Thursday, 8 January 2009

ဟေမန္တ ဓါတ်ပြား ( ဇော်- ပျဉ်းမနား)

ဘာလိုလိုနဲ့ 
အေးစက်တဲ့လက်သည်းချွန်
ဝက်ဝံလို ပွေ့ ဖက်ကြမ်း၊
နှုတ်ခမ်းပြာတဲ့ ရာသီ၊
လာပြီ ။
နေ့ အလင်းအဖြူ အားနည်း
ညမင်းမူအားသည်းပေရော့ မည်
ဒီအချိန်မှာ၊
ဗီလိန်လည်း ချမ်းသာမပေး
ချမ်းရှာလို့ ကွေးရခြိမ့် ....။

ယုန်မွှေးနုဆိုတာလည်း၊
ဂုဏ်လေးတခုပေပဲ။
ဖူဂျီတောင်အရပ်မှာ ဆို
မြူခြည် စောင်လျပ်စစ်တွေခြုံလို့ ပေါ့ ။

ဘုရား..
ဘုရား ...။

ငါကြားဖူးတဲ့ ၀ူးသာရင်းဟိုက်ထဲက၊
ကက်သရင်းရဲ့ ခိုက်ခိုက်တုန်ညီးတွားသံ
သူရာစုမှာ ညံသွားသတဲ့။

ကဲတော်ပြီ .....။
ဆောင်းကို ပြောရင်
ဥရောပဆန် တယ်။

ဇော်( ပျဉ်းမနား)

- ၁၉၈၀ ခန့် က ကျော်ကြားခဲ့တဲ့  ကဗျာဆရာ ဇော် ( ပျဉ်းမနား) ကွယ်လွန် ရဲ့  ကဗျာ လေးနဲ့  အနောက်ကမ္ဘာခြမ်းက အေးစက်လှတဲ့ ဆောင်းနှင်းရက် တွေကို ကျော်ဖြတ်နေတဲ့ ချစ်စွာသော စာဖတ်သူတို့  အတွက် ဇော်ပျဉ်မနားရဲ့  ဟေမန္တဓါတ်ပြား ဆိုတဲ့ ကဗျာလေးနဲ့  တင်ဆက်လိုက်ပါတယ်။ သူကဗျာက ၀ိုင်ကောင်းကောင်းတခွက် သောက်ရသလို အရသာရှိလာပါတယ်။

No comments :