Friday, 30 January 2009
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့် ပေါင်းအစိုး ရ ( NCGUB )သမိုင်း
ကိုမိုးသီး ဇွန် ဆွေးနွေးချက်များ
မပြောရင် မသိနိုင်ဘူး။ ကြာတဲ့ အခါကျတော့လည်း သမိုင်းတွေက မရှိခဲ့သယောင် မဖြစ်ခဲ့သယောင် ဖြစ်လာတယ်။ NCGUB ဆိုတာ အလိုအလျောက် ပေါ်ပေါက်လာသလို ပြောဆိုငြင်းခုန်နေကြတယ်။ အခုအချိန်မှ NCG ကို တိုးချဲ့ ဖွဲ့သင့် မဖွဲ့သင့် စသဖြင့် ဆွေးနွေးငြင်းခုန်မှုတွေက အတိတ်သမိုင်းကို ထည့်မပြောတော့ဘဲ ရှိနေတာ ကြည့်မရနိုင်ဖြစ်လာတယ်။
တကယ်တော့ အမတ်တွေ တောထဲထွက်လာတော့ ကြိုတဲ့ခရီးမှာ သေဆုံးခဲ့တဲ့ ရဲဘော်တွေရှိတယ်။ မိုင်းထိ လက်ပြတ်ခဲ့တဲ့ ရဲဘော်တွေလည်း ရှိတယ်။ ရောက်လာတဲ့ အမတ်လူတစုက အစိုးရ ဖွဲ့လာတော့ ရုံးလုပ်ငန်းကအစ၊ လုံခြုံရေးအဆုံး ABSDF ရဲဘော်တွေက စွမ်းစွမ်းတမန်ပံ့ပိုးပေးခဲ့ကြတယ်။ ဒီမိုကရက်တစ် မြန်မာ့အသံကို စလုပ်ကြတော့လည်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ အသံဆိုပြီး ၀ိုင်းဝန်းမြှင့်တင် ပံ့ပိုးပေးခဲ့ကြပါတယ်။ ဒီသမိုင်းတွေကို ဒီနေ့ မပြောကြ၊ မကြားရတော့ဘူး။ တိုင်းရင်းသားတွေက သဘောထားကြီးပြီး ခွင့်ပြုခဲ့တဲ့ ကိစ္စတွေ မပြောကြတော့ဘူး။ DAB ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်က အစိုးရဖွဲ့ဖို့ဆိုပြီး ပြင်ဆင်ထားတဲ့ မူ၊ ပေါ်လစီ၊ တံဆိပ်တုံးက အစ အဆင်သင့်ရလိုက်တဲ့ ကိစ္စတွေ မပြောကြတော့ဘူး။ ဒီကိစ္စတွေကို ပြန်ပြောင်း စကားပြောဖြစ်တယ်။ နှောင်းလူတွေ မှတ်သားကြရအောင်ပါ။
မေး---ကိုမိုးသီး ရေ NCG က လွှတ်တော်အမတ် တွေ ကို အိုင်ယာလန်မှာ အစည်းဝေး ခေါ်နေကြတယ်.. နှစ်ဆန်း ပိုင်း တုန်း ကလဲNCUB က အစိုး ရဖွဲ့ စည်း မယ် ဆိုတဲ့ သတင်း တွေ လဲ ဖြစ်တယ်..အဲဒီတော့ NCG ဖွဲ့ စည်းဖြစ်ခဲ့ ပုံ သမိုင်း လေး ပြန်ပြောရင် ကောင်းမယ်ထင်တယ် ၊ABSDF ရဲ့  အခန်း ကဏ္ဍလေး ကို ရောပေါ့ ..
ဖြေ---ဟုတ်ပါတယ် ကိုအောင်သူ ငြိမ်း ဒီသတင်းက ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ ကြားထဲ မှာတော်တော် လေးစိတ်ဝင်စားနေကြတာပေါ့ လေ၊၊NCGUB အကြောင်းမပြောခင်မှာ နိဒါန်းအနေ နဲ့  ၈ လေးလုံးဒီမိုကရေစီလှုပ်ရှားမှုက အဓိကပေးလိုက်တဲ့ တာဝန် က ဘာလဲဆိုရင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုတွေကို မဖြစ်မနေ လုပ်ရမယ်၊ ၉၀ ရွေးကောက်ပွဲ ၇လဒ် ကို အကောင်အထည်ဖေါ်ရမယ် ဆိုတာပါပဲ။
၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ က နိုင်သွားတဲ့အခါ ဂန္ဒီ ခန်းမှာ အစည်းအဝေး လုပ် တယ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းတင် တို့ က အဖမ်းခံ နေရတော့ ဥက္ကဌ ဖြစ်တဲ့  ဦးအောင်ရွှေ၊ ဦး ကြည်မောင်တို့  ဦးစီး ပြီး လုပ်တာပါ၊ ဒီအစည်းဝေးပွဲ မှာ လုပ်သင့်တာ က လွှတ်တော် ကို ခေါ်ယူရမယ် အစိုးရ ကို ဖွဲ့ ရမယ် ၊ ကို ကို ကြီး တို့ အစရှိတဲ့  ကျောင်းသားခေါင်းဆောင်တွေ လွှတ်တော် ကိုယ်စားလှယ်တွေ လဲတက်ရောက်ကြပါတယ်၊ ဒီအစည်းဝေးပွဲ မှအနာဂတ်အတွက် ရလဒ်ကောင်းတွေ ကို မျှော်လင့် နေ တဲ့ ပြည်သူလူထု ငါးသောင်းကျော်လောက်က လမ်းပေါ်မှာ စိတ်လှုပ်ရှားမှု အပြည့်နဲ့  စောင့် နေ ခဲ့ ကြပါတယ်။ ဒါပေမဲ့ ဥက္ကဌ တာဝန် ယူနေတဲ့ဦးအောင် ရွှေက လွှတ်တော်ခေါ်ယူဖိုမကြိုးစားခဲ့ဘူး၊အစိုးရဖွဲ့  ဖို့ လဲ မကြိုးစားဘူး ၊ စစ်အစိုးရကို မေတ္တာရပ်ခံ သလို statement လေးတစ်စောင် လောက်နဲ့ ပြီး သွားတယ်၊ အဲဒီတော့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒေါက်တာစိန်ဝင်း တို့ တွေ၊ လူတွေတော်တော်များများက မျှော်လင့်ချက်ပျက်သွားတယ်၊ ဒါကြောင့်သူတို့ ကနယ်စပ် ကိုထွက်လာ လို့ ကျွန်တော် တို့ က လှိုက်လှိုက် လှဲလှဲ ကြိုဆိုခဲ့တယ်၊၊ နယ်စပ် တိုင်းရင်းသားအဖွဲ့ စည်းတွေထဲ မှာ ကရင်၊ကချင်၊မွန်၊ကျောင်းသား အဖွဲ့ ၎ဖွဲ့  က အလွန်အားကောင်းနေတဲ့  အဖွဲ့  တွေ ဖြစ်တယ်၊ ဒေါက်တာစိန်ဝင်းနဲ့  အဖွဲ့ ထွက်မလာခင်မှာ DAB ကဗိုလ်ချုပ်မြ တို့  ဦးဘရန်စိုင်း တို့ ဥက္ကဌ နိုင်ရွှေကျင် တို့ နဲ့  ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့် ပေါင်းအစိုး ရ ( NCGUB ) နံမည်နဲ့  အစိုးရ ဖွဲ့ ဖို့  ကျွန်တော် တို့  ပြင်ဆင်နေ ကြတယ်၊၊ ပေါ်လစီ တွေ ချမှတ် ပြီး အလံတွေ တံဆိပ်တုံးတွေ အကုန်လုပ်ပြီးသွားပြီ၊ အစိုးရအဖွဲ့ အဖြစ်ကြေငြာတော့မယ့်အချိန်မှာ ထိုင်းဘုရင့်မွေးနေ့ နဲ့ တိုက်ဆိုင်နေ လို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီးကြေငြာရင် သတင်းထောက်တွေ ရဲ့ စိတ်ဝင်စားမှုနည်း နိုင် တယ်၊ ထိုင်းဘုရင့်မွေးနေ့ ကို ပြည်တွင်းသတင်းဌာန တွေ က အာရုံစိုက်နေ ကြတော့ အချိန်ခဏစောင့်ပြီး တပတ် နှစ်ပတ် နေ မှ လုပ်ဖို့ စောင့်နေတုန်းမှာ ပဲ ဒေါက်တာစိန်ဝင်းနဲ့  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အချို့ ဟာ ဘုရားသုံးဆူ ဘက်ကိုရောက်လာ တယ် လို့ သတင်း ရတော့ လွှတ်တော် ကိုယ်စား လှယ်တွေ နဲ့  အစိုးရ အဖွဲ့ ကို တိုးချဲ့  ဖွဲ့ ဖို့  မာနယ်ပလော ကို ဖိတ်လိုက်တယ်၊၊
တိုင်းရင်းသားခေါင်းဆောင်ဗိုလ်ချုပ်မြကလဲ ၀မ်းပန်းတသာနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ ပေါင်းပြီး အစိုးရ ဖွဲ့ မယ် လို့  မျှော်လင့်ချက် ရှိတယ် ခင်ဗျ။ တော်လှန်ရေး ကာလမှာ ကရင်နယ်မြေကို အခြေခံပြီး တော်လှန် ရေး လုပ်တာ ကျနော် တို့ ကျောင်းသားတွေအပြင်ပထမ ဦးနု အဖွဲ့ ရှိခဲ့ ပါတယ် တိုင်းရင်းသားတွေ နဲ့ နားလည်မှု မရဘဲ တော်လှန်ရေးမှာ ရေတိမ်နစ်ခဲ့  ရတဲ့  သင်ခန်းစာတွေရှိတော့ ကျွှန်တော်တို့  က ကြောက်တယ် ခင်ဗျ။ဒါကြောင့် တိုင်းရင်းသားတွေ နဲ့ နားလည်မှု ရဖို့ ကျနော် တို့ ABSDF က အစွမ်းကုန် ကြိုးပမ်းခဲ့ လို့ တော်တော်ခရီး က ပေါက်နေ ပြီ တိုင်းရင်းသားတွေ ဘက် က လဲ တော်တော် လေးသဘောထား ပျော့ပျောင်းလာတာလဲပါတာပေါ့ လေ။ ဒေါက်တာစိန်ဝင်းတို့ ရောက်လာလို့ အစိုးရဖွဲ့ ဖို့ လုပ်တော့ သူတို့ ကဒီလွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ပဲ ဖွဲ့ မယ် တိုင်းရင်းသားတွေ နဲ့ မဖွဲ့ ချင်ဘူး ။ တိုင်းရင်းသား တွေ ကို သူပုန် လို့ သတ်မှတ် လို့ သူ တို့  နဲ့ဖွဲ့ ရင် အစိုးရ အဖွဲ့ ရဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်နိုင်တယ် ဆိုပြီး မထည့်ချင်ဘူး။ ကျွန်တော် တို့ ABSDF က ကြားခံအနေ နဲ့  ရှိနေ တော့ တော်တော်အကြတ်ရိုက်သွားတယ်။
မေး-- နဲ နဲ ဖြတ်မေးပါရစေ ။ အဲဒီကာလ က ABSDF မှာ ကိုမိုးသီးဇွန်က ဥက္ကဌ ၊ကိုကျော်ကျော် က အထွေထွေအတွင်းရေးမှုး၊ကိုအောင်ထူးပါမယ် ။ အဲဒီမှာ ပါခဲ့ တဲ့ သူတွေနဲ့ သူတို့  ရဲ့ အခန်းကဏ္ဍ လေး ကိုလဲရှင်းပြပေးစေချင်ပ်ါတယ်။
ဖြေ--- အဲဒီမှာ ကျွန်တော်တို့ ABSDF က အလုပ်အမှုဆောင်တွ က ကိုကျော်ကျော် ပါတယ် ကိုနိုင်အောင်က ဘုရားသုံးဆူ ကို ပြန်ရောက်နေတဲ့ အချိန် နောက်ထပ် ကိုအောင်ထူး တို့ အခုထောင်ကျနေတဲ့  ကို ဌေးအောင် တို့ ဦးအောင်ခင် အစရှိ တဲ့ တော်တော်များများ သော ABSDF ကခေါင်းဆောင်တွေ ရော ခေါင်းဆောင် မဟုတ်တဲ့ သူတွေ ရော အဖွဲ့ သားတွေ အားလုံး က ၀ိုင်းကူခဲ့ ကြတယ်။ ဗိုလ်ချုပ်မြနဲ့  ဦးတင်မောင်ဝင်း၊ မန်းရှာ၊ ဒေါက်တာမာတာ၊အခုအမျိုးသား ညီလာခံတက်နေတဲ့ ဒေါက်တာတူးဂျာတောင် ပါသေးတယ် ကျွန်တော်တို့ တလ နှစ်လလောက် အခြေအတင် အကြိတ် အနယ် ဆွေးနွေး ငြင်းခုံ ခဲ့ ရတဲ့ ပေါ်လစီ တွေက အခု ဒေါက်တာစိန်ဝင်း တို အမျိုးသားညွန့် ပေါင်းအစိုးရ ကိုင်ထားတဲ့ ပေါ်လစီတွေပေါ့ ။ကျွန်တော် အခု ဒါတွေ ကို ပြန်ပြောနေတာ အခြားကြောင့်မဟုတ်ပါဘူး သမိုင်းကို သမိုင်း လို့ မ မှတ် ကြတော့ တဲ့ အနေ အထား လို ဖြစ်နေ လို့  နဲ နဲ ပြန်ပြော လာ ရတာပါ။
မေး--- နောက်တခု က အဲဒီတုန်း က ကျွန်တော် တို့  က ၈လေးလုံး တပ်ရင်းက ရဲဘော်တွေဆိုတော့မှတ်မိနေတာပေါ့၊ အထဲ မှာ အစိုးရ ဖွဲ့  ဖို့  ကြံစည်တယ် မဖြစ်တော့ နယ်စပ် ကို ထွက်ပြေးလာတဲ့ အမတ်တွေ ကို ကယ်ဖို့  ကျွန်တော် တို့ ကိုယ်တိုင် ရှေ့ တန်း ကို ဆင်းပြီး သွားကြိုခဲ့တယ်။ ဆရာဦးတင့်ဇော် ၊ ဦးလှဖေ ကိုမန်းရှာ တို့ ပါသလို ကျွန်တော်တို့ တပ်တွေ က လုံခြုံရေး ယူတဲ့ အနေ နဲ့  တပ်မဟာ ၃ ၊ညောင်လေးပင် မုန်းဘက် မှာဆင်းကြိုခဲ့ ရတယ်။
ဖြေ--- ကျွန်တော်တို့ ကျောင်းသားတွေ ရော တိုင်းရင်းသားတွေ ရောက တော်တော် လေး ကို မျှော်လင့်တကြီး နဲ့ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ တာပါ။ စုပေါင်းအစိုး ရ ဖွဲ့ လို့ မရတဲ့ အနေအထားမှာ ဗိုလ်ချုပ်မြ က တော်တော်လေး ကိုစိတ်ပျက် လက်ပျက်ဖြစ်သွား ပြီး ဒီအစည်းဝေး ကြီး ကို ရပ်လိုက်တာ တပတ်ကျော်ကျော် ကြာသွားတယ်။ တိုင်းရင်းသားတွေ နဲ့ ပေါင်းမဖွဲ့ ရင် မထောက်ခံဘူး ပုံစံဖြစ်သွားတော့ ဗိုလ် ချုပ်မြ ကို ဘယ်သူမှ မဆွေးနွေးရဲ ကြဘူး ။ သူ့ ကို ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်တွေနဲ့  ပဲ ဖွဲ့ မယ် ဆိုတာ ခွင့်ပေး လိုက်ပါတော့ လို့ ကျွန်တော် ပဲ သူ့ အိမ် နဲ့ရုံး ကို အကြိမ်ကြိမ် သွား ပြီးနားချရတယ်။ သူ က လဲ အဲဒီ ကာလ တွေမှာ တချက်လွှတ် အမိန့် တော် လုပ်နေ လို့ ဘယ်သူ မှ မသွား ရဲ ကြဘူး ဥက္ကဌ နိုင်ရွှေကျင် ၊ဒုဥက္ကှဌ ဖဒိုစောသန်းအောင် က လဲခင်ဗျား ပဲ သွားပြော လို့ ပြောခဲ့ တယ်။ အများ စုက မေတ္တာရပ်ခံတဲ့  အ ခါမှာ လိုက်လိုက်လျောလျော ခွင့်ပေး ခဲ့  လို့ ကျွှန်တော်သူ့ ကို တော်တော် ချီး ကျူးပါတယ်။ ကျွန်တော် သူနဲ့ အလုပ်လုပ်ခဲ့ တဲ့ သက်တမ်း မှာ ၃၊၄ ကြိမ် တွေ့ ဘူး ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ပဲ အစိုး ရဖွဲ့ ခွင့် ရတဲ့ အခါမှာ အရေး ကြီး တဲ့ အချက်တွေ က တချိန်မှာ တိုင်းရင်း သားတွေ နဲ့  ပါ အစိုးရကို တိုးချဲ့ ဖွဲ့ စည်းပေးပါမယ် ဆိုတဲ့ကတိ ၊ နောက်ပြီး တိုင်းရင်းသားတွေ အကုန်နဲ့  ဖဒရယ် မူတည်ဆောက်ရေး ဆို တဲ့  အထွေထွေအတွင်းရေးမှုး ဦးတင်အောင် လတ်အမှတ်ထိုးထားတဲ့  မာနယ်ပလောစာချုပ်တွေချုပ်လာနိုင် တယ် ။ အဲဒီ အချိန် ကာလ က အစိုးရ ရှိလာတယ် တပ်ပေါင်းစုရှိ လာတယ် တော်တောတ်ာအားကောင်း နေတဲ့ အချိန် မှာ ပဲ ဒေါက်တာ စိန်ဝင်း က အမေရိကန် ကို lobby ထွက်ရင်း ပထမ ဆုံးခရီးစဉ်မှာ ပဲ ပြန်လာ လို့မရတော့ ဘူး။
မေး--- နဲနဲထပ်ပြော ရမယ် ဆိုရင် အဲဒီကြားထဲ မှာ ပဲ ADNSU လို့ ခေါ်တဲ့ တပ်ပေါင်းစုတခု ထပ် ပေါ်လာသေးတယ်၊ ကျွန်တော် ထင်တာက ဒီ NCGUB ကိုပြန်ပြီးထိန်းဖို့  ပေါ့။
ဖြေ--- ဟုတ်တာပေါ့ ၊ အစိုးရဖွဲ့  ပြီးရင် အစိုးရ သက်သက်ထား လို့ မရဘူး လေ လွှတ်တော် ဆို တာ လိုအပ်တယ်၊လွှတ်တော် ခေါ်ဖို့ ပြည်တွင်း က လွှတ်တော် ကိုယ်စား လှယ် တွေ က လဲ မပါတဲ့အခါ ကျ တော့ ကျွန်တော် တို့ က လွှတ်တော်သဏ္ဌန်ဖြစ်နိုင်တဲ့ အခု NCGUB မဖြစ်ခင်အထိ တပ်ပေါင်းစု ၂ခု ကိုကြိုးပမ်းပြီး လုပ်ခဲ့တယ်၊၊ အဓိက က တော့ ဒေါက်တာစိန်ဝင်းနဲ့ အဖွဲ့ က တိုင်း ရင်းသားတွေနဲ့ တိုးချဲ့ ဖွဲ့ စည်းပါမယ် .. စင်ပြိုင်အစိုးရကဲ့သို့ ဆောင်ရွက်ပါမယ် လို့  သဘောတူခဲ့ လို့ ကျွန်တော်တို့ က ဗိုလ်ချုပ်မြ ကိုနား ချပြီး လက်ခံခဲ့တယ်။
ဒီအစိုးရဟာ ပြည်သူတွေရွေးချယ် တင်မြှောက်ထားတဲ့ အစိုး ရ ဖြစ်လို့ တရားဝင် အစိုးရ အဖြစ်နိုင်ငံတကာ ကိုကြေငြာ ပြီး တရားဝင် အစိုးရအဖြစ် ရှိစေချင်တယ်။နိုင်ငံတကာက လက်ခံတာ လက်မခံတာ ကတပိုင်း စင်ပြိုင်အစိုးရအဖြစ် လုပ်ပါမယ် လို့ ကတိပေးခဲ့ တယ်။ဒါပေမဲ့ နောက်ပိုင်းတွေ့ လာတာကတော့ တရားဝင် အစိုးရ လို ပြုမူဆောင်ရွက်ခြင်းမရှိတော့တဲ့ အပြင် lobby သက်သက်ဖွဲ့ စည်းထားတဲ့အဖွဲ့ လို့ ပေါ်လစီကို ပြောင်းလာတယ်။ နောက်ဆုံး ကိုရင်အေး၊ကိုနေတင်မြင့်( NLD)၊ ကိုကိုလေး ၊ကျွန်တော် တို့ သွားဆွေးနွေးတဲ့ အခါမှာ အဲလိုထုတ်ပြောလာ လို့ ကျွန်တော်တို့ တော်တော်အံ့အားသင့်ခဲ့ ရတယ်၊ ဒါဆိုရင် အစိုးရမဟုတ်တဲ့ ပုံစံ ဖြစ်သွား ပြီး ပြည်သူလူထုကို ပွင့်ပွင့် လင်းလင်း ၀န်ခံ သင့်တယ်၊ သူတို့ မှာ ရှိတဲ့အခက်အခဲ တွေ ပေါ်လစီတွေ ကိုလဲ ရှင်းပြသင့်တယ်။
နောက်ဆုံးအားလုံး ကိုပြန်သုံးသပ်ကြည့်ရမယ်ဆိုရင် ပြည်တွင်းမှာ အစိုးရ ဖွဲ လို့ မရဘူး ၁၉၉၀၊ ရွေးကောက်ပွဲ ရလဒ် ကိုဦးအောင်ရွှေ တို့ ကအကောင်အထည်မဖေါ်ခဲ့ ဘူး၊ ဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်တွေက ထွက်ပြေးလာပြီး အစိုးရဖွဲ့ တယ် ၊အစိုးရ လိုမျိုး သူတို့ ကိုယ်သူတို့ မခံယူတော့ ဘူး။ အဲဒီတော့ ဒပ်ပလင်မှာ လုပ်မဲ့ နောက်ထပ် ဖွဲ့ မဲ့ ဘာဘာ ညာညာ သောအစိုးရတွေ ကို ကျွန်တော်တို့ က ဘယ်လို ယုံကြည်ရမှာလဲ ဘယ်လောက်ထိယုံရတော့မှာလဲ လို့ ကျွန်တော်မေးချင်ပါတယ်။
မေး--- ကျွန်တော့် ပထမ မေးခွန်းက နဲ နဲ သမိုင်းနဲ့ ဆိုင်တာပေါ့လေ အဲဒီအချိန်တုန်းက ABSDFရဲ့ အခန်းကဏ္ဏ ကလဲ တော်တော်ကြ်ီးခဲ့ တယ်လေ၊ နောက်တခုက အဲဒီကျောင်းသားတပ်တွေနဲ့ ပတ်သက်ပြီး ဘာတွေပူးပေါင်းဆောင်ရွက်ခဲ့ လဲ ဆိုတာ
ဖြေ---ကျောင်းသားတပ်တွေအနေနဲ့ ကတော့ ကျွန်တော် တို့ ကအစိုးရ တပ်အဖြစ်နဲ့ နေပါ့မယ် ကျွန်တော် တို့ က တိုက်ချင်တဲ့ သူတွေဆိုတော့ အသေခံ တိုက်ဖို့ ပေါ့ ၊ ညွန့်ပေါင်းအစိုးရ ကို ရုံးလုံခြုံရေးတွေ ဒေါက်တာစိန်ဝင်းတို့ ဝန်ကြီးအဖွဲ့ ရဲ့ ဘော်ဒီဂတ်တွေ အတွက်အများကြီး ကျွန်တော် တို့ လုပ်ပေးခဲ့တယ်။
နောက်တခုက ကျွန်တော်ဆီက အီးစီတွေ ဖြစ်တဲ့ ဒေါက်တာသောာင်းထွန်း တို့ တခြားရဲဘော်တွေ တော်တော်များများ ရုံးအဖွဲ့ ဝင်တွေ လုပ်ပေးခဲ့တယ်။ ကျွန်တော် တို့ ကတော်တော် အခြေခိုင်နေ ပြီး ငွေအင်အား လူအင်အားနဲ့ ပြည့်စုံနေပြီနောက်တခု သိသာထင်ရှားတာက ဒီမိုကရက်တစ်မြန်မာ့အသံ DVB ကိုကျွန်တော် တို့ ကျောင်းသားတွေအကုန်လုံးက ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့် ပေါင်းအစိုးရ ရဲ့ အသံ လို့ ရပ်တည်ပေးခဲ့ တယ်။
အခုဖြစ်နေတဲ့ အခြေနေက ABSDF ကသမိုင်းမှာ မရှိခဲ့ သလို ဘာမှမဖြစ်ခဲ့ သလို NCGUB က အလိုအလျှောက်ပဲ ပေါ်လာသ လိုလို အခုထက် ထိကျွန်တော် တို့ ကို မျှော်လင့်ချက်နဲ့ အောင်ပွဲကို မပေးတော့ နှစ် ၂၀ လုံးမှာ ကျွန်တော်တို့ ကလဲ ဘာမှ မပြောခဲ့  ဘူး ညီညွတ်ရေး ကို ထိခိုက်မှာ စိုးလို့ ၊ ဒီနေ့ တော့ ကျွန်တော် တို့ က ပြည်သူ့ မျက်နှာကိုထောက်ပြီး ကျွန်တော် တို့ ဘာတွေ လုပ်ခဲ့ တယ် ဘာတွေအသက်ပေး စတေး ခဲ့ တယ် ဆိုတာတော့ပြောရမယ၊် ကျွန်တော်တို့ တွေ မသေသေး ဘူးဆိုတာတော့ပြောချင်တယ်။ ဒေါက်တာစိန်ဝင်း တို့ အမတ်တွေကို သွားကြို တဲ့အခါမှာ တပ်မဟာ ၂တို့ ၃တို့ နဲ့  ကြို ဖို့ လွှတ် လိုက်တဲ့  ကိုညွန့် ဝင်း မိုင်းထိပြီး လက် ပြတ်သွားလို့ ကျွန်တော် ကိုယ်တိုင် လက်ဖြတ်ပေးခဲ့ ရတယ်၊ ဦးသန်းလှ က မိုင်းထိပြီးဆုံးသွားတယ်၊ ဒါကျွန်တော်တို့ ပေးဆပ်ခဲ့ရတာတွေ အများကြီးထဲ ကထင်ရှားတဲ့ သာဓကတွေပါ။
ွကျွန်တော် အပါအ၀င် ပြည်သူအားလုံးက ဒပ်ပလင် ညီလာခံ ကိုမျှော်လင့်တယ်။
ကိုမြတ်စိုး--ကျွန်တော် ABSDF တပ်ရင်း ၁၀၂ မှာ တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ အခုအစိုးရ ကိစ္စ နဲ့ ပတ်သက် ပြီး သူတို့ က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ ပဲ အခြေခံ ပြီး အစိုးရအဖွဲ့ ကို ဖွဲ့ ခဲ့တယ်။ အဲဒီအချိန်မှာ တိုင်းရင်းသားအဖွဲ့ စည်းတွေ လဲပူးပေါင်းပါဝင်တိုးချဲ့ ဖွဲ့ စည်းသင့်တယ် လို့ ပြောခဲ့ တယ်.။အဲဒီနေရာမှာ နှစ်တွေလဲ ကြာလာပြီ တချို့ တိုင်းရင်းသား အဖွဲ့ စည်းတွေဆို အပစ်အခတ် ရပ်စဲ ရေး လုပ်သွားတဲ့ သူတွေ ရှိတယ်။မြန်မာပြည်ထဲကိုသွားပြီး လက်နက်ချသွား တဲ့ သူတွေရှိတယ် ဆိုတော့ နောင်ဖွဲ့ လာမဲ့ အစိုးရ မှာ တိုင်းရင်းသားတွေ လဲ ပါသင့်တယ် individual capacity ရှိတဲ့ သူတွေ လဲပါသင့်တယ်။ ညီညွတ်ရေး ကို အခြေခံ တဲ့အစိုးရအဂ်ါရပ် နဲ့  ညီဖို့ အကုန် လုံး က လဲ မျှော်လင့်နေ ကြတယ်။ နောင်ဖွဲ့ မည့် အစိုးရ သစ်မှာ တိုင်းရင်းသားတွေ ပါလာ ပြီး အပစ်အခတ် ရပ်စဲ ရေးတွေ လုပ်သွား ရရင် ဘယ်လို မျိုး ပြင်ဆင်မှုတွေ လုပ်သင့်တယ် လို့ ထင် လဲ ။
ဖြေ--- အင်မတန်ကောင်းတဲ့ မေးခွန်းပါ၊ ရှင်းရှင်းလေးပြောချင်တာ ကတော့  အခု အမေရိကန် မှာ သမ္မတ နဲ့ ဒုသမ္မတ ကိုပဲ ပြည်သူတွေ က ရွေး တာပါ။ သမ္မတ က တာဝန်ခံ ပြီးအစိုးရ အဖွဲ့  ဖွဲ့ လိုက်တာပါ၊ သူတို့ အာမခံတယ် ဆို ရင် ပြည်သူ က လက္ခံတယ် တရားဝင်တယ်ဆိုတာ ပြောချင်တာပါ၊
၉၀ ရွေးကောက်ပွဲ ရလဒ်နဲ့ အစိုးရ ဖွဲ့ ထားတဲ့  ဒေါက်တာစိန်ဝင်း တို့ ကို ကျွန်တော် တို့ ပြောခဲ့  သလို တိုင်းရင်း သားတွေ နဲ့  ဖွဲ့ စည်းခဲ့ ရင် လက်နက်ချတယ် စေ့စပ်တယ်ဆိုတာ ဖြစ်လာစရာ အကြောင်းမရှိဘူး ။ကျွန်တော် တို့ က စိုးရိမ် လို့ အတင်းထည့်ခိုင်းတာ ။ကေအန်ယူ ဟာ ကျွန် တော် တို့ ဒီမိုကရေစီ အင်အားစုတွေ ကြောင့် မာနယ်ပလော ကျခဲ့ ရတယ်။ ကေအန်ယူ ၂ ပိုင်း ကွဲထွက်သွားတယ် အင်အားချိနဲ့  သွာတဲ့ ဘ၀ ရောက်တာတောင် ကျွန်တော်တို့ နဲ့ အတူ လက်တွဲနေတာ ကျွန်တော် တို့ ကျောင်းသားတွေ စည်းရုံးလာခဲ့ ကြတာ.။ ဒါသူတို့ ပြည်သူတွေ ထောက်ခံထား လို့ နှစ် ၄၀ အတွေ့ အကြုံ ကြီးမားခဲ့ တဲ့ သူ တွေ ။ ဒါကြောင့် သူတို့ ကို နားလည်မှုတွေ ပြန်လည်ပေးဆပ်ရတော့မဲ့ အချိန် ဒါကြောင့်မို့ လို ကျွန်တော်မြင်တာက တိုင်းရင်းသားတွေနဲ့ ဖွဲ့ စည်းသင့်တယ် ဒါပြင် အနာဂတ်အတွက် ပြည်ထောင်စု ကြီး တစည်းတလုံးထဲ ဖြစ်ဖို့ အင်မတန် အရေး ကြီးတဲ့ သော့ချက်ဖြစ်တယ်လို့ မြင်တယ်။
မေး---နောင်ဖွဲ့ မဲ့ အစိုးရ ပေါ့ဗျာ အမျိုးသားလွှတ်တော် နဲ့ သဏ္ဏန်တူတဲ့ အဖွဲ့ က နေ ပြီး ၀န်ကြီးချုပ်တို့ ဘာတို့ ရွေးချယ်ပြီး တိုင်းရင်းသားတွေ၊ ပညာရှင်တွေ၊ တသီးပုဂလတွေ ပါလာနိုင်တယ်ပေါ့၊အစိုးရ ဆိုတာလွှတ်တော်အမတ် ၁ခုထဲ နဲ့ ဖွဲ့ လို့ တော့မရဘူးပေါ့ဗျာ၊၊ ပါလီမန် တို့ လွှတ်တော် တို့ ဆို ရင်တော့ ဟုတ်ရင်ဟုတ်မယ်လေ။ ဒီလိုဖွဲ့ မယ်ဆို ဘယ်သူတွေ က ပါမလဲ ၊သူတို့ နဲ့ နီးစပ်တဲ့ သူတွေ အဖွဲ့ ၊သဘောတူတဲ့အဖွဲ့ တွေလား၊ ဘယ်လိုအဖွဲ့ စည်းတွေ ၊တသီးပုဂလ တွေ လဲ ပူးပေါင်းပါဝင်နိုင်တာလား ဆိုတဲ့ အခြေအနေတခု ကိုဘယ်လိုဖန်တီးပေးသင့်တယ် လို့ ထင်ပါသလဲ။
ဖြေ--- အခု ကျွန်တော် တို့ ကြားနေရတာတော့ တိုးတော့တိုးချဲ့ မယ် ဘယ်လောက်အတိုင်းအတာ ဘယ်လို တိုးချဲ့ မယ် ဆိုတာတော့ ကျွန်တော် တို့ မသိဘူး။ ကျွန်တော် မြင်တာတော့ အခုတောထဲ မှာ လက်နက် ကိုင်တိုက်နေတဲ့ တိုင်းရင်းသားတွေ ကိုထည့်ဖို့ လိုတယ်။ ဒါပေမဲ့ ၉၀ ရွေးကောက်ပွဲက တိုင်းရင်းသားတွေကိုပဲ ထည့်ချင်တယ်တော့ကြားနေရတာပဲ လေ။ဒါ့အပြင်အခြားတိုင်းရင်းသားတွေ ပါထပ်ထည့်သင့်တယ် လို့ထင်တယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ၉၀ ရွေးကောက်ပွဲ ရလဒ်က ကုန်တော့မယ်။ ဦးနု တရားဝင်လွှတ်တော်နဲ့  ၀န်ကြီးချုပ်ကြီး ကို ဦးနေ၀င်း က အာဏာသိမ်းတဲ့ အပြင် ၈၈မှာကျွန်တော် တို့ ကျောင်းသားတွေ ကိုယ်တိုင်သိပ်လက်မခံချင်တော့တာ သက်သေပဲလေ။ ဦးနုကို အစိုးရ ဖွဲ ဖို့ လူတွေကို ကျွန်တော် တို့ ဗကသ ၊မကသ က၀ိုင်နားချရတယ် လူတွေလက်မခံချင်တော့ဘူး၊၊ ဒါတွေဟာ ၂၆ နှစ်ဘာမှမဝေးသေးပါဘူး။ စစ်တပ်ကပျက်တာထက် ကိုယ့်ကို ကိုယ် ပျက်သလိုဖြစ်သွားတယ်။
၂၀၁၀ ပြီးသွားရင် ၉၀ရွေးကောက်ပွဲ ရလဒ် အလားတူဖြစ်လိမ့်မယ် ဒါကြောင့် အစိုးရအဖွဲ့ တည်မြဲ ဖို့ အတွက်ဆိုရင် တော်လှန်ရေးတလျှောက်လုံး လက်ရှိတိုက်နေတဲ့ သူတွေ နဲ့ ပါထပ်ပြီးသွေးသစ်လောင်ါးမှ ၉၀ ရွေးကောက်ပွဲ ရလဒ်တရားဝင်လိမ့်မယ်။
Rest of your post
at
08:09
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment