ဒီနေ့ အေပီသတင်းတပုဒ်မှာ သမ္မတ ဂျော့ဘုရှ်က ဘရက်အိုဘားမားနဲ့ သမ္မတဟောင်း တွေကိုဖိတ်ခေါ်ပြီး နေ့လည်စာ စားပွဲကျင်းပတာကို ဖတ်ရတယ်။ တွေ့ဆုံပွဲကို သမ္မတရဲ့ ဘဲဥပုံရုံးခန်းမှာ လုပ်တာပါ။ တက်ရောက် တဲ့ သမ္မတဟောင်းတွေကတော့ ကလင်တန်၊ ဂျော်ဘုရှ် စီနီယာ နဲ့ ဂျင်မီကာတာတို့ ပါဝင်ပါတယ်။ ဘုရှ်က နေလည်စားစားပွဲကိုတက်ရောက်လာတဲ့အတွက် သမ္မတလောင်း ဘိုဘားမားနဲ့ သမ္မတကြီးတွေကို ကျေးဇူး အထူး တင်ကြောင်းပြောပါတယ်။ ရွေးကောက်ခံသမ္မတလောင်း ဘရက်အိုဘားမားက ဘုရှ်ကို ခုလိုတွေ့ဆုံပွဲ လေးစီစဉ် ပေးတာကျေးဇူးအထူးတင်ရှိကြောင်းနဲ့ သူအနေနဲ့ ဒီသမ္မတကြီး တွေဆီက အတွေ့အကြုံ တွေကိုလေ့လာခွင့်သင်ကြားခွင့်ရတယ်လို့ ဆိုပါတယ်။ သူတို့ တွေ့ဆုံပွဲက မိနစ် ၉၀ ကြာ တွေ့ဆုံ ကြခြင်းဖြစ်တယ်။ လက်ရှိဖြစ်နေတဲ့ စီးပွားရေးအခြေအနေ ဂါဇာ မှာဖြစ်နေတဲ့ ပါလက်စတိုင်း၊အစ္စရေး အခြေအနေ တွေကို အဓိကဆွေးနွေးကြတယ်။ အိုဘားမား ကျမ်းသစ္စာမကျိန် ဆိုမှီ မှာ ဘုရှနဲ့  အိုဘားမားတို့  မိနစ် ၃၀ ကြာမဲ့အစည်းဝေးတခုကို ပြုလုပ်ဖို့ လည်း စီစဉ်ခဲ့တယ်လို့သိရတယ်။ ဒီအစည်းဝေးမှာ ဂါဇာမှာ ဖြစ်နေတဲ့ ပဋိပက္ခ အပေါ်မှာ အမေရိကန်ရဲ့  ရပ်တည်ချက်နဲ့ပတ်သက်လို့ အသေးစိတ် ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ နိင်ငံမှာတော့ သမ္မတတွေဟာသက်တန်းပြည့်တဲ့အခါမှာ အေးအေးဆေးဆေး အနားယူတယ်။ ကိုယ်ဝါသာနာပါတယ်လုပ်ကြတယ်။ တိုင်းပြည်အတွက်အရေးကြီးတဲ့အခြေအနေမှာ လက်ရှိတာဝန်ယူ နေတဲ့ သူကို အကြံတွေပေးကြတယ်။ မြန်မာ ပြည်မှာတော့ သမ္မတတွေဟာ ပြုတ်သွားတာနဲ့ နိင်ငံရေး ကလာကာ နောက်ကွယ်မှာစုံးစုံးမြုတ်သွားကြရတယ်။ အာဏာ ရထားတဲ့သူကလုံးဝကို နေရာမပေးတော့ဘူး။ ဦးနုကို ဦးနေ၀င်းက ဖြုတ်ချတယ်။ ဦးနေ၀င်းကို စောမောင်ကဖြုတ်ချတယ်။ စောမောင်ကို သန်းရွှေက ဖြုတ် တယ်။ ဖြတ်ထုတ်သတ်သံသယာ ထဲမှာ တ၀ဲလည်လည်ဖြစ်နေကြတယ်။ အခုလည်းသန်းရွှေကိုဖြုတ်မဲ့သူဟာ လည်း စစ်တပ်ထဲက ပဲဖြစ်မယ်။
Rest of your post
No comments :
Post a Comment