Monday, 26 January 2009

တိုင်တန်းနစ် သင်္ဘောကြီးပေါ်က တွေ့ရှိခဲ့သော ဗြိတိန်တို့ရဲ့ ယဉ်ကျေးမှု

၃ နှစ်ကြာ တည်ဆောက်ခဲ့ကြသော Titanic (တိုင်တန်းနစ်) သဘောင်္

-ကို-

Titanic (တိုင်တန်းနစ်) သဘောင်္နစ်မြုပ်စဉ်က ဗြိတိန်နိုင်ငံသားတွေဟာ အသက်ကယ်လှေတွေ ပေါ်ကိုတက်ဖို့အတွက် စနစ်တကျ တန်းစီနေတဲ့အတွက်ကြောင့် သူတို့ဟာ သေဆုံး မှုပိုများတယ်လို့ ရှာဖွေ လေ့လာသူတွေက ယုံကြည်ကျပါသည်။

အပြုအမူဆိုင်ရာ ဘောဂဗေဒ ပညာရှင်တွေရဲ့ အဆိုအရတော့ အချက် အလက်တွေကိုလေ့လာကြည့်လို့ရှိရင် အဲဒီကာလတုန်းက ဗြိတိန် တွေဟာပိုပြီး လူကြီးလူကောင်းဆန်ဆန်ပြုမူ ကြပြီး အမေရိကန်တွေက တော့ တက်သီးပုဂ္ဂလ ပိုဆန်ပါတယ်လို့ ဆိုခဲ့ပါတယ်။

ယောက်ျားတွေထက်စာရင် မိန်းမနဲ့ ကလေးတွေကမှ အသက်ရှင်ခွင့်ကို ၇၀ ရာခိုင်နှုန်းလောက် အဲဒိအချိန်တုန်းက ပိုရပါတယ်လို့ သူက ဘီဘီစီ ကိုပြောခဲ့ပါတယ်။

တိုင်တန်းနစ်သဘောင်္ဟာ သူပထမဆုံး အခရီးစထွက် တဲ့အခေါက်ဖြစ်တဲ့ ၁၉၁၂ ခုနှစ်မှာပဲရေခဲလွှာနည့်တိုက်မိပြီး ခရီးသည် ၁၅၀၀ ကျော်နဲ့ အတူ နစ်မြုပ်သွားခဲ့တာပါ။

လူဘယ်နှစ်ယောက်လောက်ဟာ ဒီသေခြင်းကို အံတုပြီး ဒီရုတ်တရက်ကျရောက်လာတဲ့ ဘေးဒုက္ခကို တွန်းလှန်နှိုင်လဲဆို တာ ကို Queenland တက္ကသိုလ်နည်းပညာဌာ နက David Savage ကလေ့လာခဲ့ပါတယ်။

ဒီကိစ္စဖြစ်ပွားပြီးတဲ့နောက် အမေရိကန် နှင့် ဗြိတိန် လူမျိုးတွေကို စုံးစမ်းမေးမြန်းခဲ့ရာ မိန်းမအများစုက သူတို့ရဲ့ ခင်ပွန်းတွေဟာ သူတို့ကို အသက်ကယ်လှေတွေပေါ် ကိုတင်ခဲ့တာပါလို့ ပြောဆို ထွက်ဆိုခဲ့ပါတယ်။

ပြီးတော့သူတို့ကဆက်ပြီး လှေထွက်ခွာပြီးတဲ့နောက်သူတို့ခင်ပွန်းတွေ ဟာ ပြန်သွားပြီး ဆေးပြင်းလိပ်ဖွာကျတယ်။ ပြီးတော့ ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနည့် မတ်တပ်ရပ်ပြီးစကားတွေပြောကျတယ် လိုဆိုခဲ့ပါသေးတယ်။

သူတို့ဟာ သူတို့ရဲ့ မိန်းမတွေကို အသက်ကယ်လှေပေါ်ပို့ ပြီးပြီးချင်း အပေါ်ကိုပြန်တက်သွားကျပြီးတော့ သူတို့ရဲ့ ၀တ်ကောင်း စားလှတွေ ကို ၀တ်ဆင်ကြပါတယ်။ ဘာလို့လဲဆိုရင်သူတို့ဟာ သေခါနီးပြီ၊ သေရင် ၀တ်ကောင်းစားလှနဲ့ လူကြီးလူကောင်း ဆန်ဆန် သေရအောင်အတွက်လို့ Mr Savage ကဆိုပါတယ်။

သဘောင်္နစ်မြုပ်စဉ်က ကပ္ပတိန် Edward John Smith ဗြိတိန် ပီသပါစေ ဗြိတိန် ပီသပါစေလို့ အော်ခဲ့တယ်လို့ သက်သေများ ရဲ့ ထွက်ချက်အရပါတယ်။

အမျိုးသမီးနဲ့ ကလေးကို ပထမဦးစားပေးရမယ်ဆိုတဲ့ အယူအဆဟာ ဗြိတိန်ရဲ့ယဉ်ကျေးမှုဖြစ်ပြီး ဓလေ့ထုံးစံဟောင်းကြီးတစ်ခုလဲ ဖြစ်တယ်လို့ Mr Savage ကကောက်ချက်ဆွဲခဲ့ပါတယ်။


Rest of your post

No comments :