Saturday 17 January 2009

၂၀၀၉ ခုနှစ် ရွှေကမ္ဘာလုံးဆုရှင်များ

၂၀၀၉ ခုနှစ် ရွှေကမ္ဘာလုံးဆုရှင် အမည် ကို ကြေညာပေးနေတဲ့ ဂျနဖါလိုးပက်စ်
-ကို-

မင်းသမီး (Kate Winslet) ကိတ်ဝင်းစလက် ဟာ ရွှေကမ္ဘာလုံးဆုကို နှစ်ဆုတွဲ ဆွတ်ခူးသွားပါတယ်။ သူဟာ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို Revolutionary Road ဇာတ်ကားဖြင့် ဆွတ်ခူးခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို The Reader ဇတ်ကားဖြင့်ရရှိခဲ့တာပါ။

“’ဒါတွေဟာ တကယ်ပဲ ဖြစ်နေတာလားဟင်” လို့သူမဟာ ဒုတိယဆု ကို လက်ခံစဉ်မှာမေးခဲ့တာပါ။



ရွှေကမ္ဘာလုံး ဆုလေးခုကို ဆွတ်ခူးနိုင်ခဲ့တဲ့ Danny Boyle's Mumbai-set ဇတ်ကားမှာSlumdog Millionaire ဇာတ်ကားဟာ ဆုလေးခုအနက်က တစ်ခုဖြစ်တဲ့ အကောင်းဆုံး ဒရာမာဇာတ်ကားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ Heath Ledgeက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို The Dark Knight ဇတ်ကားနှင့်ရရှိခဲ့ပြီး Mickey Rourke ကအကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို The Wrestler. ဇတ်ကားနဲ့ရရှိခဲ့ပါတယ်။ တစ်ခြားဆုရရှိတဲ့ သူကတော့ Sally Hawkins ဖြစ်ပြီး အကောင်းဆုံးဟာသသရုပ်ဆောင်ဆုကို Mike Leigh's Happy-Go-Lucky ဇတ်ကားနဲ့ရရှိခဲ့တာပါ။

ရုပ်ရှင် နဲ့ တယ်လီဗေးရှင်းလောက နှစ်ခုစလုံးနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုထားတဲ့ ဒီရွှေကမ္ဘာလုံးဆုဟာဆိုရင် အကယ်ဒမီဆု ရရှိနိုင်တဲ့ ရုပ်ရှင်နဲ့ သရုပ်ဆောင် တွေ ကို ဖော်ညွှန်းပေးတယ်လို့လည်း ဆိုနိုင်ပါတယ်။

၂၀၀၉ ခုနှစ် ရွှေကမ္ဘာလုံးဆုကို နှစ်ဆုတွဲ ဆွတ်ခူးသွားတဲ့ Titanic မင်းသမီး (Kate Winslet) ကိတ်ဝင်းစလက်
ပုံမှာတိုင်တန်းနစ် (Titanic Flim) မှ ဇတ်ဝင်ခန်းများ

ငယ်ရွယ်တဲဆယ်ကျော်သက် နာဇီအကျဉ်းထောင်စောင့်အဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ The Reader ဇတ်ကားက ကိတ်ဝင်းစလက် ကို အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်အဖြစ် မျော်လင့်ခဲ့ပြီးသားပါ။ ဒါပေမယ့် သူမရဲ့ ဒုတိယမြောက်ဆု ရရှိခဲ့တဲ့ Revolutionary Road မှာ တော့ သူမဟာ ၁၉၅၀ လောက်က အမေရိကားမှာနေတဲ့ အိမ်ရှင်မအဖြစ်သရုပ်ဆောင်ခဲ့ပြီး ဒီဆုကတော့ သူမအတွက် အံ့သြ မှုတွေ ဖြစ်စေခဲ့ပါတယ်။ သောကြာနေ့တုန်း ကတော့ ရွှေကမ္ဘာလုံးဆုချီးမြှင့်တဲ့ ဟောလီးဝုဒ် နိုင်ငံခြားရေးရုပ်ရှင်အဖွဲ့အစည်းအကနေပြီးAnne Hathaway က အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုရရှိခဲ့တယ်လို့ မှားရွင်းကြေငြာခဲ့ပါသေးတယ်။

ကိတ်ဝင်းစလက်ဟာ သူမနဲ့အတူ နာမည်စာရင်းတင်သွင်းခံခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကို တောင်းပန် ကြောင်း ပြောခဲ့ပြီးတော့ သူမနဲ့အတူ ကျော်ကြားသူ သူမရဲ့ သီးသန့်မိတ်ဆွေဖြစ်တဲ့ လီယိုနာဒိုကိုလဲ ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။ပြီ်းတော့ သူမဟာ ခင်ပွန်းသည် ဖြစ်တဲ့ Revolutionary Road နှင့် killing us every single day တို့ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Sam Mendes ကိုလဲကျေးဇူးတင်ကြောင်း ပြောခဲ့ ပါတယ်။

Boyle ကတော့ အကောင်းဆုံးဒါရိုက်တာဆုကို Slumdog Millionaire နဲ့ရရှိခဲ့တာပါ။ အဲဒီဇာတ်ကားဟာ ဆိုရင် Simon Beaufoy ကပေးတဲ့ ဇာတ်ညွှန်းဆု နဲ့ Arkansas ပြည်နယ်ကပေးတဲ့ ဆု ကိုလည်း ရရှိခဲ့ပါတယ်။အဲဒီဇာတ်ကားဟာ “ဘယ်သူသန်းကြွယ်သူဌေးဖြစ်ချင်လဲ” ဆိုတဲ့ ဟိန္ဒျုကစားပွဲ တစ်ခု မှာ အနိုင်ရခဲ့ပြီဲး့ ဆင်းရဲရာကနေ ကြွယ်ဝချမ်းသာလာတဲ့ အသက် (၁၈) နှစ် အရွယ်လူတစ်ယောက်ရဲ့ ယုံကြည်ရန်ခက်ခဲတဲ့ ပုံပြင်တစ်ပုဒ်ပါ။ Ledger ကတော့ ဒါရိုက်တာ Christopher Nolan ရိုက်ကူးတဲ့ Dark Knight ဇာတ်ကားနဲ့ ဆုရရှိခဲ့ပြီး၊ သရုပ်ဆောင်ဟောင်း ဟာ ဘယ်တော့မှ မမေ့ဘဲ၊ ထာဝရ လွမ်းဆွတ်နေမှာပါ လို့ Nolan ကပြောခဲ့ပါတယ်။ စုပေါင်း အလုပ်လုပ်ခဲ့ကြတဲ့ ကျွန်တော်တို့အားလုံး ကြီးမားသော ဝမ်းနည်းမှု၊ ဖော်မပြနိုင်သော ဂုဏ်ယူမှု တို့နဲ့အတူ ဒီဆုကို လက်ခံပါတယ်လို့ သူကဆက်ပြောပါတယ်။

အိုင်းရစ်အကျော်အမော် Colin Farrell ကတော့ ကြေးစားလူသတ်သမားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဟာသ ကားအတွက် အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိခဲ့ပါတယ်။တစ်ပြိုင်နက်တည်းကိုပဲ Woody Allen’s Vicky Cristina Barcelona ကလည်း အကောင်းဆုံး ဟာသ သရုပ်ဆောင်ဆုကိုရရှိခဲ့ပါတယ်။

Slumdog Millionaire Flim က ဇတ်ဝင်ခန်းတခု

အခြား ဆုရသူတွေကတော့ The Wrestler ဆိုတဲ့ခေါင်းစီး သီချင်းအတွက် အကောင်းဆုံးမူရင်းသီချင်း ဆုကို ရရှိခဲ့တဲ့ အဆိုတော် Bruce Springsteen ဖြစ်ပါတယ်။သူက သူနဲ့အတူနာမည်စာရင်းတင်သွင်းခြင်းခံခဲ့ရတဲ့ Clint Eastwood ကိုချီးမွမ်းထောပနာပြုခဲ့ပါတယ်။ ဝါရင့်အကျော်အမော် တစ်ယောက်နဲ့ ယှဉ်ပြိုင်ရတာဟာ တော်တော်လှပတဲ့ ခံစားမှုပါပဲ လို့ သူကပြောပါတယ်။

Pixar’s Wall-E ကတော့ အကောင်းဆုံး ရုပ်ပုံလှုပ်ရှားမှု ဆုကိုရရှိခဲ့ပါတယ်။ Waltz with Bashir ကတော့ အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင် ဆု ကိုရရှိခဲ့ပါတယ်။ဒါပေမယ့်လည်း Doubt, Frost/Nixon နဲ့ The Curious Case of Benjamin တို့ဟာဆိုရင် တစ်ခုချင်းစီအတွက် ငါးဆုလောက် အမည်စာရင်းတင်သွင်း ခံခဲ့ရပေမယ့်လည်း ဆုတစ်ခုမျှ ချီးမြှင့်ခြင်းမခံခဲ့ရပါဘူး။

Steven Spielberg ဟာ သူ့ရဲ့ “ outstanding contribution to the entertainment field” အတွက် “Cecil B DeMille” ဆု ကိုရရှိခဲ့ပါတယ်။အော်စကာဆုရ ဒါရိုက်တာတစ်ယောက်ဟာ ဟောလိဝုဒ် စာရေးဆရာများရဲ့ တိုက်ခိုက်မှု၊ထိုးနှက်မှု ကြောင့် ဆု ကိုမပယ်ဖျက်မီမှာပဲ လွန်ခဲ့တဲ့နှစ်ရဲ့ အခမ်းအနားမှာ ဆုကိုလက်ခံခဲ့ပါတယ်။

John Adams ကတော့ အကောင်းဆုံး တီဗွီ အစီအစဉ် အတိုတွဲများ ဆုကိုရရှိခဲ့ပါတယ်။ အဓိက သရုပ်ဆောင် Paul Giamatti နဲ့ Laura Linney တို့အတွက်လည်း ဆု ရရှိခဲ့ပါတယ်။ဗြိတိန် တွဲဖက်အကျော်အမော် Tom Wilkinson ဟာ အမေရိကန် ဒုတိယ သမတ ရဲ့ အထ္ထုပတိ ကိုအခြေခံ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ပို့ဆုကိုရခဲ့ပါတယ်။

“Sticom 30 Rock” ဟာလည်း အကောင်းဆုံး တီဗွီ ဟာသ ဆုကိုရရှိပြီး၊ သူ့ရဲ့ အကျော်အမော်များဖြစ်တဲ့ Tina Fey နဲ့ Alec Baldwin တို့လည်း ဆုများရခဲ့ကြပါတယ်။Mad Men ဟာဆိုရင် Serial Killer Thriller Dexter နဲ့ Medical Series House တို့ရဲ့ ထိပ်ကနေ ဦးဆောင်ပြီး အကောင်းဆုံး တီဗွီ ဒရာမာ ဆုကို ရသွားပါတယ်။

အိုင်းရစ် သရုပ်ဆောင် Gabriel Byrne ကတော့ အကောင်းဆုံး သရုပ်ဆောင်ဆုကို In Treatment ဆိုတဲ့ တီဗွီ ဒရာမာကားနဲ့ရရှိသွားပါတယ်။

Rest of your post

No comments :