နအဖစစ်အုပ်စု ရဲ့ စီစဉ်ပေးမှုနဲ့ အေးလွင်ဟာ ဂန်ဘာရီ ကို နိုင်ငံတော်ဧည့်ဂေဟာ စိမ်းလဲ့ကန်သာမှာ တွေ့ခဲ့ပါတယ်။ အေးလွင် နှင့် ဂန်ဘာရီတို့ ဆွေးနွေးချက်များ တွေကို ဘီဘီစီ နဲ့ အင်တာနက်စာမျက်နှာတွေ ပေါ်မှာ ဖော်ပြခဲ့ကြတယ်။ ဒါပေမဲ့လည်း မစ္စတာ ဂန်ဘာရီရဲ့ ခရီးစဉ်နဲ့ ပက်သက်ပြီးတော့ ပြည်တွင်း၊ ပြည်ပ ၈၈ ကျောင်းသားတွေရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေကိုတော့ ဘယ်သတင်းမီဒီယာ တွေဆီကမှ မကြားခဲ့ရပါဘူး။
နအဖ လက်ကိုင်ဒုတ် အေးလွင် က သတင်းမီဒီယာတွေမှာ ပြောဆိုနေမှုကို လွှတ်ထားပေးပြန်ရင်လည်း၊ ၈၈ ကျောင်းသားအုပ်စုဆိုတာ ပြည်တွင်းပြည်ပ မှာ မရှိတော့သယောင်ယောင်ထင်နေအုန်းမယ်။ ခွေး အမဲသားကြွေးထားသလို ပိုပို ဆိုးလာတော့မယ်။ အဲဒီတော့ ကျနော်တို့ တက်နိုင်တဲ့နည်းလမ်းတွေနဲ့ဘဲ ပြန်ချေပ ဆွေနွေး ကြပါလို့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ၊ ဘလောဂ်ဂါ တွေကို ဘဲ တိုက်တွန်းလိုက်ပါတယ်။
အေးလွင်နှင့် ဂန်ဘာရီ တွေ့ဆုံမှုအပေါ် ကိုမြတ်စိုး (ဗကသ) ရဲ့ တုန့် ပြန်ချက်များ ဒီမှာနားထောင်ပါ။
|
-WFWW - လွတ်မြောက်ရေး အသံ မှ စီစဉ်ထုတ်လွှင့်သည်။
Rest of your post
No comments :
Post a Comment