Wednesday, 28 January 2009
ပုရွက်ဆိတ်တွေ ဘာကြောင့် အချင်းချင်း တိုက်ခိုက်ကြသလဲ
-ကို-
ပုရွက်ဆိတ်ဘုရင်မနှင့် သူ့လုပ်သားရဲဘော်တွေ ဟာ သူတို့အမျိုးတူတွေရဲ့ တိုက်ခိုက်ခြင်းကို မျိုးပွားဖို့ လုပ်နေစဉ်မှာ ခံကြရပါတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ပုရွက်ဆိတ် အဖွဲ့ မှာဆိုရင် ပုရွက်ဆိတ်လုပ်သားတွေ ဟာ ပုံမှန်အားဖြင့် မျိုးပွားမှုအတွက် အကူအညီပေးရပြီး ပုရွက်ဆိတ်ဘုရင်မရဲ့ မွေးဖွားလာတဲ့ ကလေးတွေ (သူတို့နဲ့ မောင်ညီမလေး တော်သူ)တွေကိုလဲ စောင့်ရှောက်ရပါတယ်။ မျိုးပွားဖို့ ကြိုးစားတဲ့ လုပ်သားပုရွက်ဆိတ်တွေဟာ အုပ်စုထဲမှာ အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ပြီး ဓါတုဓါတ်ကို ထုတ်လွတ်ကာ မျိုးအောင်ဖို့အခြေအနေကို ဖန်တီးတာပါလို့ ရှာဖွေလေ့လာသူတွေက ဆိုပါတယ်။ ဒါကို အမေရိကန်- ဂျာမန် အဖွဲ့က တွေ့ရှိခဲ့တာပါလို့ အခုထုတ်ဝေတဲ့ ဇီဝဗေဒဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒါကို လေ့လာစမ်းသပ်ဖို့ အတွက် သိပ္ပံပညာရှင်တွေဟာ မျိုးအောင်နိုင်တဲ့ ပုရွက်ဆိတ်လုပ်သားတွေကို Aphaenogaster cockerelli မှာရှိတဲ့ မျိုးမပွားနိုင်တဲ့ လုပ်သားတွေနည့် အတူတကွပေါင်းစပ်ထားလိုက်ပါတယ်။ ဒီပုရွက်ဆိတ် အစုအပေါင်းတွေမှာဆို ဘုရင်မကတော့ ဒီအတိုင်းပဲ တည်မြဲနေပြီးတော့ ဟိုက်ဒရိုကာဘွန် ဓါတုဓါတ်ကို ထုတ်တဲ့ ပုရွက်ဆိတ်လုပ်သားတွေ ကတော့ အချင်းချင်း တိုက်ခိုက်တာ ခံရပါတယ်။ လဲလောင်းငြိမ်သက်နေတဲ့ ပုရွက်ဆိတ်တွေဟာ အချင်းချင်းရဲ့ ကိုက်ချင်း ဆွဲခြင်းကို ခံကျရပါတယ်လို့ ရှာဖွေတွေ့ရှိသူတွေကဆိုပါတယ်။ အခြားပုရွက်ဆိတ် လုပ်သားတွေဟာ မျိုးပွားနိုင်ကျပေမဲ့လဲ ဒီပုရွက်ဆိတ် အုံတွေမှာ ဆိုရင် ဘုရင်မမရှိပဲ မရပ်တည်နိုင်ကျပါဘူး။ အမေရိကန် Tempe ပြည်နယ်မှာရှိတဲ့ Arizona တက္ကသိုလ်က ပြောခွင့်ရှိတဲ့ Jurgen Liebig ကတော့ ဒီဟိုက်ဒရို ကာဗွန် ဓါတု ထုတ်နိုင်တဲ့ တိုက်ခိုက်ခံရတဲ့ပုရွက်ဆိတ်တွေမှာ တူညီတဲ့ အချက်အလက်တွေ မပါမဖြစ်ကို ပါဝင်နေတယ်လို့ဆိုပါတယ်။ ဒီမျိုးပွားခြင်း စည်းမျဉ်းစည်းကမ်းဟာ ပုရွက်ဆိတ်တွေရဲ့ လောကမှာတော့ အရေးပါတဲ့ အချက်တစ်ခုအဖြစ် တည်ရှိနေပါတယ်လို့ Dr Liebig ကရှင်းပြခဲ့ပါတယ်။
ပိုပြီး အောင်မြင်တဲ့ လူမှုရေးအဖွဲ့အစည်းတွေကို ဖွဲ့စည်းဖို့အတွက် အချင်းချင်း တိုက်ခိုက်ထိုးနှက်ခြင်းတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ဖို့ ဆိုတဲ့ လူမှုရေးသဘောတူညီမှု လည်းလိုအပ်တယ်လို့ သူကဆိုပါတယ်။ တစ်ချို့ပုရွက်ဆိတ်တွေ အတွက်ကတော့ အချင်းချင်းတိုက်ခိုက် အနိုင်ရခြင်းဟာလဲ အောင်မြင်တဲ့ နည်းလမ်းတစ်ခု ဖြစ်မှာပဲ ၊ဒီအခြေ အနေ နှစ်ရပ်လုံးဟာ ကျေနပ် စရာပါပဲလို့ ရှာဖွေတွေ့ရှိသူတွေကဆိုပါတယ်။
ပထမတစ်ခု အနေနဲ့ ပြောရရင် ပုရွက်ဆိတ်အလုပ်သမားတွေဟာ သူတို့ရဲ့ကိုယ်ခန္ဓာမှာရှိတဲ့ အရေပြားချောမွေ့မှုအတွက် ဟိုက်ဒရိုကာဗွန် သင်္ကေတကို လိုအပ်တယ်။ ဒုတိယနေနဲ့ ကတော့ သူတို့ဟာ ဒီဟိုက်ဒရိုကာဗွန်ဓါတ်ကို သူတို့ ဥတွေဆီအထိဖြန့်ချမယ်။ ဒါမှသူတို့ကလေးတွေဟာ ဘုရင်မ သိအောင် ဖုန်းကွယ်ထားနိုင်မှာဖြစ်တယ်။ ဒါ့ကြောင့်တစ်ချို့ ပုရွက်ဆိတ်အုံတွေမှာဆိုရင် ပုရွက်ဆိတ်အလုပ်သမား အချင်းချင်း တိုက်ခိုက်မှုကြောင့်သာမကပဲ သူတို့ဟာသူတို့လဲ ဥတွေကို ဖျက်ဆီးပြစ်လေ့ရှိကျတယ်။
အမှန်တော့ ပုရွက်ဆိတ်တွေ ဘာကြောင့် အချင်းချင်း တိုက်ခိုက်ကြသလဲ ဆိုတာကို လေ့လာယင်း တွေ့ရှိခဲ့တဲ့ လူမှုရေးနိယာမ အသွင်တခုပါ။ အချင်းချင်းတိုက်ခိုက်ဝေဖန်ခြင်းဟာ အဆိုးရှိသလို၊ အကောင်းကိုလည်းဖန်တီးစေနိုင်တယ်ဆိုတဲ့အချက်ပါဘဲ။
၀၁-၂၈-၂၀၀၉
Rest of your post
at
10:32
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment