-အောင်ချမ်း (ရန်ကုန်)-
မြန်မာနိုင်ငံမှာ အခုဆို သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများဟာ အရောင်းအား ကျဆင်းလျှက်ရှိ နေကြောင်း၊ တရုတ်ကုန်သည်ကြီးများ အသိုင်းအ၀န်းကပြောဆိုနေကြတယ်။ သွပ်၊သံ၊ ဘိလပ်မြေ၊ ကားအပိုပစ္စည်း ရောင်းဝယ်ရေး၊ သင်္ဘာဆေး ရောင်းဝယ်ရေး လုပ်ငန်းအပါအ၀င် ဆောက်လုပ်ရေးဓာတုဗေဒ ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ အရောင်းရ ကျဆင်း နေကြောင်း လမ်းမတော် မြို့ နယ်မှာ သွင်းကုန် လုပ်ငန်း လုပ်ကိုင်နေသူ မလင်းလင်းက အခုလို ပြောဆိုခဲ့တယ်။
“ဟုတ်တယ် အကိုရေ …အရောင်းအားလည်း ဒီလ နည်းတယ်။ ပြီးတော့ ကျမ တို့ ပစ္စည်းတွေကို နိုင်ငံခြားက မှာတုန်းက ဒေါ်လာ ဈေးက ၁ ဒေါ်လာ ၁၂၆၀ ပေါက်ခဲ့တယ်။ ဒေါ်လာဝယ်ခဲ့ရတဲ့ ဈေးက ကြီးခဲ့တယ်။ အခု ပစ္စည်း လည်း ရောက်ရော ၁ ဒေါ်လာ ၁၁၅၀ ဘဲ ပေါက်တော့ ငွေလဲလှယ်ခဲ့ရတဲ့ နှုန်းမှာလဲ ပြန်ရှုံးနေတဲ့ အပြင် ၊ မြန်မာပြည်မှာက ဈေးနှုန်းတွေက ၀ယ်လိုအားနည်း ပြီး ထိုးကျလာ တော့ ၂ ပြန်ရှုံး ဖြစ်နေတယ်။ တချို့ ဖောက်သည်တွေဆီက လည်း ၀ယ်လိုအားကျလာလို့ ကျမတို့ ပြီးခဲ့တဲ့ နိုင်ဝင်ဘာ နှင့် ဒီဇင်ဘာ ၂ လ ထဲမှာ ဒေါ်လာ ( ၁) သိန်းဘိုးလောက်ရှုံး နေတယ်။ နောက်ပစ္စည်းတွေ မှာဘို့ ရပ်ဆိုင်းထားတယ်။ ၂ လ ၃ လ လောက်တော့ စောင့်ကြည့်ချင် တယ်။ ပုံမှန်ပြန် လည်ပတ် လာလိမ့်မယ်လို့ ထင်ရတာဘဲ။ ”
တရုတ်- မြန်မာ နယ်စပ် မူဆယ်-နမ်းခမ်း လမ်းကြောင်းကနေ လူသုံးကုန်ပစ္စည်း တင်ပို့ ပြီး၊ မန္တလေးမှာ အရောင်းအ၀ယ် လုပ်နေတဲ့ မကျင်ထွေး ကလည်း အခုလိုပြောဆိုခဲ့တယ်။
“အယင်က ဖောက်သည်တွေ၊ ၀ယ်သူတွေ ကို ရှာစရာသိပ်မလိုဘူး။ အခုတော့ အရောင်းမလိုက် လို့ မန္တလေး၊ ရန်ကုန် အပါအ၀င် နယ်မြို့ ငယ်တွေကို ပါ ပြဲပြဲစင်အောင် လိုက်ရှာနေရတယ်။ တရုတ်ပစ္စည်းတွေ ကို လူတွေက ကြောက်နေကြတာလဲ ပါလိမ့်မယ်။ အရောင်းကျနေတယ်။ တချို့ ပစ္စည်းတွေ က ကျမတို့ လက်ထဲမှာ ကြာနေပြီ။ ငွေမြုပ်နေတယ်။ သိပ်များများလည်း မလှောင်ရဲဘူး။ ပြီတော့လည်း ပစ္စည်းဈေးနှုန်းတွေ ကသာ ထိုးကျသွား တာ၊ သယ်ယူလာခဲ့ရတဲ့ စရိတ်က ပို တက်နေတယ်။ ရဲဂိတ်၊ အကောက်ခွန်ဂိတ်၊ စစ်တပ် ဂိတ်တွေ၊ က အရင်ကထက် ပိုပေးနေရတယ်။ သိပ်မကိုက်ဘူး ဖြစ်နေတယ်..ကိုကြီး။
၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီ ၂၅ ရက်နေ့က မန္တလေး အကြီးဆုံး ရတနာပုံဈေး ( Sky World Shopping Mall ) မီးလောင်ကျွမ်းစဉ် အလုပ်သမားများ က လျှပ်စစ်ပစ္စည်းပုံးများ ကို အဝေးသို့ရွေှ့ ပြောင်းနေစဉ်
Rest of your post
No comments :
Post a Comment