Saturday 28 February 2009

ရှေးဟောင်းလူသားခြေရာ ထပ်မံတွေ့ ရှိ


အဖရိက တိုက်မှာ တခြားကမ္ဘာသို့ ပထမခြေလှမ်း

-၀င်းဇော် -

နစ်တသန်းခွဲ ခန့် က ခေတ်သစ် လူသား လို့ ပြောလိုရနိင်တဲ့ ကျောက်ခတ်လူသားခြေရာ ကို ကင်ညာနိင်ငံ မှာ ဒီနေ့  တူးဖေါ်တွေ့ ရှိခဲ့ပါတယ်။ ဒီခြေရာ အရ ခြေချောင်းတွေဟာ တိုနေတာကို တွေ့ ရတယ်။ ခြေရာအရ ရှေးဦးလူသားရဲ့ အရပ်အမောင်း၊ အလေးချိန် နဲ့ လှမ်းလျောက်ပုံတွေက ခေတ်သစ်လူသားနဲ့ ဆင်ဆင်တူတာကိုတွေ့ ရတယ်။ ၁၉၇၈ ခုနစ် တုံးက တန်ဇန်နီးယားနိင်ငံမှာတွေ့ ခဲ့ဘူးတဲ့ နစ်သန်းပေါင်း၃.၇ သန်းတုံးက ရှေးဟောင်း လူသားနဲ့ စာရင် ခုတွေ ရတဲ့ခြေရာဟာ နောက်ကျတယ်လို့ သိရတယ်။ ခြေရာမှာခြေမ က တခြားခြေချောင်းတွေထက်စာရင် ကြီးတယ်။ မြောက်ဝံ ကနေ လူအဆင့်ထိ ဘယ်လို တိုးတက်ပြောင်းလဲလာခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့  အတိကျတော့မသိရသေးဘူးဖြစ်ပါတယ်။ ပါမေက္ခဘာနေက ဘီဘီစီကိုပြောပြတာကတော့ ကျနော်တို့ ဘိုးဘွား ဖြစ်ခဲ့တဲ့ ဒီရှေးဦးလူးသားတွေရဲ့ လက်နဲ့ ခြေတွေအဆင့်ဆင့်ပြောင်းလဲ တိုးတက်လာပုံကို သိနိင်ဖို့  အချက်အလက်တွေက ကျနော်တို့ မှာ မလုံလောက်သေးပါဘူးလို့ ဆိုပါတယ်။

ဒီခြေရာကို ကင်ညာနိင်ငံ မြောက်ပိုင်း လီရဒ် ( Ileret) ဒေသမှာ ရှာဖွေတွေ့ ရှိတာဖြစ်ပါတယ်။ ခြေရာ နစ်ခုကိုတွေ့ ခဲ့ခြင်းဖြစ်ပြီး တခုက မြေအောက် ၅ မီတာခန့် မှာတူးဖေါ်တွေ့ ရှိတာဖြစ်ပါတယ်။ ဒီနေရာက က မီးတောင်ကပြာတွေဖုံးနေတဲ့ နေရာဖြစ်တယ်။ ခြေရာကိုကြည့် ပြီးကောက်ချက်ချနိင်တာကတော့ ဟိုမို အီရာတပ်စ် ( Homo Erectus) ဟာ ( ခေတ်သစ်လူသား ဖြစ်မဲ့သူ ) ဟာ ပတ်ဝန်းကျင်နဲ့ ဘယ်လို အပြန်အလှန်အမှီသဟဲပြုနေသလဲဆိုတာဖြစ်တယ်။ ဟိုမိုအီရာတပ်စ်က ဆင်ကဲဖြစ်စဉ် ( Evolution) ကိုသိနိင်ဖို့ အတွက် အကြီးမားဆုံးဖြတ်ကျော်လာနိင်တဲ့ အဆင့် တခုဖြစ်တယ်။ စားသောက်ပုံ နေထိုင်ပုံနဲ့  ဒီလူသားဟာ ကမ္ဘာအရပ်ရပ် ကိုခရီးဆန့် ဖို့ အတွက် အာဖရိကကနေ ထွက်ခွာလာခဲ့ပုံရတယ်လို့ ဆိုတယ်။ လူသားမျိုးနွယ်အားလုံးဟာ အာဖရိကကနေ စတင်လာတယ်ဆိုတာကို မနုသာဗေဒပညာရှင်တွေအားလုံးက တညီတညွတ်တည်းလက်ခံထားကြပါတယ်။


ခုချိန်မှာ ခရစ်ယန်၊ ဗုဒဘာသာ၊ မူစလင် စသဖြင့်ကိုးကွယ်ပုံ ဘယ်လိုပဲကွဲကွဲ အသားရေ ဘယ်လိုပဲခြားနားခြားနား မြန်မာ၊ကုလား၊ တရုပ်၊ အင်္ဂလိပ်၊ ဂျပန်၊ အညာသား၊အောက်သား၊ မြန်-ကရင် ဘယ်လိုပဲခေါ်ခေါ်၊ ကျနော်တို့  ဘိုးဘွား လူသား ဟာ အာဖရိကကလာတဲ့ လူမဲ ကြီးသာ ဖြစ် ပါကြောင်း တင်ဆက်လိုက်ပါတယ်ခင်ဗျား။






Summary

Rest of your post

3 comments :

Anonymous said...

ကိုဝင်းဇော် Darwin ရဲ့တင်ပြချက်တွေနဲ့ Anthropological finding တွေ ကိုလည်းနည်းနည်းလေးပြန်ကောက်ဖတ်လိုက်ပါဦး။
ပြီးတော့မှ ကျနော်တို့ အိုဘားမားကို အတင်းဆွဲပြီး အမျိုးတော်ကြာတာပေါ့ဗျာ ။

ငြိမ်းဇေဦး

Anonymous said...

How can you be sure the natives to Africa at that time were black people? By the way, your article is very informative.

cheers,

Anonymous said...

ဟုတ်ပါ့ဗျား..............
ကျွန်တော်တောင် မောင်အာဖရိက လို့နာမည်ပြောင်းချင်လာပြီ... ခုလို ရှာဖွေဖော်ပြပေးတာ ကျေးဇူးတင်လို့မဆုံးပါဘူး ကိုအာဖရိက ကြီး ခင်ဗျား....