( ဒေါ်စန်းစန်း - ပြည်သူလွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ)
'' ဒေါက်တာစိန်ဝင်း အစိုးရကို ငါးဦး အစိုးရ ဟု သူမ ကပြောကြား ''

ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရသည် သက်တမ်းပြည့်ပြီဖြစ်သည့်အတွက် အဆိုပါ စင်ပြိုင်အစိုးရ မရှိတော့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ခေတ်ပြိုင်သို့ ပြောသည်။
မကြာခင် အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့တွင် ကျင်းပမည့် အမ်ပီယူညီလာခံ၌ နောက်တက်မည့်အစိုးရအား ရှေ့လုပ်ငန်းစဉ်များ ချပြသွားမည်ဖြစ်သည်ဟု ဒေါ်စန်းစန်းက ပြောသည်။သက်တမ်းမရှိတော့သည့် ဒေါက်တာ စိန်ဝင်းစင်ပြိုင်အစိုးရအား အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် တိုးချဲ့ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အစိုးရမှ တဆင့် လွှတ်တော်ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒေါ်စန်းစန်းက ဆက်လက်ရှင်းပြသည်။
ဒပ်ဗလင်မြို့တွင်ညီလာခံကျင်းပမည့်ကိစ္စ၊ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရအားတိုးချဲ့ရေးကိစ္စတို့နှင့်ပတ်သက်၍အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းအား ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်က အောက်ပါအတိုင်းဆက်သွယ် မေးမြန်းခဲ့သည်။
(မူရင်း- ခေတ်ပြိုင် သတင်းစာမှ http://www.khitpyaing.org/news/January_09/15-1-09e.php )

Summary
Rest of your post
3 comments :
သြော်ဒုက္ခ၊ ဒီဆရာမကြီးနှယ်။ ခင်ဗျားတို. MP တွေလဲ သက်တမ်းကုန်နေပြီ ဆိုပြီး န.အ.ဖ အာဘော်ကြီးနဲ.ပြန် အပက်ခံ ရဦးတော့မယ်။
They all are look alike Shining the Moon Light inside Hollow Bamboo
လူတယောက်ဟာ အုပ်ချုပ်ရေး အာဏာ သို့မဟုတ် နိုင်ငံရေးပါဝါ ကို ၁၀နှစ်ကျော် မလွတ်တမ်းစွဲကိုင်ထားတယ် ဆိုရင် ဘာစနစ်နဲ့ဘဲ ဖြစ်ဖြစ် သူဟာ အာဏာရှင် တဦးပါဘဲ။
Post a Comment