Monday, 12 January 2009
We Fight We Win အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆု (Best Association Blog ) ရွေးချယ်ခံရ
အမှတ်တရ ရင်တွင်းစကား
ကိုယ်ကိုယ်တိုင်က ဘလော့ဂါ မဟုတ်ပေမယ့် ကိုယ့်သတင်းဆောင်းပါးလေးတွေ ပုံမှန်ရေးတင်နေတဲ့ ဘလော့ဂ် (ကိုမိုးသီးဘလော့ဂ်- We Fight We Win) အကယ်ဒမီဆုရတယ်ဆိုတော့ ၀မ်းသာလွန်းလို့ ဘယ်လိုတောင် ပြောရမှန်းမသိဘူး။
အခုလို ကျနော်တို့ ဘလော့ဂ်ကို ၂၀၀၈ ခုနှစ် အုပ်စုဘလော့ဂ် အကယ်ဒမီ အတွက် ရွေးချယ်ပေးခဲ့ကြတဲ့၊ စာဖတ်ပရိသတ်များ နှင့် အခုလို ဒီမိုကရေစီ နည်းလမ်းကျ ရွေးချယ်ပွဲဖြစ်မြောက်အောင် စီစဉ်ခဲ့ကြတဲ့ မြန်မာသတင်းသမဂ္ဂ နှင့် မြန်မာ ဘလော့ဂါ ပရက်စ် အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။
ကျနော်တို့ အနေနဲ့ ကြိုးစားရကြိုး နပ်ခဲ့ပါပြီ။ နောင် ကို ဒီထက် ကောင်းသထက်ကောင်းတဲ့ သတင်း ဆောင်းပါးများ၊ မြန်ဆန် တိကျတဲ့ ပြည်တွင်း၊ ပြည်ပ သတင်းများကို ကျနော်တို့ ဘလော့ဂ်စာမျက်နှာပေါ်မှာ ဆက်လက်ကြိုးစား ဖော်ပြသွားပါမယ်လို့ ပြောပါရစေ။
လေးစားလျှက်-
ကျော်သိင်္ခ
We Fight We Win ဘလော့ဂ် ကိုယ်စား
Rest of your post
at 16:51
Subscribe to:
Post Comments
(
Atom
)
8 comments :
ဆုရတာတော့ ကောင်းတာပေါ့။ ဒါပေမဲ့ သိပ်ပျော်မနေနဲ့ကိုယ့်လူတို့..
ဒီဆုကို ဘယ်သူတွေ စီစဉ်တယ်ဆိုတာလည်း လေ့လာဦး။ နေရာတကာ စပ်စပ် စပ်စပ် ပါတဲ့ ဦးဇင်းငယ်တစ်ပါးနဲ့ ဘလောဒ့်ဂါ ချာတိတ်တွေ လုပ်တဲ့ဆုတဲ့။ ကလေးတွေလုပ်တဲ့ဆုပေါ့လေ။ သိပ်မနိပ်ဘူး။
ဆုရတဲ့ အတွက် ဂုဏ်ယူပါတယ်
ဝမ်းစာလွန်းလို့ မျက်ရည်ကော မလည်မိဘူးလား
အကယ်ဒမီကို ဘာအကျီင်္နဲ့ တက်ယူမှာလဲဟင်
:D)
To Komeethee team, BMA and blog award team,
It's a proud to have initiated this award in a well-organized manner to support Myanmar Blogosphere in such a short time. It's nothing unusal that you face pessimism, sarcasm and criticisms whenever you initate such activities. It's your strong commitments, perseverance and team spirit to have overcome all of those disturbances. I wish we, Burmese, gain better experieces of working in group, strength to face disturbances and better understanding in the difference between sarcasm and constructive critisms.
ဒီဆုကိုဘယ်သူတွေက ဘယ်လိုပေးတယ် သေချာ စုံစမ်းပြီးမှ ၀မ်းသာပါ။
ဆုရတိုင်းကောင်းတယ်မထင်ပါနဲ့။
Why is Soneseayar not included in the lists? Honestly, I don't believe this award!!! Please, see this: http://2008.weblogawards.org/polls/best-asian-blog/
yes me too
your people create this award and your group received.
I am not wounder for that.
အရှင်မေတ္တာစာရ ဆိုတဲ့ ဦးဇင်းငယ် တစ်ပါးဟာ ဒီဆုကို ဦးဆောင်လုပ်တယ်တဲ့။ နောက်ကျပြီးမှ ဒီသတင်းကြားရတယ်။ အစကသာ သိရင် ကျနော်တို့ဘလောဒ့်ကို ပြန်ဖြုတ်ခိုင်းတယ်။ ထည့်တုံးကလဲ အသိပေးပီးထည့်ခိုင်းတာမဟုတ်ဘူး။ နာမည်ကြီးချင်လို့ ဒီဆုကိုလုပ်တာပဲ။ အဲဒီဆုကိုလုပ်ရင်း ဒီဆု ကော်မတီကနေ အာရှ အကောင်းဆုံး ဘလောဒ့်မှာ အဲဒီဦးပဇင်း ဘလောဒ့်ဆုရအောင် သူတို့လုပ်ခဲ့တာပဲ။ မဲတွေလိမ်ကြတယ်။ အရှင်မေတ္တာစာရက ရန်များတဲ့ ဦးပဇင်း။ သူနဲ့ မတည့်တဲ့ သူတွေကို ဘလောဒ့်ပြိုင်ပွဲမှာ ထည့်မပေးဘူးတဲ့။ တော်တော်ဆိုးတဲ့ ဦးပဇင်းပါပဲ။
Post a Comment