Thursday 26 February 2009

တုတ်ကောက်နဲ့ လမ်းလျှောက်နေသူများ

-အောင်ခက်-

ထမင်းကောင်း ဟင်းကောင်စားရတဲ့ အခါ မိတ်ကောင်းဆွေကောင်းတွေကို သတိရသလို စာကောင်းပေကောင်း တွေကို ဖတ်ရတဲ့ အခါ ကျနော်တို့ စာဖတ်မိတ်ဆွေတွေကိုလည်း သတိရမိတာတော့ အမှန်ပါဘဲ။ အဲဒီအတွက် ဘဲ ကျနော်တို့ WFWW( We Fight We Win) က ကျနော်တို့ ဖတ်ရှု့ ခဲ့ တဲ့ စာကောင်းပေကောင်းတွေကို ကျနော်တို့ရဲ့ စာ ဖတ်ပရိသတ်အဆွေခင်ပွန်းတွေအတွက် မျှဝေ ပေးနေပါတယ်။ ဒီနေ့တော့ ကဗျာဆရာ မောင်သစ်ကြည် စပ်ဆိုရေးဖွဲ့သီကုံးခဲ့တဲ့ "တုတ်ကောက်နဲ့ လမ်းလျှောက်သူများ" ကဗျာလေးကို ဗုံးကျင်းထဲကစာ ဗွီဒီယိုရုပ်ပုံလေး နဲ့အတူ ခံစားကြည့်ကြရအောင်။



ABSDF 102 Three Pagoda Pass, Front Line Duty (1989 to 1991)


တုတ်ကောက်နဲ့ လမ်းလျှောက်နေသူများ


ခံစားဖို့
တချို့လူများက
မီးရထားနဲ့လာကြ။

ပေးဆပ်ဖို့
တချို့ လူများက
တုတ်ကောက်နဲ့ခြေလျင်လာကြ။

ခရီးသွား
အစီအစဉ်ဇယား
ပြဌာန်းပြီးသား
စိတ်မရှည်တဲ့ လူများက
မီးရထားပေါ် က
ခုန်ချ...။

သူတို့ဟာ
ခြေလျင်သွားကြသူများကို
အားမနာ
ဘာမှ မတက်နိုင်ဘူးလေ။

အချိန်ထဲက နေရာ
လူက ဖွေရှာ
လူထဲက နေရာကိုတော့
အနှစ်သာရနဲ့
ဖြစ်လာတဲ့ဘ၀က လုယက်
သူ့ထက် ငါလွန်ဆွဲ။

တစ်ယောက်ထဲ လာပြီး
နှလုံးရောဂါ တုန်ကောက်နဲ့
လာလမ်းကို ပြန်လျှောက်တဲ့
"ဆာခါရော့ဗ်" ရဲ့ ဘဝ
ဂေါ်ဂီ မြို့လေးက
သတိရစရာ မှတ်တိုင်အဖြစ်
အတိတ်နှင်းခဲ ပျော်ကျန်ရစ်ပြီ။

နှစ်တွေလည်း ဒီလိုနဲ့ သံချေးတက်သွား
စက္ကူများကို
ပိုးဟပ်စားသလိုပ
ငါ့ အသက်အားဖဲ့ဝါးနေကြ

(ဆာခါရော့ဗ်= ဆိုဗီယက်နိုင်ငံသား ၁၉၇၅ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်)

မောင်သစ်ကြည် ( ၁၉၉၀ နိုဝင်ဘာ ဟန်သစ် မဂ္ဂဇင်း)

Rest of your post

1 comment :

Anonymous said...

I love this poem tooooooo much!!!!more and more upload like this poem please.