Wednesday, 7 January 2009

ဗိုလ်ချုပ်စောထွန်း သမီး နဲ့  မူးယစ်ဆေးဝါး

ပြီးခဲ့တဲ့နစ်က မူးယစ်ဆေးဝါး ရောင်းဝယ်၊စားသုံးမှုတွေနိမ်နင်း အပြီးမှာ မူးယစ်ဆေးဝါးလောက သားတွေဟာခနငြိမ်သွားကြတယ်။ခုတော့ ရန်ကုန် မှာ မူးယစ်ဆေးဝါးတွေ ပြန်လည် ခေါင်းထောင်လာပါတယ်။ခေါင်းထောင်လာတဲ့အကြောင်းကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်၊သုံးစွဲ မှုတွေမှာ နအဖ ဗိုလ်ချုပ် အသိုင်းအ၀ိုင်းကသားသမီးတွေပါပါဝင်နေလို့ဖြစ်ပါတယ်။

အခုမူးယစ်လောကမှာနာမည်ရလာတဲ့သူတွေကတော့ဗိုလ်ချုပ်စောထွန်းသမီး(အမည်မသိသေး)နဲ့သားမက်(သားပေါက်)တိုကိုယ်တိုင်ပါဝင်နေပါတယ်။ ဗိုလ်ချုပ်စောထွန်းသမီးက အိမ်မှာ ပါတီ ပွဲ တွေ ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိတယ်။ပါတီလာတဲ့သူတွေကို တော့ အရက်သေစာ များအပါအ၀င် မူးယးစ်ဆေးဝါးများ ( အက်သာစီ နဲ့ ယာဘား ဆေး)ကို လွတ်လပ်လပ်ကြီး ဖြန့် ဖြူးပေးနေတယ်လို့ သိရပါတယ်။ ပိုင်အိုနီးယား နိက်ကလပ်က လည်းမူယစ်ဆေးဝါးဖြန့် ဖြူးတဲ့နေရာမှာ နာမည်ရနေတယ်လို့ သိရပါတယ်။ ပိုင်းအိုနီးယား နိက်ကလပ်မှာမူးယစ်ဆေးဝါးအဓိက ဖြန့် ဖြူးရောင်းချနေတာကတော့ ဇာဇာ မင်းထက်ဆိုသူ မော်ဒ်လ် တဦးဖြစ် တယ်လို့သိရတယ်။ သူထံမှာလည်း အက်သာစီနဲ့  ယားဘား ဆေးများကို ၀ယ်ယူနိင်တယ်လို့ သိရတယ်။
လွန်ခဲ့တဲ့ ၃ လ က သူကို ပြည်ထဲရေး ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သော်လည်း သူမက ၃ ရတီရှိတဲ့ စိန်တလုံးကို စစ်ဆေးတဲ့ထောက်လှမ်းရေး ကို လပ်ထိုးခဲ့တဲ့အတွက် ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

No comments :