ရန်ကုန်
ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်များ နဲ့ ဂန်ဘာရီတို့ အခု( နံနက် ၁၀နာရီ) စမ်းလဲ့ကန်သာ အဲ့ဂေဟာ မှာ တွေ့ ဆုံနေကြပါတယ်။ စီအီစီ ကိုယ်စား ဦးဝင်းတင်က ဦးဆောင်ဆွေးနွေးမယ်လို့ သိရပါတယ်။ ဆွေးနွေး မဲ့ခေါင်းစဉ်များက တော့-
၁- ၂၀၀၈ အခြေခံဥပဒေ ပြန်လည် ပြင်ဆင် - ကုလသမဂ္ဂ ဘယ်လို ၀င်မလဲ
၂- အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကုလသမဂ္ဂ က ဘယ်လို ၀င်ရောက်ကူညီနိင်မလဲ
၃- နိင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး ကုလသမဂ္ဂ က ဘယ်လိုကူညီမလဲ
၎- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကုလသမဂ္ဂ က ဘယ်လို သဘောထားလဲ
၂၀၁၀ ကို ယူအန် က ဆွေးနွေးရင် ဆွေးနွေးပွဲကို ရပ်ဆိုင်းမယ်လို့ သိရပါတယ်။ ဂန်ဘာရီက တစည နဲ့ စီအာပီပီနဲ့ လည်းတွေ့ဆုံမှာဖြစ်ပါတယ်လို့ သိရပါတယ်။
နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ပြန်လွတ်လာ သူများဖြစ်သော ပါတီထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ တက်ရောက်ခွင့် မရခဲ့ဟု သိရသည်။
ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေ ပါဝင်ခြင်း မပြုရန် ပြည်ထဲရေးဝန်ကြီးဌာနက သီးခြားမေတ္တာရပ်ခံခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။
Rest of your post
Sunday, 1 February 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment