Saturday 3 January 2009

အစိုးရအသစ် ဖွဲ့  စည်းရေး အပေါ် မိုးသီးဇွန့် သဘောထား။

၁- ဖယ်ဒရယ်အစိုးရပဲခေါ်ခေါ်၊ အမျိုးသားညွန့် ပေါင်းအစိုးရပဲခေါ် အားလုံးကိုပါဝင်ဖွဲ့ စည်းနိင်ဖို့ လိုတယ်။

• လွတ်တော်ကိုယ်စားလှယ်များ
• တိုင်းရင်းသားခေါင်းဆောင်များ
• ၁၉၆၂-၇၄ နဲ့  ၈၈ မျိုးဆက်ကျောင်းသား များ
• ဒီမိုကရေစီအင်အားစုများ
• ပြည်ပရောက်အင်အားစုများ
• နယ်စပ်အခြေစိုက် မြန်မာ့  Civil Society Institutions အဖွဲ့ စည်းများ
• ပြည်ပရောက်ပညာရှင်များ ကိုအခြေခံပြီး ဖွဲ့ စည်းသင့်ပါတယ်။


၂- လောလော ဆယ်မှာ ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ အမျိုးသားညွန့် ပေါင်းအစိုးရ တရပ် ရှိပြီးသားဖြစ်နေပါတယ်။ ပြည်ပမှာ အစိုးရနစ်ဖွဲ့ မဖြစ်သင့်ပါ။ သူနဲ့  အကြေအလည် နားလည်မှုယူဖို့ လိုတယ်။ ( ဒေါက်တာစိန်ဝင်းနဲ့  ဘယ်လို ဆွေးနွေးများ ပြုလုပ်ထားသလဲ၊ သဘောတူညီမှုတွေဘာတွေရထားသလဲဆိုတာကို ပြည်သူလူထုကို တင်ပြသင့်တယ်။
ရှင်းရှင်းလင်း (Transparency) ရှိစေခြင်ပါတယ်။ )

၃- အစိုးရအဖွဲ မှာ လုပ်ငန်းစဉ် တိတိကျကျရှိဖို့ နဲ့ ယုံကြည်ချက်ရှိဖို့ လိုတယ်။

• တရားဝင်မှုကို ဘယ်လို ရယူမလဲ
• ကိုယ်ပိုင်နယ်မြေတခုရအောင်ဘယ်လိုလုပ်မလဲ
• ပြည်ထောင်စု တပ် ကို ဘယ်လိုဖွဲ့ စည်းမလဲ
• လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲနဲ့  သံတမာန်ရေးတိုက်ပွဲ ကို ဘယ်လိုပေါင်းစပ်မလဲ ။

၎- အစိုးရဟာ မြန်မာ ပြည်ရဲ့  တရားဝင် အစိုးရဖြစ်တယ်။ အချုပ်အခြာအာဏာ နဲ့  မြန်မာ ပြည်နဲ့  အရေးအခင်းတွေကို ဖယ်ဒရယ်အစိုးရက သာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ပြည်တွင်းပြည်ပ နဲ့ နိင်ငံတကာ သိအောင် ကြေညာမှု ပြုမှာလား မပြုဘူးလား။
( ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ ညွန့် ပေါင်းအစိုးရက စင်ပြိုအစိုးရအဖြစ် ဖွဲ့ ထားသော်ငြားလည်း စင်ပြိုင်အစိုးရအဖြစ် ကြေညာတဲ့ ပေါ်လစီမရှိခဲ့ မလုပ်ခဲ့ လို့ ရှင်းရှင်းလင်းသိနိင်ဖို့ လိုပါတယ်။ )


၅- အစိုးရဖွဲ့ ပြီး နအဖနဲ့ စေ့စပ်ရေးလမ်းကြောင်းကိုသေနင်္ဂဗျူဟာ အဖြစ်မကိုင်စွဲသင့်ပါ။

၆- ၂၀၁၀ ရွေးကောက်ပွဲကိုလက်မခံကြောင်း ကြေညာဖို့ လိုတယ်။

၇- လွှတ်တော်ကိုယ်စားလှယ်မှာ အစိုးရဖွဲ့ တယ်ဆိုတာမဖြစ်နိင်ပါ။ လွှတ်တော်ကိုယ်စားလှယ်နဲ့ပဲ အစိုးရဖွဲ့ လို့ ရတယ်ဆိုတာမဟုတ်ပါဘူး။ အမေရိကန် အစိုးရ အဖွဲ့ မှာ သမတနဲ့ ဒုသမတပဲ ပြည်သူလူထုကရွေးကောက်ပွဲနဲ့ တက်လာတဲ့သူတွေ ကျန်တဲ့သူတွေက သမတ က ဆွဲခန့် တွေ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ ကို သမတက ပဲ တာဝန်ခံတယ်။

၈ - ပရောဂျက်တင်ကောင်း အောင် ဖွဲ့ တဲ့အစိုးရမျိုးမဖြစ်သင့်ပါ။ အယောင်ဆောင် လုပ်စား အစိုးရ
ကိုလုံးဝအလိုမရှိပါ။

၉- အစိုးရအဖွဲ့ သက်တန်း၊ ၀န်ကြီးတာဝန်တွေသက်တန်းများကို တိတိကျကျသတ်မှတ်မှ ကျနော်တို့ ထောက်ခံနိင်ကြောင်း တိတိလင်းလင်း ပြောထားလိုပါတယ်။

၁၀- ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ အမျိုးသား ညွန့် ပေါင်းအစိုးရအနေနဲ့  ရာသက်ပန် ၀န်ကြီးတွေလုပ်နေတာဟာ ဒီမိုကရေစီ ကျင့်စဉ်များနဲ့  မညီညွတ်ပါ။ ဒီမိုကရေစီလှုပ်ရှားမှုကို တန်ဖိုး မထားတဲ့အတွက် ကျနော်တို့  စိတ်မကောင်းဖြစ်မိပါတယ်။





- မိုးသီးဇွန် -

1 comment :

YeKyawAungMDY said...

နောက်ဆုံးပိတ် (၈) အချက်ကို လုံးဝလက်ခံပါသည်....အီလည်လည် မပြတ်မသားဖြစ်တဲ့ ဇာတ်မျောတွေ မဖြစ်ဖို့ အတွက်တိုက်တွန်းချင်ပါသည်....လက်နက်ကိုင်တယ်
ဆိုလည်း ထိထိရောက်ရောက်ကိုင်ဖို့ လိုပါသည်...
စစ်သား (၃)သိန်းကို သွားပြီးယှဉ်တိုက်နေလို့ မဖြစ်နိုင်ပါ...
ကျနော်ပြောတာကိုမြင်မှာပါ...