ ချမ်းသာလာတော့ မြန်မာမလေးတွေကို ငွေနဲ.မျှားပြီးယူ။ ပြီးတော့မိန်းမကော၊ ကလေးတွေကော သူတို.ဘာသာထဲဝင်ခိုင်း။ မြန်မာမလေးတွေက တစ်လင်တစ်မယားစနစ်ဆိုတော့ ကြိတ်မှိတ်ပြီးလိုက်ရရှာ။ ပြီးတော့ ကိုယ်တော်တွေက သူတို.ဘာသာ အကြောင်းပြပြီးနောက်မယားတွေ ထပ်ယူ၊ ဒီလိုနဲ.ပဲဒီကောင်တွေ မြန်မာပြည်ထဲမှာ ပွားလာတာ။ နအဖ လက်ချက် အများကြီးပါတယ်။ အခု ဒီကောင်တွေက သူတို.ဟာတိုင်ရင်းသားတစ်မျိုးဆိုတာပါ လုပ်ချင်လာတော့ တော်လှန်ရေးမှာ ပေါင်းချင်လာတယ်လေ။ ရိုဟင်ဂျာတဲ.။ ရိုက်ချက်တွေကတော့ ပြောင်မြောက်ပကွာ။

Anonymous said...

အားလုံးကို တစ်ခုပြောချင်တာက anonymous ဆိုတဲ့ လူက အားလုံးကြားမှာသွေးခွဲနေတာပါ။ အဲဒီလိုကောင်းမျိုးကို ရှောင်ကြပါ။ အရင်ခေတ်ကတည်းက မြန်မာမွတ်စလင် ရှိခဲ့တယ်ဆိုတာ အောက်ကလင့်တွေ မှာဖတ်ကြပါ။
http://en.wikipedia.org/wiki/Rohingya
http://en.wikipedia.org/wiki/Burmese_Indians
http://en.wikipedia.org/wiki/Islam_in_Burma
မိတ်ဆွေတို့ ကျနော့်တို့ဟာ လူမျိုးတူတွေပါ။ ဘာသာရေးကြောင့် အကွဲအပြားဖြစ်နေရတာပါ။ ပြီးတော့ အဲဒီ မျက်ကန်းဝါဒတွေ ရေးနေတာ ထောက်ရင်၊ ဒီလူဟာ စာမဖတ်ဘူးဆိုတာ အသေအချာပါပဲ။ အရင်ခေတ်က လူတွေကိုမေးကြည့်ကြပါ။ ဦးနုခေတ်မှာ ရေဒီယိုကနေ ရိုဟင်ဂျာ တိုင်းရင်းသား ဘာသာ အစီအစဉ်တောင် သီးခြားလွှင့်ပေး ပါတယ်။ ပြီးတော့ ကျန်တဲ့ မွတ်စလင်တွေလဲ ဒီလူတစ်ယောက်ကြောင့် တော်လှန်ရေးအတွက် သွေးမကွဲကြပါနဲ့။ Who really kill aung sann ဆိုတဲ့ ဗွီဒီယိုထဲမှာ ကြည့်ပါ လွတ်လပ်ရေး အတွက် agreement လုပ်နေကြတဲ့အထဲမှာ ဗိုလ်ချုပ်နဲ့ အတူတူ မြန်မာမွတ်စလင်တွေလဲ ပါကြပါတယ်။ ပထမတော့ ကျနော် သူ့ကော်မန့်ကို ကြည့်ပြီး ဒေါသထွက်မိပါတယ်။ ဆဲမလို့လုပ်မိပါသေးတယ်။ အခုတော့ ကျနော့် ချက်နဲ့ပြန်ရှင်းပြ လိုက်နိုင်တာ၊ မကောင်းတဲ့ဘက်ကို အနိုင်ရလိုက်တယ်လို့ ကျနော့်ယူဆပါတယ်။
အရေးကြီးပြီ ညီနောင်အပေါင်းတို့၊ သွေးစည်းကာ ညီစေကြစို့။

Anonymous said...

thank for every comments, coz of these comments i can feel everything even its rite or wrong, i didnt mean that someone wrong coz now a day no one is perfect, May GOD bless the whole world and we all may live with peacefully. thank :)

Anonymous said...

သတိရေ ကိုးကားရင် သမိုင်းအထောက်အထားခိုင်လုံ တဲ့ စာအုပ်တွေ သမိုင်းမှတ်တမ်းတွေက ကိုးကားပြီးပြောကွ ဘယ်သူမဆို ၀င်ရေးခြင်တိုင်းရေးလို့ရတဲ့ ၀ီကီပီးဒီးယား နဲ့တော့လာမပြောနဲ့ မွတ်စလင်တွေအဆင့်မရှိတာ အဲဒီမှာပြတာဘဲ ကိုးကားတာကိုက ၀ီကီပီးဒီးယားတဲ့

Anonymous said...

Anonymous,
ခင်ဗျားပြောတဲ့ အကြောင်းအရာတွေက ရော ဘယ်အထောက်အထားကို ကိုးကားပြီး ပြောတာလဲ။ မြန်မာပြည်မှာ ဆင်းရဲတဲ့ မြန်မာ မွတ်ဆလာမ် တွေ အများကြီး။ ဘာသာပြောင်းတာတွေ ကလည်း သူတို့ အကြောင်းနဲ့ သူတို့ ပဲ။ ခင်ဗျားက မွတ်ဆလာမ် ဘာသာထဲ ပြောင်းတဲ့ လူတိုင်း ကို လိုက်မေးထားလို့လား။ ကျတော် မြင်ဖူးတာတော့ အိမ်ထောင်ကျပြီး ဘာသာပြောင်းသွားတဲ့ မွတ်ဆလမ်တွေလည်း ရှိတာပဲ။
အစ္စလာမ် ဘာသာမှာ လူတွေကို သတ်ဖြတ်ဖို့ ပြောမထားပါဘူး။ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ ဘယ်ဘာသာပဲ ဖြစ်ဖြစ် ကောင်းတာလုပ်ဖို့ လမ်းညွှန် ထားတာပါ။ အပြစ်မဲ့ ကလေးသူငယ်တွေ လူတွေ သေကြေပျက်စီးဒုက္ခရောက်အောင် လုပ်တဲ့ သူတွေ ပာာ ဘာသာရေး ဆိုတဲ့ ခေါင်းစဉ်ကို အသုံးချနေကြတာပါ။
ကျတော် ကတော့ မြန်မာနိုင်ငံ ကြီးလွတ်မြောက်အောင် အသက်စွန့် ဆန္ဒပြခဲ့ ကြတဲ့ ဘုန်းကြီး တွေ ကို အမှန်တကယ်ပဲလေးစားမိပါတယ်။ ဗုဒ္ဓဘာသာဝင် တယောက်မပာုတ်သည့်တိုင်အောင်။
ကိုမိုးသီးဇွန် ခင်ဗျား... အစ်ကို့ရဲ့ ဘလော့ မှာ ဘာသာရေး လူမျိုးရေးတို့ကို တိုက်ခိုက်မုန်းတီးပြီး ဆဲဆိုတဲ့ comment တွေကို ဖတ်ရှုပြီး ပြင်ဆင် တည်းဖြတ်ပေးပါရန် တောင်းပန်အပ်ပါတယ်။

Anonymous said...

A Picture is Worth A Million Words.
If you want to know what really happen in middle east go to the link below then you will know what I mean

http://www.middleeastfacts.com/images/blogimages/hamas_hezbollah_and_israel_land_for_peace.jpg

Anonymous said...

A Picture is Worth A Million Words.
If you want to know what really happen in middle east go to the link below then you will know what I mean

http://www.middleeastfacts.com/images/blogimages/hamas_hezbollah_and_israel_land_for_peace.jpg