Sunday 15 February 2009

ဒေါက်တာစိန်ဝင်း အန်အဲလ်ဒီခေါင်းဆောင်တွေကို ရွေးကောက်ပွဲ ၀င်ခိုင်းနေ


ပြည်တွင်းမှာလာတဲ့သတင်းရပ်ကွက်တွေအဆိုရ ဒေါက်တာစိန်ဝင်း အဖွဲ့ က ပြည်တွင်းရှိ အန်အဲလ်ဒီ ခေါင်းဆောင်တွေကို ရွေးကောက်ပွဲဝင်ဖို့  ဖိအားပေးတိုက်တွန်းမှုတွေရှိနေတယ်လို့ သိရပါတယ်။ အန်စီဂျီရဲ့ပေါ်လစီ လို့ ဆိုပါတယ်။ ဒီသတင်းကို ကိုယ်တိုင်သယ်သွားရတဲ့ အမည်မဖေါ်လိုတဲ့ ပြည်တွင်းယူဂျီကစိတ်ပျက်စွာနဲ့  We Fight We Win ကို ရင်ဖွင့်သွားပါတယ်။ ကျနော်တို့ ကွန်ရက် သတင်း များအရ အရလည်းဒေါက်တာစိန်ဝင်းက ဒေါက်တာသောင်းထွန်းကိုစေခိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ နအဖ ကိုပြတ်ပြတ်သားသား ဆန်ကျင့်နေတဲ့ဒေါ်အောင်ဆန်းစုကြည် အတွက် ဒေါက်တာစိန်ဝင်းရပ်တည်ချက်များ ကြောင့် ဒေါ်စု နဲ့  ဦးတင်ဦး ကို ချကြွေးနေသလိုဖြစ်နေတယ်။ သတ်နေသလို့ ဖြစ်နေတယ်လို ဖြစ်နေပါတယ်။

၁- ဒေါ်စုနဲ့ ဦးတင်ဦးက က မြန်မာ အရေးကို လုံခြုံရေးကောင်စီအထိ တင်ဆွေးနွေးဖို့ တောင်းဆို နေချိန်မှာဒေါက်တာစိန်ဝင်း က Credential Challenge ကို ဆန်ကျင့် နေတယ်။

၂- ဒေါ်စု၊ဦးတင်ဦး၊ ဦးဝင်းတင် တို့ က ၂၀၁၀ ရွေးကောက်ပွဲဆန်ကျင်နေချိန်မှာ ဒေါက်တာစိန်ဝင်း က အန်စီဂျီအဖွဲ့  က ရွေးကောက်ပွဲကို ၀င်ဖို့ ဖိအားပေးနေမှု စတဲ့လုပ်ရပ်များဟာ သံသယရှိစရာဖြစ်နေ ပါကြောင်း။

၃-နာဂစ်မုန်တိုင်းဖြစ်စဉ်က အမေရိကန် နဲ့ ပြင်သစ်ရေတပ်က စစ်သဘောင်္တွေမြန်မာ့ပင်လယ် အနီးမှာရပ်ထားစဉ် အမေရိကန်ရှိမြန်မာ လူမျိုးများက အမေရိကန် ရေတပ်ကိုဝင်ရောက်လှုပ်ရှားဖို့ တောင်းဆိုစဉ်က လည်း ဒေါက်တာစိန်ဝင်းက ရေတပ်ဝင်စရာမလိုကြောင်း ပြောခဲ့တဲ့အတွက် အမေရိကန်ရှိ မြန်မာ လူမျိုးများက ဒေါက်တာစိန်ဝင်းကို စိတ်ကုန် သွားကြကြောင်းတင်ပြလိုက်ရပါတယ်။




10 comments :

Anonymous said...

စိန်ဝင်း NCGUB အစိုးရ အလို မရှိ။

LRDP said...

ဒီယုန်မြင်လို့ ဒီခြုံထွင် တာလူတိုင်းသိနေတာပဲကိုမိုးသီးရေ
ဒေါက်တာစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်း သိက္ခါကျစေတဲ့ အောင်ဆန်းဦး ထက် ပိုဆိုးပါတယ် ။။
ဒါပေမဲ့ ဒေါ်စု ကတော့ ဒေါက်တာစိန်ဝင်းကိုနဂိုကတည်း
က သိတ်သဘောမတွေ့ ခဲ့ပါဘူး ။။ ဒီ့အတွက် လက်ညိုး
မကောင်းရင် လက်ညိုး ပဲ လက်မမကောင်းရင် လက်မ ပဲပေါ့

LRDP said...

ဒီယုန်မြင်လို့ ဒီခြုံထွင် ခဲ့တာပဲ ဒေါက်တာစိန်ဝင်း ဟာ
ဗိုလ်ချုပ်အောင်ဆန်းသိက္ခါကိုကျစေတဲ့ အောင်ဆန်းဦးထက် ပိုဆိုးပါတယ် ။။

Unknown said...

ခက်နေတာက ခင်ဗျားတို့ တတွေပဲ ကိုမိုးသီးတို့ မမေအိခင်(လယ်ဝေး)တို့ရေ.....
မဟာဗျူ ဟာ ကိုရောက်အောင်ချီတက်နေကြတဲ့ အချိန်မှာ နည်းဗျူဟာ အမျိုးမျိုး နဲ့ ချည်းကပ်ကြရမှာပဲ
ခင်ဗျားတို့ လိုခေါင်းမာပြီး ဘာမှ မလုပ်နိုင် တဲ့ သူတွေ
ကြောင့် ကျုပ်တို့ မြန်မာနိုင်ငံ ကြီး ရေတိမ်နစ်နေတာ...
ကျုပ်တို့ ဒီမိုကရေစီ ရဖို့ ချီတက်နေကြတာ...
မရ ရင် ရတဲ့ နည်းနဲ့ ချည်းကပ်ရမှာပဲ...
ဒီမိုကရေစီ ရဖို့ လက်ရှိ အနေထား၊အခင်းအကျင်း အရ တော့ ဒီနည်းပဲမြင်တယ်။
စစ်အစိုးရ မှ အရပ်ဖက် အစိုးရ ...
ဒီကမှ တဆင့် ဒီမိုကရေစီကို ပြည့်ဝ ဖို့ ကြိုးစားကြရမယ်။
ဒါလက်တွေ့ ကျတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကောင်းသော အပြောင်းအလဲ တခုပဲ။
တရားသေ ဆုပ်ကိုင်ပြီး အလုပ်မဖြစ်တာထက်စာရင် ဒါပိုကောင်းတဲ့ ချည်းကပ်မှုပဲ။
ရာနှုန်းပြည့် စစ်သားအုပ်ချုပ် တာထက်စာရင် ၂၅ ရာနှုန်း
ပဲ ဘောင်းဘီချွတ်ထးတဲ့ စစ်သားပဲ ပါတဲ့ အစိုးရဟာပိုကောင်းတယ်။
မြန်မာနိုင်ငံ ရဲ့ အနေအထားကလဲ ဒီအခြေအနေနဲ့ ပဲ ကိုက်ညီတယ်။

Anonymous said...

၂၀၁၀ လွန်ရင် ဒီမိုကရေစီတော်လှန်ရေးကြီးကို မှီခိုပြီး သက်မွေးဝမ်းကျောင်းမှုပြုနေရတဲ့ လူတချို့  အလုပ်လက်မဲ့ဖြစ်ကာ ထမင်းငတ်မဲ့အရေးကို ကြိုမြင်နေတာမို့  မောင်စိန်ဝင်းတို့ လို နိုင်ငံရေးပွဲစားများက လက်ဦးမှုယူပြီး ဂွင်သစ်ရှာတဲ့အနေနဲ့ 
မောင်သန်းရွှေဆီက အရိုးလေးများကိုက်ရမလားဆိုတဲ့
အကြံနဲ့ သာကူးလုပ်ဖို့  လမ်းကြောင်းထွင်နေတာ။ အခုလိုစားပေါက်ရှာတာကို လူနဲ့  တူပေမဲ့ လူလိုစဉ်းစားနိုင်စွမ်းမရှိတဲ့ နှမစောင်းတွေကသာ မဟာဗျူဟာ လို့ ပြောလိမ့်မယ်။

Anonymous said...

Regarding the news that Dr Sein Win is urging the NLD to participate in the 2010 election, it is necessary to confirm whether the news is true or rumour. If it is true NCGUB should respond and explain why they are going against the NLD’s policy on the 2010 election. If NCGUB does not respond, we the grassroot activists will take it as true and we will take drastic actions against NCGUB.We demand the NCGUB regarding their stand on the 2010 election.

Anonymous said...

Regarding the news that Dr Sein Win is urging the NLD to participate in the 2010 election, it is necessary to confirm whether the news is true or rumour. If it is true NCGUB should respond and explain why they are going against the NLD’s policy on the 2010 election. If NCGUB does not respond, we the grassroot activists will take it as true and we will take drastic actions against NCGUB.We demand the NCGUB regarding their stand on the 2010 election.

Thee Lay Thee (NC) said...

Ko Moe Thee,
Please stop fighting each other. if you do love Burma, try to do unity amongst us. Unity is strength to win. Please don't make trouble Burma-inside fighters too.

regard

Than Kyaw Htay

Anonymous said...

သြော်..... သူတို့အချင်းချင်းတောင်ဒီလိုပါလား။
စားချင်တာလေးများချကျွေးလိုက်လို့ကတော့
ဘယ်လိုများနေကြမလဲမသိဘူးနော်။ဒို့ပြည်သူ
ဆိုတာက ဝေးဝေးနေမှ။

Anonymous said...

အေးဒါကြောင်းဒေါက်တာစိန်ဝင်း ဟာ ရာသက်ပန်NCGUB မှာ ဥက္ကဌလုပ်နေတာကို ဒါဟာမောင်စိန်ဝင်းရဲ့ ဓျေးကွက်စီးပွါးစနစ်ပေါ့ ဗျာ ကြားတာနဲ့သိပါတယ်